အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
235
လွန်ခဲ့သော ၅ နှစ် က · ရွှေဘို

မိမိအပင်တွေ အဟာရချို့တဲ့နေပြီလား အခြေခံအားဖြင့် မိမိအပင်အဟာရချို့တဲ့မှုတွေ့တဲ့ အခါ mobile nutrients & immobile...

မိမိအပင်တွေ အဟာရချို့တဲ့နေပြီလား အခြေခံအားဖြင့် မိမိအပင်အဟာရချို့တဲ့မှုတွေ့တဲ့ အခါ mobile nutrients & immobile nutrients ပေါ်မူတည်ပြီး  မည်သည့်အဟာရချို့တဲ့သည့် လက္ခဏာဆိုတာ သိရှိနိုင်ပါသည်။အပင်ရဲ့အဟာရတွေဟာ အဓိကအားဖြင့် အမြစ်ကနေ အညွန့်၊အရွက် တွေဆီကိုပို့ဆောင်ပေးနေတာဖြစ်နေတာဖြစ်ပါတယ်။သို့သော်လည်း မိမိစိုက်ပျိုးထားသော ​မြေမှာ အဟာရလုံလောက်မှုမရှိသောအခါ အဟာရချို့တဲ့မှုတွေကို တွေ့ရှိရပါတယ်။တစ်ချို့လက္ခာတွေက အောက်ခြေအရွက် (အရွက်ဟောင်း)တွေက စပြပြီး တစ်ချို့အရွက်တွေက အညွန့်တွေကစပြီးပြနေပါတယ်။အဲဒါနဲ့ပတ်သတ်ပြီး Mobile Nutrients နဲ့ immobile nutrients အကြောင်းအနည်းငယ်ပြောပြချင်ပါတယ်။Mobile Nutrients တွေဟာ အောက်ခြေအရွက်(ရွက်ဟောင်း)တွေကနေ အပေါ်မှာအသစ်ဖြစ်ပေါ်လျက်ရှိသော ရွက်နု(အညွန့်)တွေကိုဆီကို ပို့ပေးလျက်ရှိတယ်။အဲဒါကြောင့် mobile Nutrients ချို့တဲ့မှုတွေကို ရွက်ဟောင်းတွေမှာပဲတွေ့ရှိရမှာဖြစ်ပါတယ်။Moblile nutrients တွေကတော့ နိုက်ထရိုဂျင်၊ဖော့စဖောရပ်၊ ပိုက်တက်စီယမ်၊မက်ဂနီစီယမ်တို့ဖြစ်ပါတယ်။အဲဒီအဟာရတွေ ချို့တည့်မှုလက္ခဏာတွေကိုတော့ အောက်ခြေအရွက်ဟောင်းတွေမှာ စတင် တွေ့ရှိနိုင်မှာ ဖြစ်ပါတယ်။တစ်မျိုးချင်းဆီရဲ့ ချို့တဲ့ မှုလက္ခ များကိုလည်း နောက်ပိုင်းမှာ ဆက်လက်ဖော်ပြပေးပါမည်။immobile nutients ကတော့ အရွက်ဟောင်းတွေကနေ့ တစ်ဆင့် အပေါ်အရွက်(ရွက်နု)လေးတွေဆီမပို့ပေးသည့်အတွက် ရွက်နု လေးတွေမှာ အစာအဟာရချို့တည့်မှုလက္ခဏာတွေကို စတင်တွေ့ရှိရပါတယ်။​ အောက်ခြေအရွက် ဟောင်းတွေကစိမ်းစိုနေပြီး အညွန့်တွေမှာ အဟာရချို့တဲ့မှုစတွေ့ရမှာဖြစ်ပါတယ်။။မိမိစိုက်ပျိုးမြေမှာ immobile nutrients ချို့တဲ့ လာတဲ့အခါ အပေါ်ရွက်(ရွက်နု)ေလးတွေက လက္ခတွေ့ရမှာပါလို့ ပြောချင်ပါတယ်။immobile nutrients တွေကတော့ ကယ်လ်စီယမ်( Ca )၊ဆာလ်ဖာ(S)၊ဇင့်(Zn)၊ အိုင်းယွန်း(Fe)၊ကော့ပါး(Cu)၊မက်ဂနီစ်(Mn)၊ဘိုယွန်(B)၊မိုလက်ဒီနမ်(Mo) တို့ဖြစ်ပါတယ်။ အကောင်းမြင်သဘောဖြင့် ဖြည့်စွပ်ဆွေးနွေးထောက်ပြပေးကြပါ 👩‍🌾👨‍🌾ကျွန်တော်စိုက်ပျိုးရေးသမား ANB

အပင်အာဟာရ စပါး
Post image
Post image

ဖြေကြားချက် ၀ ခု

ဖြေဆိုထားခြင်း မရှိသေးပါ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။