ဖြေကြားချက် ၁ ခု
တစ်သျှူးငပြောကို ကိုယ်တိုင်ထုပ်လုပ်ယူလို့ရပါတယ်။မိမိလိုချင်တဲ့ ငပျောမျိုးဗီဇမျက်စိကို ငပျောပင်ရဲ့ အခေါင်းကနေထွက်တဲ့ အပင်ရဲ့ မျက်စိအဖုလေးကို စနစ်တကျလှီးယူပြီး။မြေကိုကောင်းစွာပြင်ဆင်ပြီး အပင်သားလောင်းဖြစ်လာအောင် စနစ်တကျပျိုးထောင်ရပါတယ်။လိုအပ်တဲ့ အပင်အရေအတွက်နှင့် လိုအပ်တဲ့ အချိန်ရာသီအမှီ စိုက်ပျိုးနိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်ပြီး။ငပျောတစ်သျှူးစလေးတွေကနေ အပင်ဖြစ်အောင် မြေဆွေး နွားချီး စသောမြေဩဇာတို့ဖြင့်၊ အရိပ်တွင် အပင်ကို စနစ်တကျ ပျိုးထောင်ခြင်းဖြင့်၊ လိုအပ်သော အပင်အရေအတွက်အမြောက်အများကို ရရှိစေခြင်းဖြင့် စိုက်ပျိုးခြင်းကြောင့် တသျှူးမျိုးပွါးစိုက်ပျိုခြင်းဟု ဆိုကြပါတယ်။တစ်သျူးမျိုးပွါးပုံနည်းအမျိုးမျိုးရှိပါတယ်။အလွယ်ဆုံးမျိုးပွါးနည်းဖြင့် အချိန်ရာသီကိုက်အောင်စိုက်ပျိုးခြင်းကို အသားပေးစိုက်သူတို့ ကျင့်သုံးကြပါတယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
သင်္ဘောပင်ကြားထဲမှာ ငှက်ပျောပင်ထည့်စိုက်လို့ ရနိုင်လား။ကြားထဲမှာခရမ်းလည်းထည့်ထားတယ်။
ဖြေကြားချက် 3 ခု
ဘယ်လိုစိုက်ရတာလဲမိတ်ဆွေတို့
ဖြေကြားချက် 2 ခု
ငှက်ပျောပင်အရွက်ဝါခြောက်ရောဂါ
ဖြေကြားချက် 1 ခု
ငှက်ပျောခုမှစိုက်တာပါရက်ဘယ်လောက်ကြာရင်ဘာမြေဆီကိုကျွေးရပါလဲ
ဖြေကြားချက် 2 ခု
ငှက်ပျော ကိုဘယ် လမှာစိုက်သင့် သလဲ ခင်ဗျား။
ဖြေကြားချက် 2 ခု