အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1,044
လွန်ခဲ့သော ၅ နှစ် က · မြင်းမူ

စိုက်ပျိုးရေး သိချင်ပါတယ်

အပင်အာဟာရ နိုင်လွန်ပဲ

ဖြေကြားချက် ၁ ခု

အတည်ပြုပြီး 6,743 လွန်ခဲ့သော ၅ နှစ် က

(၁) ပူနွေးသည့်ရာသီဉတုကို ကြိုက်နှစ်သက်သည်။ အပူချိန်မြင့်လွန်းပါက အသီးတင်မှုကို ထိခိုက်နိုင်ပါသည်။ မြန်မာနိုင်ငံတွင် ဆောင်းသီးနှံအဖြစ် စိုက်ပျိုးကြသဖြင့် မြေတွင်းအစိုဓါတ်ပြည့်ရန် အရေးကြီးပါသည်။ (၂) အစိုဓါတ်ထိန်းသိမ်းနိုင်ပြီးလေဝင်လေထွက်ကောင်းသောမြေဖြစ်ရမည်။ မြေချဉ်လွန်း ငံလွန်းခြင်းကို မကြိုက်ပါ။ (၃) ထယ်တစ်စပ်ထိုးပြီး စိုက်ထယ်ရေးရသည်အထိ ထွန်နှစ်စပ်ခန့်မွှေပြီး ကြမ်းရိုက်မြေညှိပါ။ (၄) စိုက်ပျိုးသည့်မြေကိုလိုက်၍ သင့်တော်သော ပင်ကြားတန်းကြားရရှိစေရန် ၄"- ၆" × ၂၄"ကွာ စိုက်ပျိုးသင့်သည်။ (၅) မျိုးစေ့အတိမ်အနက် ၁"မှ ၂" ထက်မပိုသင့်ပါ။ (၆) ခြောက်သွေ့သောရာသီဒဏ်ကို ခံနိုင်ရည်ရှိသော်လည်း ရက်ရှည်ခြောက်သွေ့ပါက ရေသွင်းပေးရန် လိုအပ်သည်။ မိုးရာသီစိုက်ပျိုးပါက ရေဝပ်သောမြေ ၊ မြေစေးတို့တွင် ရေနုတ်မြောင်းပြုလုပ်ထားရမည်။ (၇) မြေဇီဩဇာထက်သန်စေရန် ကောင်းစွာဆွေးမြေ့သော သဘာဝမြေဩဇာနှင့် သစ်စိမ်းမြေဩဇာ များကို နှစ်စဉ်ထည့်သွင်းပေးသင့်သည်။ (၈) ထည့်သွင်းမည့်သဘာဝမြေဩဇာအားလုံးနှင့် ယူရီးယား ၂၈ပေါင် ၊ တီစူပါ ၅၆ပေါင်၊ ပိုတက်ရှ် ၂၈ပေါင်တို့ကို မြေပြင်ချိန်တွင်ထည့်သွင်းပေးရန်လိုအပ်ပြီး ပိုတက်ရှ် ၂၈ပေါင်ကို အပင်ကြီးထွားချိန်၌ အစိုဓါတ်ရရှိချိန်ထပ်မံထည့်သွင်းပေးသင့်သည်။ (၉) မျိုးနှင့် စိုက်ပျိုးသည့်နေရာဒေသပေါ်မူတည်၍ (၁၀၀-၁၄၀)ရက်အတွင်း ရိတ်သိမ်းနိုင်ပါသည်။

You

ဆက်စပ်မေးခွန်းများ

နိုင်လွန်ပဲကိုဘယ်လိုဒေသမျိုးမှာစိုက်လို့ရလဲကျွန်မတို့အရောစိုက်လို့ရလားရှင့်စိုက်လို့ရရင်စိုက်ပျိုးပုံစိုက်...

ဖြေကြားချက် 0 ခု

နိုင်လွန်ပဲ ဘယ်နေရာဒေသစိုက်ရင်ကောင်းမလဲ ရှမ်းပြည်မှာရော စိုက်လို့ရပါသလား ဘယ်နှစ်မျိုးရှိလဲ မျိုးကွဲရောရှိလား

ဖြေကြားချက် 0 ခု

နိုင်လွန်ပဲမျိုးမမြင်ဘူးလို့ပါလုပ်တဲ့လူများရှိရင်ပုံလေးပြပေးကြပါစိုက်ချင်လို့ပါ

ဖြေကြားချက် 1 ခု

လေးပြပေးပါလားမမြင်ဘူးလို့ပါစိုက်ချင်လို့ပါ

ဖြေကြားချက် 1 ခု

အပင်ကအရွက်တွေဝါပြီးခြောက်နေတယ်ဆရာဒီနှစ်အတွက်မမီတော့ရင်တောင်နောက်နှစ်အတွက်အသိပညာရအောင်လို့အကြံပြုပေးပါဦးခင်ဗျ

ဖြေကြားချက် 8 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။