အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
951
လွန်ခဲ့သော ၅ နှစ် က · တိုက်ကြီး

စပါးခင်းမှာပေါက်ရောက်တက်တဲ့ဒေါင်းမီးပျံ မြက်သီးစတဲ့ ပေါင်းမြက်တွေကို ရွေချယ်ဆေးတွေသုံးတဲ့နေရာမှာ အပင်ထိခိုက်...

စပါးခင်းမှာပေါက်ရောက်တက်တဲ့ဒေါင်းမီးပျံ မြက်သီးစတဲ့ ပေါင်းမြက်တွေကို ရွေချယ်ဆေးတွေသုံးတဲ့နေရာမှာ အပင်ထိခိုက်မှုနည်းအောင်ဘယ်လိုသုံးရပါသလဲဗျာ ရွေချယ်ဆေးတွေကို ပိုးသတ်ဆေးနဲ့တွဲသုံးလို့ရပါသလား

3

ဖြေကြားချက် ၃ ခု

951 လွန်ခဲ့သော ၅ နှစ် က

ကျေးဇူးပါ

အတည်ပြုပြီး 93,756 လွန်ခဲ့သော ၅ နှစ် က

မြက်သီးကျတော့ Quinchlorac + Bensulfuron Methyl အရောတွေ ရှိတယ် စပါးပင်သက်တမ်း ၁၅ရက် ၂၀ရက်သားဝန်းကျင်ဖျန်းပါ နိုင်ပါတယ် လောင်ကျွမ်းမှုမရှိဘူး

အတည်ပြုပြီး 93,756 လွန်ခဲ့သော ၅ နှစ် က

ဒေါင်းမြီးပျံသတ်လို့ရတဲ့ ဆေးထဲမှာ ဆိုင်ယာလိုဖော့ဗျူတိုင်း က အပင်ငယ်စဥ်သတ်တဲ့ ဆေးပါ ပေါင်းပင် ၂ရွက် ၃ရွက် အရွယ်လေး စပါးသက်တမ်း ၁၅ရက်သားဝန်းကျင်သုံးရင် အဆင်ပြေတယ် အပင်မနာဘူး ဒေါင်းမြီးပျံကြီးသွားရင်တော့ မနိုင်တော့ဘူး ဖီနောင်ဆာပရော့ပီအီသိုင်း ကျတော့ ပေါင်းပင် ၂၅ရက်သားကျော်လောက်မှ ဖျန်းလို့ အဆင်ပြေတယ် အပင်ငယ်စဥ်ဖျန်းရင် လောင်ကျွမ်းဖို့ ရာနှုန်းများတယ် ဆေးနှုန်းထားမမှန်ရင်သော်လည်းကောင်း ရေမရှိတဲ့ အခင်းတွေသော်လည်းကောင်း ဆေးလောင်တတ်တယ် ပေါင်းသတ်ဆေးနဲ့ ပိုးသတ်ဆေး တွဲသုံးလို့မရပါ အကောင်းဆုံးကတော့ နီးစပ်ရာ စိုက်ပျိုးရေးဝန်ထမ်းနဲ့ တိုင်ပင်ပြီးလုပ်ပါ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။