အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
234
လွန်ခဲ့သော ၅ နှစ် က · ရေတာရှည်

ယင်ဖြူတွေကျပီးအပင်တွေတစ်ခင်းလုံးလိုလိုဝါနေပါတယ်ဆရာတို့ အပင်ဝါတွေရပ်အောင်ဖြန်းလို့ရမယ့်ဆေးအုပ်စုလေးတွေလမ်းညွှန်...

ယင်ဖြူတွေကျပီးအပင်တွေတစ်ခင်းလုံးလိုလိုဝါနေပါတယ်ဆရာတို့ အပင်ဝါတွေရပ်အောင်ဖြန်းလို့ရမယ့်ဆေးအုပ်စုလေးတွေလမ်းညွှန်ပေးပါခင်ဗျာ အပင်ဝါတွေကအသီးတွေကရော အောင်နိုင်သေးပါသလားခင်ဗျာ

Post image
Post image
Post image
5

ဖြေကြားချက် ၅ ခု

117 လွန်ခဲ့သော ၅ နှစ် က

ဟုပျကဲ့ပါ

117 လွန်ခဲ့သော ၅ နှစ် က

ဒိုဇာဖြန်ပါ

234 လွန်ခဲ့သော ၅ နှစ် က

ဟုတ်ကဲ့ ဖြေကြားပေးလို့ကျေးဇူးပါဗျာ

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၅ နှစ် က

အဝါရောင်မိုစိတ် ဗိုင်းရပ်ရောဂါပါခင်ဗျာ.ဒီနှစ်မတ်ပဲနဲ့ပဲတီစိမ်းအခင်းတွေမှာအဖြစ်များနေပါတယ်.ဗိုင်းရပ်စ်ရောဂါမို့ကုစားရခက်ပါတယ်(လူမှာဖြစ်တဲ့ AIDSရောဂါ, COVIC19 ရောဂါတွေဟာဗိုင်းရပ်စ်ရောဂါတွေပါ). ဖြစ်ခါစ အဝါရောင်အစက်အပြောက်ဖြစ်ချိန်မှာဆိုအပင်ကိုဖယ်ရှားပြီးမကူးဆက်အောင်ပြုလုပ်နိုင်ပါတယ်။မျိုးစေ့ဆောင်ရောဂါမဟုတ်ပါ. သာမန်ယင်ကောင်ထက်သေးငယ်သော ယင်ဖြူတွေက ရောဂါပိုးကိုသယ်ဆောင်ကူးဆက်စေတာပါ.နောက်ရာသီမှာမျိုးပြောင်းစိုက်ပါ. ပေါင်းမြက်ရှင်းပေးပါ။ဆေးကတော့ ဒိုင်မီသိုအိတ်,သိုင်ယာမက်သိုဇင် နဲ့ တမာဆီပက်ဖျန်းနိုင်ပါတယ်။အဝါရောင်ပိုးထောင်ချောက် တစ်ဧကမှာအနည်းဆုံး (၅)ခုထောင်ပေးပါ။ရောဂါဆိုးဝါးရင်တော့ အပင်တွေဝါလာမယ်.ပုလာမယ်.အပွင့်အသီးနည်းမယ်.အသီးတောင့်တွေအရွယ် အစားသေးလာပြီးအဝါရောင်ပြောင်းသွားပါတယ်။

349 လွန်ခဲ့သော ၅ နှစ် က

အဲ့တာရောဂါတမျိုးပဲ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။