အာလူးစိုက်ပြီးရေသွင်းဆေးဖြန်းနည်းသိချင်ပါတယ်
ဟဲဟိုးချိုင့်ဝှမ်းတွင်သာ စိုက်ပျိုးလေ့ရှိသည့် ရေအာလူး (ဆောင်းအာလူး) စိုက်ပျိုးရာတွင် စိုက်ပြီး (၄၅) ရက်သားတွင် (၁) ကြိမ်၊ ရက် (၆၀) သားတွင် (၁) ကြိမ် မဖြစ်မနေ ရေပေးသွင်းရမည်။ ရေမသွင်းမီ ကြားပေါင်းလိုက်ခြင်း၊ ယူရီးယား ဓာတ်မြေသြဇာ ကျွေးခြင်း၊ ပိုးသတ်ဆေး ဖျန်းခြင်းတို့ကို တစ်ပြိုင်နက် ဆောင်ရွက်ပြီး ဘောင်တင်ပေးရမည်။ ကုန်းအာလူးကို တောင်စောင်း၊ ဆင်ခြေလျှောများတွင် မိုးရေကို အားထား၍ စိုက်ပျိုးသည်။ စိုက်ပြီး (၃၀) ရက်သားတွင် ပေါင်းလိုက်ပေးရမည်။ တစ်လ (၂) ကြိမ်ခန့် ပေါင်းလိုက်ပေးနိုင်လျှင် ပိုကောင်းပါသည်။ အသေးစိတ်ကို ပေးထားတဲ့ ဆောင်းပါးထဲ ဝင်ရောက်လေ့လာနိုင်ပါတယ်။ အာလူး စိုက်ပျိုးနည်း
ဟဲဟိုးချိုင့်ဝှမ်းတွင်သာ စိုက်ပျိုးလေ့ရှိသည့် ရေအာလူး (ဆောင်းအာလူး) စိုက်ပျိုးရာတွင် စိုက်ပြီး (၄၅) ရက်သားတွင် (၁) ကြိမ်၊ ရက် (၆၀) သားတွင် (၁) ကြိမ် မဖြစ်မနေ ရေပေးသွင်းရမည်။ ရေမသွင်းမီ ကြားပေါင်းလိုက်ခြင်း၊ ယူရီးယား ဓာတ်မြေသြဇာ ကျွေးခြင်း၊ ပိုးသတ်ဆေး ဖျန်းခြင်းတို့ကို တစ်ပြိုင်နက် ဆောင်ရွက်ပြီး ဘောင်တင်ပေးရမည်။ ကုန်းအာလူးကို တောင်စောင်း၊ ဆင်ခြေလျှောများတွင် မိုးရေကို အားထား၍ စိုက်ပျိုးသည်။ စိုက်ပြီး (၃၀) ရက်သားတွင် ပေါင်းလိုက်ပေးရမည်။ တစ်လ (၂) ကြိမ်ခန့် ပေါင်းလိုက်ပေးနိုင်လျှင် ပိုကောင်းပါသည်။ ဆောင်းအာလူးကို မြစ်ဝကျွန်းပေါ် ဒေသ မြစ်ကမ်းပါး သောင်ပြင်များတွင် မြစ်ရေကျချိန် နုန်းတင်မြေနုများ၌ စိုက်ပျိုးခြင်း ဖြစ်သည်။ မြေဆီသြဇာ ထက်သန်သဖြင့် ယူရီးယားကို အနည်းငယ်သာ ကြဲပက်ပေးရန် လိုပြီး စိုက်ပြီး (၄၅) ရက်သားတွင် တစ်ကြိမ်၊ ရက် (၆၀) တွင် တစ်ကြိမ် ကြဲပက်ပေးရမည်။ ရေသွင်းခြင်း လုပ်ငန်း လုံးဝ ဆောင်ရွက်ရန် မလိုပါ။ Crd
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။