အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
398
လွန်ခဲ့သော ၅ နှစ် က · ကဝ

ပဲတစ်လပြည့်ပြီအသီးအား​ကောင်း​အောင်ဘာ​ဆေးသုံးရမလဲ

အပင်အာဟာရ ပဲတီစိမ်း ယူရီးယား ပုလဲဓာတ်မြေသြဇာ

ဖြေကြားချက် ၄ ခု

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၅ နှစ် က

ရေဆင်းသုတေသနဌာနမှာနှစ်ပေါင်းများစွာစမ်းသပ်ပြီးမှ တောင်သူတွေကိုအသုံးချစေတာပါ.အပင်ရဲ့သဘော သဘာဝကပန်းပွင့်ချိန်..အသီးဖြစ်တည်ချိန်မှာ အစာအာဟာရဓာတ်လိုအပ်ပါတယ်..အပင်ကအဲဒီအချိန်မှာအစာချက်လုပ်မှုအားနည်းသွားတယ်.. ဒါကြောင့် ပုလဲ.လက်ချားရွက်ဖျန်းအားဆေးပက်ဖျန်းသင့်တယ်။မေးထားသလိုအရွက်တွေမနာပါဘူးခင်ဗျာ..(သတ်မှတ်ထားတဲ့နှုန်းထားအတိုင်းတော့တိကျစွာဆောင်ရွက်ရပါမယ်). အထွက်နှုန်းလည်းပိုမိုတာကိုတောင်သူတွေကိုယ်တွေ့မို့ အသုံးပြုနေကြပါပြီ။အခြားသီးနှံတွေမှာလည်းအသုံးပြုနိုင်ပါတယ်။

398 လွန်ခဲ့သော ၅ နှစ် က
348 လွန်ခဲ့သော ၅ နှစ် က

ပလဲ ပါတော့ပဲရွက်တေမနာဘူးလားခမျှ

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၅ နှစ် က

တောင်သူကိုယ်တိုင်လုပ်နိုင်တဲ့နည်းပညာပါ.ကုန်ကျစရိတ်သက်သာပြီးထိရောက်တဲ့နည်းပါ.တောင်သူအတော်များများအသုံးပြုနေကြပါပြီ.ပဲမျိုးစုံသီးနှံတွေအတွက်သုတေသနလုပ်ခဲ့ပေမဲ့ကျန်သီးနှံတွေမှာလည်းပွင့်သီးအားကောင်းတာကိုလည်းတွေ့ရပါတယ်.ဆေးဖျန်းပုံးတစ်ပုံးမှာ ပုလဲ ၁၆ဇွန်း + လက်ချားအမှုန့် ၄ဇွန်း ထည့်ရောပြီးပက်တာပါ.အရွက်အပေါ်အောက်ကိုရွှဲရွှဲပက်ဖျန်းရပါမယ်.ဆေးဖျန်းချိန်ကတော့မနက်၈နာရီမှ၁၁နာရီအတွင်းဖျန်းနိုင်ရင်ပိုကောင်းတယ်လို့ပြောပါတယ်။တစ်ဧက ၅ပုံးစာအတွက် ပုလဲ ၁ပြီခန့် နဲ့ လက်ချားမှုန့် ၁၅ကျပ် သားခန့်ဘဲလိုအပ်ပါတယ်(ဇွန်းကထမင်းစားတဲ့မြင်းခေါင်းဇွန်းပါ)

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။