အပင်ပြန့်အောင် ဘာဆေးသုံးရမလဲခင်ဗျာ
  ပိုးမွှားရောဂါ တောင်သူများအတွက် ငရုတ် ရွက်လိပ်ဗိုင်းရပ်စ်ရောဂါ 15/11/2019 11:30 AM တွင်  လင်းလင်းထွန်း မှ ရေးသား ပြီး  Greenovator မှ ပေးပို့ထားပါသည်။ ငရုတ်သည် ဟင်းသီးဟင်းရွက်များထဲတွင် အရေးပါသော ဟင်းခက်အမွှေးအကြိုင်တစ်ခု ဖြစ်ပါတယ်။ ငရုတ်ပင်က များစွာသောဗိုင်းရပ်စ်ဖျက်ပိုးများ ဖျက်ဆီးမှုကို ခံနိုင်ရည်မရှိဘဲ အထွက်နှုန်းကို ဆိုးဆိုးရွားရွားလျော့နည်းစေတယ်ဗျ။ များစွာသော ဗိုင်းရပ်စ်ရောဂါများဖြစ်စေပြီး မှိုရောဂါ၊ အ၀ါရောင်မှိုရောဂါ၊ အရွက်များကွေးခြင်း၊ ရွက်လိပ်ခြင်း၊ အပင်များပုသွားခြင်းနှင့် အပင်ရောင်မညီကွက်ကြားဖြစ်ခြင်း စသည့်လက္ခဏာများ ဖြစ်စေသည်။ ငရုတ်ရွက်လိပ် ရောဂါဖြစ်စေသော ဗိုင်းရပ်စ် ၆၄ မျိုးရှိတယ်ဗျာ့။ ၎င်းဗိုင်းရပ်စ်ရောဂါကို ယင်ဖြူက သယ်ဆောင်လာတာပါ။ ရောဂါဖြစ်စေသောသက်ရှိ = ဂျီမီနီဗိုင်းရပ်စ် ၊ ဘီဂိုမိုဗိုင်းရပ်စ်။ ကူးစက်ပျံနှံ့ပုံ = ကိုင်းကူးကိုင်းဆက်ခြင်း။ ဖျက်ဆီးနှုန်း = တစ်နှစ်ခံပင် (သို့မဟုတ်)နှစ်ရှည်ခံပင်များ။ ရောဂါလက္ခဏာများ ၁။ အရွက်များကွေးနေခြင်း၊ ရွက်ကြောများတွင် အဖုများဖြစ်ပေါ်နေခြင်း။ ၂။ အပင်၏ ကြီးထွားမှုကိုရပ်တန့်စေခြင်း၊ အရွက်၏အရွယ်အစားကိုသိသိသာသာ လျော့နည်းစေခြင်း။ ၃။ ပန်းပွင့်အဖူးများ ကောင်းမွန်စွာကြီးထွားမှု မရှိခြင်း။ ၄။ အစာနှင့် ရေ အသုံးပြုမှုကို လျော့နည်းစေခြင်း။ ကာကွယ်နှိမ်နင်းနည်းများ • ခံနိုင်ရည်ရှိသောမျိုးများကို ရွေးချယ်စိုက်ပျိုးပေးရပါမယ်။ • ငရုတ်မျိုးမဟုတ်သော သီးနှံများအား အလှည့်ကျစိုက်ပျိုးပေးပါ။ • လေ၀င်လေထွက်ကောင်းစေရန်နှင့် အခြားသောပေါင်းမြက်များကို ရှင်းလင်းပေးပါ။ • စိုက်ခင်းအတွင်းရေမ၀င်စေရန် အထူးဂရုပြုပါ။ • ဖျက်ဆီးခံထားရသော အပင်များကိုစိုက်ခင်းအတွင်းရှင်းလင်းပေးပါ။(မီးရှို့ဖျက်ဆီးပါ) • ကာဆူမင်ဆေးကို ဆေး(၁)ဆ ရေ(၁၀၀၀)ဆနှုန်းဖြင့်ဖျော်၍ ပျိုးပင်များကို ငါးမိနစ်ခန့်စိမ်၍ စိုက်ပါ။ ပျိုးသတ်ဆေးများ အသုံးပြုခြင်းဖြင့်ကာကွယ်ခြင်းသည် ရောဂါသယ်ဆောင်သောဖျက်ပိုးကိုထိရောက်စွာကာကွယ်နှိမ်နှင်းနိုင်မည်မဟုတ်ပါ။ ပျိုးသတ်ဆေးဒဏ်ခံနိုင်ရည်ရှိပြီး နောက်ပိုင်းမှာဖျက်ပိုးများပိုွားများလာနိုင်ပါတယ်။ လိုအပ်ချိန်မှသာ ဆေးသုံးကာကွယ်ပါ။ Lin Lin Htet COPYRIGHT © 2021 - PRODUCT OF GREENOVATOR
[Zawgyi] ငရုတ်ရွက်လိပ်ရွက်တွန့် ဘာကြောင့် ဖြစ်ရတာလဲ =========================== ရွက်လိပ်ရွက်တွန့်ရောဂါ ဒါကို အရွက်တွေက ပုံမှန်မဟုတ်နေပဲ အပေါ်ဖက်ကို ကော့နေတာမျိုး၊ ရွက်ကြော တွေဝါနေတာ၊ အရွက်အရွယ်အစားသေးနေတာ ဒီလက္ခဏာတွေတွေ့ရတတ်ပါတယ်။ အရွက်တွေကလည်း ကြွပ်ဆတ်နေတတ်ပါတယ်။ အပင်ကြီးထွားချိန်တစ်လျှောက်မှာ ရောဂါကျရင် အပင်ကြီးထွားမှု တန့်သွား မယ်၊ နောက်ပိုင်း အထွက်နှုန်း လျော့တဲ့အထိ ဖြစ်နိုင်ပါတယ်။ ရောဂါကျထားတဲ့ အပင် အသီးသီးရင်လည်း ပုံမှန်လိုမဟုတ်ပဲ မလှမပဖြစ်နေတတ်ပါတယ်။ ဒီရွက်လိပ်ရွက်တွန့် ဗိုင်းရပ်စ်ရောဂါလက္ခဏာဟာ လှေးပိုး၊ မွှားပင့်ကူတွေ ကျရောက်ဖျက်ဆီးလို့ တွေ့ရတဲ့ လက္ခဏာနဲ့ ဆင်တူပါတယ်။ ဒီရောဂါကိုဖြစ်စေတာက ရွက်လိပ်ရွက်တွန့်တာကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်ကို သယ်ဆောင်တဲ့ ယင်ဖြူကြောင့် ဖြစ်ပါတယ်။ ရောဂါပျံ့နှံ့မှုက လေတိုက်နှုန်းနဲ့လည်း ဆိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လေတိုက်နှုန်း မြန်ရင်မြန်သလို ယင်ဖြူတွေလည်း ဝေးဝေးကို ပျံသန်းနိုင်တာကြောင့်ဖြစ်ပါတယ်။ ယင်ဖြူတွေကို များသော အားဖြင့် အရွက်ရဲ့အောက်ဖက်မျက်နှာပြင်မှာ စုဝေးပြီးတွေ့ရလေ့ရှိပါတယ်။ ဒီရောဂါက မျိုးစေ့ဆောင်ရော ဂါမဟုတ်ပေမယ့် ခံနိုင်ရည်ရှိတဲ့မျိုးကို သုံးဖို့ လိုအပ်ပါတယ်။ ယင်ဖြူ ဆေးရွက်ကြီး ၊ ခရမ်းချဉ်တွေမှာလည်း ခိုအောင်းပြီးနေပါတယ်။ ပြီးတော့ ပေါင်းမြက်ပင်တွေမှာလည်း ခိုအောင်းနေတတ်ပါတယ်။ ဒီရောဂါဖြစ်စေနိုင်တဲ့ အခြား အကြောင်းအရင်းတွေက မိုးစကျတဲ့အချိန်၊ ပြောင်းရွေ့စိုက်ပျိုးကတည်းကပါတာ ပြီးတော့ ပေါင်းမြက် တွေမှာ ခိုအောင်းပြီး အပင်စိုက်တော့မှ အပင်ဆီလာတာတွေပဲဖြစ်ပါတယ်။ ရောဂါဖြစ်စေတဲ့ ယင်ဖြူဦးရေလျော့နည်းစေဖို့ တမာပိုးသတ်ဆေးတွေ သုံးနိုင်ပါတယ်။ ဆေးဖျန်းတဲ့အခါမှာ လည်း ယင်ဖြူဟာ များသောအားဖြင့် အရွက်ရဲ့အောက်ဖက်မျက်နှာပြင်မှာ တွယ်ကပ်ပြီးနေတာဖြစ်လို့ အရွက် အောက်ဖက်မျက်နှာပြင်ထိရောက်အောင် ဆေးသေချာဖျန်းဖို့လိုပါတယ်။ ဇာတောင်ပိုးတွေဟာ ယင်ဖြူတွေကို စားသောက်ဖျက်ဆီးတာကြောင့် ဖျက်ပိုးဦးရေကို လျော့နည်းစေနိုင်ပါတယ်။ ယင်ဖြူကို ဓာတုဆေးတစ်မျိုးထဲ အားကိုးပြီး နှိမ်နင်းလို့မရတာကြောင့် ဘက်စုံကာကွယ်နှိမ်နင်းနည်းသုံးရမှာဖြစ်ပါတယ်။ သူတို့တွေ ခိုအောင်း နေနိုင်တဲ့ လက်ခံလွဲပင်တွေ၊ ပေါင်းမြက်တွေကို ရှင်းလင်းရမှာဖြစ်ပါတယ်။ အင်မီဒါကလိုပရစ်ကို ဆေးဗူး ဆေးထုပ်မှာ ပါတဲ့အညွှန်းအတိုင်းပက်ဖျန်းသုံးစွဲနိုင်ပါတယ်။ အပင်ပြောင်းရွှေ့မစိုက်ခင်မှာလည်း ပက်ဖျန်း ထားနိုင်ပါတယ်။ ဓာတုဆေး အလွန်အကျွံသုံးစွဲရင် သဘာဝမိတ်ဆေပိုးတွေကိုပါ ထိခိုက်စေနိုင်တာကြောင့် အထူးသတိပြုသုံးစွဲဖို့ လိုပါတယ်။ ခံနိုင်ရည်ရှိတဲ့မျိုး၊ ဗိုင်းရပ်စ်ရောဂါကင်းတဲ့ ပျိုးပင်တွေကို ရွေးချယ် အသုံးပြုပါ။ ရောဂါသယ်ဆောင်တဲ့ဖျက်ပိုးကျရောက်မှုကို ကာကွယ်နိုင်ဖို့ စိုက်ခင်းပတ်လည်မှာ ပြောင်း၊ နှံစားပြောင်းတွေကို အနည်းဆုံး နှစ်တန်းလောက် စိုက်ပျိုးထားနိုင်ပါတယ်။ ပျိုးခင်းမှာကတည်းက ယင်ဖြူကျနိုင်တာကြောင့် ဖြစ်နိုင်ရင် ပျိုးခင်းကို နိုင်လွန်ပိုက်ကွက်တွေသုံးပြီး အကာ အကွယ်လုပ်ထားတာ အကောင်းဆုံးဖြစ်ပါတယ်။ စတင်ပြောင်းရွှေ့စိုက်ပျိုးကတည်းက ရွက်လိပ်တွန့်ပုံသဏ္ဍန်ရှိ၊ မရှိ အမြဲစောင့်ကြည့်စစ်ဆေးနေဖို့လိုပါတယ်။ စိုက်ခင်းအတွင်း အပြင် ပေါင်းမြက်ကင်းနေစေဖို့ကိုလည်း အထူးအလေးထား လုပ်ပေးရမှာဖြစ်ပါတယ်။ ပုံစံမမှန်တဲ့အပင်ကို စတွေ့တွေ့ချင်း ချက်ချက်းဖယ်ရှား ရှင်းလင်းပစ်ရမှာဖြစ်ပါတယ်။ အသီးခူးပြီးသွားတဲ့အခါ အပင်တွေကို နုတ်ပစ်ပြီး မီးရှို့ပစ်တာ၊ ဒါမှမဟုတ် မြေမြှုပ်ပစ်တာတွေ လုပ်ပေးခြင်း အားဖြင့် ရောဂါသယ်ဆောင်တဲ့ ဖျက်ပိုး ကျရောက်မှုကို သက်သာစေမှာဖြစ်ပါတယ်။ Source; Plantix စိုက်ခင်းထဲမှာ ပိုးမွှားရောဂါတွေကျရောက်ဖျက်ဆီးနေလို့ စိတ်ညစ်နေပါသလား။ --------------------------------------------------------------------------------------------- ထိရောက်တဲ့ ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းရေးနည်းလမ်းများကို အပ်ပလီကေးရှင်းထဲမှာ ထည့်သွင်းထားတာကြောင့် အခုပဲ ဒေါင်းလုဒ်ဆွဲရယူလိုက်ပါခင်ဗျာ။ တိုက်ရိုက်အခမဲ့ ဒေါင်းလုဒ်ရယူရန်လင့်ခ်; 👉 https://tinyurl.com/AP200617 အဆင်မပြေပါက ထပ်မံဒေါင်းလုဒ်ရယူရန်လင့်ခ်; 👉 https://bit.ly/3d57xr0 ရွှေသီးနှံအွန်လိုင်းဝက်ဘ်ဆိုဒ်ကိုလည်း အခမဲ့ဝင်ရောက်လေ့လာနိုင်ပါပြီ။ 🌏 www.shwetheenhan.com ================================================================ [Unicode] ငရုတ်ရွက်လိပ်ရွက်တွန့် ဘာကြောင့် ဖြစ်ရတာလဲ =========================== ရွက်လိပ်ရွက်တွန့်ရောဂါ ဒါကို အရွက်တွေက ပုံမှန်မဟုတ်နေပဲ အပေါ်ဖက်ကို ကော့နေတာမျိုး၊ ရွက်ကြော တွေဝါနေတာ၊ အရွက်အရွယ်အစားသေးနေတာ ဒီလက္ခဏာတွေတွေ့ရတတ်ပါတယ်။ အရွက်တွေကလည်း ကြွပ်ဆတ်နေတတ်ပါတယ်။ အပင်ကြီးထွားချိန်တစ်လျှောက်မှာ ရောဂါကျရင် အပင်ကြီးထွားမှု တန့်သွား မယ်၊ နောက်ပိုင်း အထွက်နှုန်း လျော့တဲ့အထိ ဖြစ်နိုင်ပါတယ်။ ရောဂါကျထားတဲ့ အပင် အသီးသီးရင်လည်း ပုံမှန်လိုမဟုတ်ပဲ မလှမပဖြစ်နေတတ်ပါတယ်။ ဒီရွက်လိပ်ရွက်တွန့် ဗိုင်းရပ်စ်ရောဂါလက္ခဏာဟာ လှေးပိုး၊ မွှားပင့်ကူတွေ ကျရောက်ဖျက်ဆီးလို့ တွေ့ရတဲ့ လက္ခဏာနဲ့ ဆင်တူပါတယ်။ ဒီရောဂါကိုဖြစ်စေတာက ရွက်လိပ်ရွက်တွန့်တာကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်ကို သယ်ဆောင်တဲ့ ယင်ဖြူကြောင့် ဖြစ်ပါတယ်။ ရောဂါပျံ့နှံ့မှုက လေတိုက်နှုန်းနဲ့လည်း ဆိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လေတိုက်နှုန်း မြန်ရင်မြန်သလို ယင်ဖြူတွေလည်း ဝေးဝေးကို ပျံသန်းနိုင်တာကြောင့်ဖြစ်ပါတယ်။ ယင်ဖြူတွေကို များသော အားဖြင့် အရွက်ရဲ့အောက်ဖက်မျက်နှာပြင်မှာ စုဝေးပြီးတွေ့ရလေ့ရှိပါတယ်။ ဒီရောဂါက မျိုးစေ့ဆောင်ရော ဂါမဟုတ်ပေမယ့် ခံနိုင်ရည်ရှိတဲ့မျိုးကို သုံးဖို့ လိုအပ်ပါတယ်။ ယင်ဖြူ ဆေးရွက်ကြီး ၊ ခရမ်းချဉ်တွေမှာလည်း ခိုအောင်းပြီးနေပါတယ်။ ပြီးတော့ ပေါင်းမြက်ပင်တွေမှာလည်း ခိုအောင်းနေတတ်ပါတယ်။ ဒီရောဂါဖြစ်စေနိုင်တဲ့ အခြား အကြောင်းအရင်းတွေက မိုးစကျတဲ့အချိန်၊ ပြောင်းရွေ့စိုက်ပျိုးကတည်းကပါတာ ပြီးတော့ ပေါင်းမြက် တွေမှာ ခိုအောင်းပြီး အပင်စိုက်တော့မှ အပင်ဆီလာတာတွေပဲဖြစ်ပါတယ်။ ရောဂါဖြစ်စေတဲ့ ယင်ဖြူဦးရေလျော့နည်းစေဖို့ တမာပိုးသတ်ဆေးတွေ သုံးနိုင်ပါတယ်။ ဆေးဖျန်းတဲ့အခါမှာ လည်း ယင်ဖြူဟာ များသောအားဖြင့် အရွက်ရဲ့အောက်ဖက်မျက်နှာပြင်မှာ တွယ်ကပ်ပြီးနေတာဖြစ်လို့ အရွက် အောက်ဖက်မျက်နှာပြင်ထိရောက်အောင် ဆေးသေချာဖျန်းဖို့လိုပါတယ်။ ဇာတောင်ပိုးတွေဟာ ယင်ဖြူတွေကို စားသောက်ဖျက်ဆီးတာကြောင့် ဖျက်ပိုးဦးရေကို လျော့နည်းစေနိုင်ပါတယ်။ ယင်ဖြူကို ဓာတုဆေးတစ်မျိုးထဲ အားကိုးပြီး နှိမ်နင်းလို့မရတာကြောင့် ဘက်စုံကာကွယ်နှိမ်နင်းနည်းသုံးရမှာဖြစ်ပါတယ်။ သူတို့တွေ ခိုအောင်း နေနိုင်တဲ့ လက်ခံလွဲပင်တွေ၊ ပေါင်းမြက်တွေကို ရှင်းလင်းရမှာဖြစ်ပါတယ်။ အင်မီဒါကလိုပရစ်ကို ဆေးဗူး ဆေးထုပ်မှာ ပါတဲ့အညွှန်းအတိုင်းပက်ဖျန်းသုံးစွဲနိုင်ပါတယ်။ အပင်ပြောင်းရွှေ့မစိုက်ခင်မှာလည်း ပက်ဖျန်း ထားနိုင်ပါတယ်။ ဓာတုဆေး အလွန်အကျွံသုံးစွဲရင် သဘာဝမိတ်ဆေပိုးတွေကိုပါ ထိခိုက်စေနိုင်တာကြောင့် အထူးသတိပြုသုံးစွဲဖို့ လိုပါတယ်။ ခံနိုင်ရည်ရှိတဲ့မျိုး၊ ဗိုင်းရပ်စ်ရောဂါကင်းတဲ့ ပျိုးပင်တွေကို ရွေးချယ် အသုံးပြုပါ။ ရောဂါသယ်ဆောင်တဲ့ဖျက်ပိုးကျရောက်မှုကို ကာကွယ်နိုင်ဖို့ စိုက်ခင်းပတ်လည်မှာ ပြောင်း၊ နှံစားပြောင်းတွေကို အနည်းဆုံး နှစ်တန်းလောက် စိုက်ပျိုးထားနိုင်ပါတယ်။ ပျိုးခင်းမှာကတည်းက ယင်ဖြူကျနိုင်တာကြောင့် ဖြစ်နိုင်ရင် ပျိုးခင်းကို နိုင်လွန်ပိုက်ကွက်တွေသုံးပြီး အကာ အကွယ်လုပ်ထားတာ အကောင်းဆုံးဖြစ်ပါတယ်။ စတင်ပြောင်းရွှေ့စိုက်ပျိုးကတည်းက ရွက်လိပ်တွန့်ပုံသဏ္ဍန်ရှိ၊ မရှိ အမြဲစောင့်ကြည့်စစ်ဆေးနေဖို့လိုပါတယ်။ စိုက်ခင်းအတွင်း အပြင် ပေါင်းမြက်ကင်းနေစေဖို့ကိုလည်း အထူးအလေးထား လုပ်ပေးရမှာဖြစ်ပါတယ်။ ပုံစံမမှန်တဲ့အပင်ကို စတွေ့တွေ့ချင်း ချက်ချက်းဖယ်ရှား ရှင်းလင်းပစ်ရမှာဖြစ်ပါတယ်။ အသီးခူးပြီးသွားတဲ့အခါ အပင်တွေကို နုတ်ပစ်ပြီး မီးရှို့ပစ်တာ၊ ဒါမှမဟုတ် မြေမြှုပ်ပစ်တာတွေ လုပ်ပေးခြင်း အားဖြင့် ရောဂါသယ်ဆောင်တဲ့ ဖျက်ပိုး ကျရောက်မှုကို သက်သာစေမှာဖြစ်ပါတယ်။ Source; Plantix စိုက်ခင်းထဲမှာ ပိုးမွှားရောဂါတွေကျရောက်ဖျက်ဆီးနေလို့ စိတ်ညစ်နေပါသလား။ --------------------------------------------------------------------------------------------- ထိရောက်တဲ့ ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းရေးနည်းလမ်းများကို အပ်ပလီကေးရှင်းထဲမှာ ထည့်သွင်းထားတာကြောင့် အခုပဲ ဒေါင်းလုဒ်ဆွဲရယူလိုက်ပါခင်ဗျာ။ တိုက်ရိုက်အခမဲ့ ဒေါင်းလုဒ်ရယူရန်လင့်ခ်; 👉 https://tinyurl.com/AP200617 အဆင်မပြေပါက ထပ်မံဒေါင်းလုဒ်ရယူရန်လင့်ခ်; 👉 https://bit.ly/3d57xr0 ရွှေသီးနှံအွန်လိုင်းဝက်ဘ်ဆိုဒ်ကိုလည်း အခမဲ့ဝင်ရောက်လေ့လာနိုင်ပါပြီ။ 🌏 www.shwetheenhan.com
09677305162
အဲနှစ်မျိုးကိုသားသုံးပါ
ဆက်စပ်မေးခွန်းများ
ငရုပ်ပင်အရွက်တွေလိပ်ပြီး အပွင့်ညှာတွေကြွေနေလို့ ဘာဖြစ်တာတုန်း ဘာဆေးတွေ ဖျန်းသင့်တုန်းပြောပြပေးပါအုမ်းဆရာတို့
ဖြေကြားချက် 5 ခု
ငရုတ်အရွက်လေးတေ ကုတ်နေတာက sulphur ကြောင့်လား
ဖြေကြားချက် 2 ခု
ကုလားအော်အပင်တွေ အရွက်တွန့်ပြီး အသီးအပွင့်မလိုက်တောလို့ ပြောပြပါလား
ဖြေကြားချက် 2 ခု
ကျွန်တော်ငရုတ်ခင်းမှာ အပင်ဝါပြီးအရွက်လိပ်နေလို့ပါခင်ဗျာ ပိုးရောဂါလား၊မိုရောဂါလားခင်ဗျ၊ ဘာဆေးသုံးရမလဲလမ်းညွှန်...
ဖြေကြားချက် 1 ခု
အရွက်လေးတွေလိပ်နေလို့ ရွက်လေးတေရိုက်လိုက်တာအကောင်သေးသေးလေတေများကြီပဲ ဘာဆေးသုံးရမလည်း
ဖြေကြားချက် 3 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။