အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
175
လွန်ခဲ့သော ၅ နှစ် က · ကန့်ဘလူ

ကျွန်တော်သရက်ပင်စည်အခေါက်ပိုးကျနေလို့ပါ ဘာဆေးဖျန်းရမလဲဗျား သိရင် ဖြေပေးပါအုန်း ဆရာတို့

ပိုးမွှားရောဂါ သရက်
Post image
Post image

ဖြေကြားချက် ၃ ခု

68,534 လွန်ခဲ့သော ၅ နှစ် က

ကာကွယ်နှိမ်နင်းနည်း ၁။ အညွန့်ညှိုးနေသော ကိုင်းများ၊ ခြောက်၍သေနေသော ကိုင်းများကို သေချာစွာ စစ်ဆေး၍ ကိုင်းပေါ်ရှိ ပိုးဖောက်ရာ၏ အောက်ဘက် ၆ လက်မ နေရာမ ဖြတ်တောက်ပါ။ ဖြတ်တောက် ရရှိသော ကိုင်းများကို စုပုံ မီးရှို့ ဖျက်စီးပစ်ပါ။ ၂။ ဤပိုးသည် ပင်စည် အတွင်း ထွင်းဖောက် စားသောက်သော အလ့အထကြောင့် ပိုးသတ်ဆေးဖြန်း၍ နှိမ်နင်းရန် ခဲယဉ်းသည်။ ၃။ ပိုးပေါက်အတွင်းသို့ ရေနံဆီ လောင်းထည့်၍လည်းကောင်း၊ ဓာတ်ဆီ ဆွတ်ထားသော ဂွမ်းစကို အပေါက်ထဲထည့်၍ ရွှံ့ဖြင့်မံကာ အပေါက်ကို ပိတ်ပေးရမည်။ ၄။ ကလိုရိုဖောင်း(chloroform)၊ ပိုတက်ဆီယမ် ဆိုင်ယင်နိုက်(potassium cyanite)၊ ကာဘွန်ဒိုင်ဆာလ်ဖိုဒ် (Carbondi sulphide) တစ်မျိုးမျိုးကို ဂွမ်းတွင်ဆွတ်၍ ပိုးဝင်ပေါက်ထဲသို့ ထိုးသွင်းကာ ရွှံ့စေးဖြင့် ပိတ်ပေးရမည်။ ၅။ ပိုတက်ဆီယမ ်ဆိုင်ယင်နိုက်၊ ကာဘွန်ဒိုင် ဆာလ်ဖိုဒ်အခဲများ ဖြစ်ပါက ၁-၂ ခဲကို ပိုးပေါက်ထဲသို့ ထည့်၍ အပေါက်ကို လုံခြုံစွာ ပိတ်ပေးရမည်။ ၆။ သွားတိုက်ဆေး ကဲ့သို့ ခပ်ပျစ်ပျစ် ပုံစံဖြင့် ပြုလုပ်ထားသော ဖော့စဖင်း ဓာတ်ငွေ့(Phosphine) ထုတ်ပေးနိုင်သည့် ဆေးကို ပိုးပေါက်အတွင်း ညှစ်ထည့်၍ အပေါက်ကို အထူး လုံခြုံစွာ ပိတ်ပေးပါ။ ကိုးကား- စိုက်ပျိုးရေး ဦးစီးဌာန ပိုးအကြောင်းအသေးစိတ်ကိုတော့ အပေါ်ကပေးထားတဲ့ link ထဲမှာ လေ့လာနိုင်ပါတယ်။

82,997 လွန်ခဲ့သော ၅ နှစ် က

စာတန်းလေးနှိပ်ပြီးအလွယ်တကူလေ့လာနိုင်ပါတယ်။

82,997 လွန်ခဲ့သော ၅ နှစ် က
You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။