သဘာဝပေါင်းသတ်ဆေး လုပ်ပုံသိချင်မါတယ်
ကျေးဇူးတင်ပါတယ်
သဘာ၀ မြက်သတ်ဆေးရည်လုပ်နည်းကိုတွေ့ဖူးလို့ပြန်လည်မျှဝေပေးလိုက်ပါတယ် ဆရာBBCဦးဝင်းမြင့်၏ဆေးနည်းပြန်လည်မျှဝေခြင်းဖြစ်ပါတယ် ဆေးနည်း (1) ဆား 1 ကီလို (ဆားခဲက ဈေးတော်လို့ဆားခဲသုံးသင့်ပါတယ်။) ယူရီယား ဓါတ်မြေသြဇာ 1 ကီလို ဆလာကာရည်က 1 ဖန်ခွက် ရေ 10 လီတာ ပုဂံဆေးရည် ဟင်းခတ်ဇွန်း 2 ဇွန်း (အရွက်မှာစွဲကပ်အောင်ဖြစ်တယ်) အားလုံးကိုရောမွှေပါ။ တစ်ညသိပ်ထားပြီးနောက်နေ့သုံးရင်ပိုကောင်းတယ်။ ဆေးရည် ဖန်ခွက်တစ်ဝက်နဲ့ရေလီတာ 20 ရောပြီး ဖြန်းပေးနိုင်ပါတယ်၊ အပင်စိုတဲ့အထိဖြန်းရမယ်။ ပထမအကြိမ် ဖြန်ရင် အရွက်တွေလောက်ပဲ ထိနိုင်တယ်။ အရွက်တွေခြောက်လာတဲ့အခါ အပင်အရင်း မြေကြီးနားအထိ ထိအောင်ဖြန်းပေးရမယ်
ဆက်စပ်မေးခွန်းများ
ယနေ့တောင်ကြီးပဲစဉ်းငုံဈေးနှုန်း အရောင်းအဝယ်အခြေအနေ
ဖြေကြားချက် 1 ခု
ပဲစင်းငုံစိုက်သင့်လားမစိုက်သင့်ဘူးလားသိချင်ပါတယ်
ဖြေကြားချက် 3 ခု
နေ့စဉ်သီးနံှကုန်ဈေးနူန်းက အဟုတ်လားလို့ စဖွင့်ကတည်းက ဒီဈေး updateလည်းမတင်ပေးဘူး
ဖြေကြားချက် 3 ခု
ပဲစင်းငုံ ယနေ့ပေါက်ဈေးဘယ်လောက် ရှိသလဲခမျ
ဖြေကြားချက် 3 ခု
ပဲစင်းငုံယနေ့မုံရွာ ပေါက်ဈေး ဘယ်လောက်ရှိသလဲခမျ
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။