ပဲပင်ပေါ်ပိုးကျနေတယ်။ပြီးတော့အရွက်တွေခြောက်ပြီဝါနေတယ်။ဘာဆေးသုံးရမလည်း။ဘယ်ကြောင့်ဖြင့်သည်ကိုသိချင်ပါတယ်ခဗျာ။
ကျေးဇူး
လှေးပိုးကျနေတာပါ ဖီပရိုနေးနဲ့ သိုက်ယာမီသောက်ဇင် ကို အလှည့်ကျ ဖျန်းပေးပါရှင့် အရွက်တွေမှာ ရွက်ထွင်းပိုးအများအပြား ကျနေပါတယ် ဖယ်ရှားနိုင်သလောက်ဖယ်ရှားပေးပါ ဘေးပတ်ဝန်းကျင်က လက်ခံပင်တွေကို ဖယ်ရှားပေးပါ
တမားပိုးသတ်ဆေးအသုံးပြုနိုင်ပါတယ်။ ဒါမှမဟုတ် ဒိုင်မီသိုအိတ်၊ အဘာမက်တင်၊ ထရိုင်ဇိုဖော့စ် စတဲ့ ဆေးများကို ဆေးဗူးပါအညွှန်းအတိုင်း အသုံးပြုပေးနိုင်ပါတယ်။ အဝါရောင် စေးကပ်ထောင်ခြောက်တွေထောင်ထားပေးပါ။ နိုက်ထရိုဂျင်မြေဩဇာ အလွန်အကျွံသုံးစွဲခြင်းမှ ရှောင်ကြဉ်ပါ။ အရွက်တွေက ရွက်ထွင်းပိုးရဲ့ဖျက်ဆီးမှုကြောင့် ပုံစံပျက်နေတာပါ။ ဘေးပတ်ဝန်းကျင်က ပေါင်းပင်တွေကိုလည်းရှင်းပေးပါ။
ဆက်စပ်မေးခွန်းများ
သဘာဝပိုးသတ်ဆေးပြုလုပ်ပုံ အသီးအပင်သန်ဆေးပြုလုပ်ပုံ များသိခြင်ပါသည် ကျေးဇူးပြု၍ပြောပြဖြေကြားပေးကြပါနော်
ဖြေကြားချက် 2 ခု
Pls...ကျတော်နှစ်စဥ် 313 စိုက်ပါတယ်။ဖြစ်ပုံက အသီးခူးပတ် (၁ရက်ခြား)10 ပတ်လောက်ခူးပြီး အပင်က ကျသွားပါတယ် အတောင့်...
ဖြေကြားချက် 2 ခု
ပဲတောင့်ရှည်အပွင့်တွေကို ပုရွက်ဆိတ်ကိုက်နေလို့ပါ သဘာဝပိုးသတ်ဆေးဘာဖြန်းရမလဲ အလင်းပြပေးပါခင်ဗျာ
ဖြေကြားချက် 2 ခု
မျှားနီ 111 နဲ့ 333 ဘာကွာခြားလဲဗျ သီးအား သီးသက်တမ်း ရောဂါခံနိုင်မှု့ ဘယ်မျိုးက အားသာလဲ အစ်ကိုတို့ ကျတော်တို့...
ဖြေကြားချက် 0 ခု
ဘာဖြစ်တာလည်မသိဗျ
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။