#မြေဆီလွှာဇီဝအရည်အသွေးများ (စပါး) မြေကြီး(မြေဆီလွှာ)ထဲတွင် ဇီဝသက်ရှိများ များစွာရှိသည်။ ၎င်းသက်ရှိများသည် သတ္တ...
#မြေဆီလွှာဇီဝအရည်အသွေးများ (စပါး) မြေကြီး(မြေဆီလွှာ)ထဲတွင် ဇီဝသက်ရှိများ များစွာရှိသည်။ ၎င်းသက်ရှိများသည် သတ္တလောကနှင့် ရုက္ခလောကမှ သက်ရှိများဟု အကြမ်းဖျင်းအားဖြင့် နှစ်မျိုးခွဲခြားနိုင်သည်။ အရွယ်အစားကြည့်လျှင်လည်း မျက်စိဖြင့်မမြင်ရသော သေးငယ်သည့်အရွယ်မှ မျက်စိဖြင့်မြင်နိုင်သော အရွယ်အထိရှိသည်။ မြေကြီးထဲတွင် ၎င်းတို့့သည် နေအိမ်သဖွယ်မှီခိုနေထိုင်ကြပြီး မြေဆီလွှာကောင်းမွန်ရန် ပြုလုပ်ပေးနေကြသည်။ အထောက်အကူပေးသော အကျိုးပြုဇီဝသက်ရှိများဖြစ်၍ ကျွန်ုပ်တို့သည် မပျက်စီးအောင် ထိန်းသိမပေးကြရမည်။ ဘက်တီးရီးယားမှိုနှင့်ရေညှိတို့သည် အပင်လောကမှ သက်ရှိများဖြစ်၍ တီကောင်၊ ပတိုရိုဇွနှင့် နီယွန်တို့သည် သတ္တလောကမှ သက်ရှိများဖြစ်ကြသည်။ အကျိုးပြုမှုရှိသကဲ့သို့ အကျိုးမပြုသည့် သက်ရှိများလည်း ဖြစ်တည်လျှက်ရှိကြသည်။ မြေကြီးအတွင်းရှိ ဘက်တီးရီးယားတို့မှာ ၎င်းတို့၏ အာဟာရနှင့် စွမ်းအင်လိုအပ်ချက်အရ အော်ဂဲနစ်ဓာတ်ပစ္စည်းများအပေါ် မှီခိုသော ဘက်တီးရီးယားများဟု အုပ်စုနှစ်မျိုးကွဲသွားသည်။ မြေတွင်း၌ အများဆုံးတွေ့ရှိရသော ဇီဝသက်ရှိမှာ ဘက်တီးရီးယားဖြစ်သည်။ ၎င်းတို့ကြိုက်နှစ်သက်သော ပတ်ဝန်းကျင်အခြေအနေကောင်းရှိလျှင် အချိန်တိုအတွင်း အဆများစွာပွားနိုင်သည်။ အခြေအနေမပေးလျှင် ရှိပြီးအရေအတွက်မှာ မြန်မြန်လျှော့နည်းသွားသည်။ ဘက်တီးရီးယားများ ပွားများမှုသည် အပူချိန်၊ ရေ နှင့် အောက်စီဂျင်လိုအပ်သည်။ #မှို မှိုသည် ကလိုရိုဖီးအစိမ်းရောင်မရှိသောကြောင့် နေရောင်ခြည်ဖြင့် အစာမချက်နိုင်။ အခြားသော အော်ဂဲနစ်ပစ္စည်းများအပေါ်တွင် မှီခိုပေါက်ပွားများပြားရသည်။ လေဝင်လေထွက်ကောင်းသောမြေတွင် မှိုများရှင်သန်ပွားများမှုကောင်းသည်။ မြေအမျိုးအစားမရွေး ရှင်သန်နေထိုင်နိုင်ကြသည်။ #ရေညှိ အစိုဓာတ်နှင့် အလင်းရောင်ရသောမြေများတွင် ပေါက်ပွားနေထိုင်နိုင်သည်။ မြေဆီလွှာမှ နိုက်ထရိုဂျင်ဓာတ်နှင့် အာဟာရဓာတ်များရရှိသည်။ လေထဲမှ ကာဗွန်ဒိုင်အောက်ဆိုဒ်ရရှိသည်။ နေရောင်ခြည်မှ စွမ်းအားအသုံးပြုပြီး ရှင်သန်ပွားများသည်။ စိမ်းပြာရေညှိသည် လေထဲမှ နိုက်ထရိုဂျင်ကို ဖမ်းယူ၍ မြေဩဇာရရှိသည်။ #တီကောင် ကယ်လ်စီယမ်ဓာတ်နှင့် အော်ဂဲနစ်ပစ္စည်းများ ပေါများသော စွတ်စိုသည့်မြေတွင် များစွာနေထိုင်ကြသည်။ တီကျစ်စာသည် တီကောင်၏အစာအိမ်မှ အချဉ်ဓာတ်တို့ဖြင့် ထိတွေ့ဓာတ်ပြုခြင်းကြောင့် အဟာရဓာတ်များ ပျော်ဝင်လွယ်ပြီး အပင်မှ စုပ်ယူစားသုံးရာတွင် လွယ်ကူမှုကို ဖြစ်စေသည်။ တီကောင်တို့၏ မြေကြီးအတွင်းနှင့် အထက်နှင့်အောက်လှုပ်ရှားသွားလာမှုသည် မြေဆီလွှာ၏ လေဝင်လေထွက် ၊ ရေဝင်ရေထွက်ကို ကောင်းစေသဖြင့် တီကောင်မွေး၍ တီကျစ်စာမြေဆွေးကို သုံးကြသည်။ အရွယ်အစားသေးငယ်သော သက်ရှိမှာ ပရိုတိုဇွများ ဖြစ်ကြသည်။ အဏုကြည့်မှန်ဘီလူးဖြင့် ကြည့်မှ မြင်ရသည်။ အော်ဂဲနစ်ပစ္စည်းအပေါ် မှီခိုပြီး အဟာရကိုရရှိသည်။ အပင်ရောဂါဖြစ်စေသော ဘက်တီးရီးယားများကို ပရိုတိုဇွများက ချေဖျက်ပေးနိုင်သည်။ နီမတုတ်မှာ အပ်ချည်မျှင်ကဲ့သို့ သေးသွယ်ပြီး သန်ကောင်၊ တီပိုးကဲ့သို့ ပုံသဏ္ဌန်ရှိသဖြင့် ပရိုဇွကဲ့သို့ သာမာန်မျက်စိဖြင့် မမြရ။ အဏုကြည့်မှန်ဘီလူးဖြင့် ကြည့်မှ မြင်ရသည်။ အမြစ်တွင်နေထိုင်သော နီမတုတ်သည် အပင်ရောဂါဖြစ်စေ၍ ဖျက်ပိုးဖြစ်နေသည်။ ပုပ်သိုးဆွေးမြေ့သော အော်ဂဲနစ်ပစ္စည်းအပေါ် မှီခိုနေထိုင်သည်။ မြေဆီလွှာသည် ဂုဏ်သတ္တိ (၃) မျိုးဖြစ်သော ရူပဂုဏ်၊ ဓာတုဂုဏ်၊ ဇီဝဂုဏ်တို့၏ သတ္တိအစွမ်းများ ဓာတ်ပြုမှုနှင့် အဏုဇီဝဗေဒဖြစ်စဉ်ပြောင်းလဲမှုများကြောင့် မိခင်ကျောက်သားမှ နှစ်သန်းပေါင်းများစွာ ကြာမြင့်စွာ ဖြတ်သန်းပြီးမှ ဖြစ်ထွန်းလာရသော မြေသားဖြစ်၍ မပျက်စီးအောင်ထိန်းသိမ်းကြရပါမည်။ ပျက်စီနေသောမြေဆီလွှာများအတွက် စိတ်ပူစရာမလိုတော့ဘူး ZW Myanmar Agriculture (ဇီဝနှင်သြဂဲနစ်စိုက်ပျိုးရေး) #ဂျာမနီနှင့်ဂျပန်နိုင်ငံထုတ် စိုက်ပျိုးရေးဘက်စုံသုံး ရွတ်ဖျန်းမြေသြဇာ၊ပိုးသတ်ဆေး၊မှိုဆေးများဖြန့်ဖြူးပေးပါသည်။ ဆက်သွယ်ရန်PH📞09-672224515 Photo / ZW Myanmar လယ်ယာမြေ