ဖြေကြားချက် ၃ ခု
သစ္စာပန်း
မေမြိုူ့
ပင်ကြားအကွာအဝေး ၈ လက်မ မှ ၁၈-၂၄ လက်မ ထား၍ စိုက်ပျိုးကြပါတယ်။ မိမိ စိုက်ပျိုးထုတ်လုပ်ရန် ရည်ရွယ်သော ပန်းပွင့်အမျိုးအစား တစ်ပွင့်တည်းကြီး၍ အရည်အသွေး ရှိသောပန်း၊ ပဒေသာ အခိုင်လိုက် အပွင့်များသော ပန်းခိုင်များ စသဖြင့် ရရှိလိုသော ပန်းအနေအထား မူတည်ပြီးအကွာအဝေးများကိုထားပါ။ စိုက်ပျိုးမည့်မြေနေရာအား ထယ်နှစ်စပ်ထိုး၍ စိုက်ဘောင်များကို ပြင်ဆင်ပါ။ ကောင်းစွာဆွေးမြေ့ သော သဘာဝမြေဆွေးများကို မြေပြင်ချိန်တွင် မိမိမြေ အမျိုးအစားပေါ် မူတည်ပြီး ထည့်ပေးရန် လိုအပ်ပါတယ်။ ကောင်းစွာဆွေးမြေ့သော နွားချေးဆွေးအား ၂၀-၂၅ tan/ha ( ၈ တန်/ဧက) ထည့်သွင်းပေးပါ။ တစ်ဧကတွင် ၂၀ ကီလိုဂရမ် (N) (၁၈ ပိဿာ) ယူရီးယားဓါတ်မြေဩဇာ ၊ ၆၄ ကီလို ဂရမ် (P2O5) (၃၈.၄ ပိဿာ)၊ တီစူပါဓါတ်မြေဩဇာ ၊ ၃၂ ကီလိုဂရမ် (K2O)(၁၉.၂ ပိဿာ) ပိုတက်ဓာတ်မြေဩဇာ တို့အား မြေခံအဖြစ်ထည့်သွင်းရန် လိုအပ်ပါတယ်။ စိုက်ပြီး ၁၅ ရက်သားတွင် နွားချေးဆွေး တစ်ပြည် ရေ ၂ ဂါလံဖြင့် ပျစ်ပျစ်ရေဖျော်ပြီး ဖျော်ရည် တစ်ဆရေ ၁၀ ဆဖြင့် လောင်းပေးခြင်း(သို့) နှမ်းဖတ် တစ်ပိသာ နွားချေး ၂ ပြည် (နွားချေးမထည့်လိုပါက ယူရီးယား နို့ဆီဘူး ၁ ဘူး) ရေ ၂ ဂါလံဖြင့် (၃-၄) ရက် အပုပ်စိမ်ထားသော အပုပ်ရည် တစ်ဆ ရေ ၁၀ ဆ ဖြင့် ဖျော်လောင်းခြင်း ပြုလုပ်ပါ။ စိုက်ပြီးသည်မှ (၅) ပတ်အတွင်း (၁၅) ရက်အကြာ မြေဩဇာအရည် စတင်လောင်းသည်မှ စတင်၍ (၁-၂) ပတ်တစ်ခါ နွားချေးဆွေးအရည် (သို့) အပုပ်ရည်ကို ဖျော်လောင်းပါ။ နွားချေးဆွေးရည် (သို့) နှမ်းဖတ်ပုပ်ရည်လောင်းရန် အခက်ခဲရှိသော စိုက်ခင်းနေရာများတွင် ယူရီးယားမြေဩဇာကို မြေကြီးထဲသို့ ထည့်သွင်းခြင်းထက် အပင်သို့ရေဖျော်ဖြန်းခြင်းကို ပင်ပိုင်း ကြီးထွားသည့်ကာလ ( စိုက်ပြီးသည်မှ (၅) ပတ် အတွင်း) နှစ်ပတ် တစ်ကြိမ် ပြုလုပ်ရပါမည်။ အဖူးဝင်လာသည့်အချိန် အပွင့်အားပေး ဟော်မုန်းကို ဖြန်းနိုင်ပါသည်။ မြေဩဇာဖျော်ရည် (နွားချေး(သို့) ကြက်ချေး ဖျော်ရည် (သို့) အပုပ်ရည်) ပြုလုပ်ပြီး လောင်းရန် အဆင်ပြေသော စိုက်ခင်းများတွင် မြေဩဇာ အရည်အား စိုက်ပြီး ၁၅ရက်သားမှ အပွင့်ပွင့်သည်အထိ (၁-၂) တစ်ကြိမ် လောင်းရပါမည်။ ဂန္ဓမာစိုက်ပျိုးနည်းအပြည့်အစုံကိုတော့ အောက်ပါLinkတွင်ဝင်ရောက်လေ့လာနိုင်ပါတယ်။ https://greenwaymyanmar.com/posts/Cultivation-of-Chrysanthemun
ဆက်စပ်မေးခွန်းများ
အကြေးပိုးကို ဓာတုဆေး မသုံးပဲ ဘယ်လို နှိမ်နင်းမလဲ
ဖြေကြားချက် 1 ခု
ဂန္ဓမာပန်းစိုက်လို့အကောင်းဆုံးလတွေကိုဖြေကြားပေးပါဦးခင်ဗျာ
ဖြေကြားချက် 2 ခု
ဂန္ဓမာဘယ်လိုစိုက်ပျိုးရမလဲ ဘယ်လမှာစတင်စိုက်ပျိုးသင့်သလဲ မြေကိုဘယ်လိုပြုပြင်ရမလဲ
ဖြေကြားချက် 1 ခု
ဂန္ဓမာပန်းကမိုးတွင်းမှာစိုက်ရင်ဘယ်လိုမှိူဆေးတွေသုံးရမလဲဗျာ
ဖြေကြားချက် 1 ခု
အရွက်များဝါသောကြောင့်ဘာမို့ဆေးသုံးရင်အဆင်ပြေနိုင်မလဲအလင်းပြပေးပါအုံဆရာတို့
ဖြေကြားချက် 1 ခု