အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
348
လွန်ခဲ့သော ၈ နှစ် က · မြင်းမူ

ကျွန်တော် သနပ်ခါးစိုက်ထားပါတယ် ၄ နှစ်သားရှိပါပြီ။ အပင်ဖြစ်ကြီးထွားမှ ုနှေးကွေးနေပါသည်။ အပင်အရက် 2'/3'/5' ပေရှိ...

ကျွန်တော် သနပ်ခါးစိုက်ထားပါတယ် ၄ နှစ်သားရှိပါပြီ။ အပင်ဖြစ်ကြီးထွားမှ ုနှေးကွေးနေပါသည်။ အပင်အရက် 2'/3'/5' ပေရှိသည် လုံးပက်1" 2"လက်မရှိသည်။ အပင်ကြီးထွားအောင်ဘယ်လုပ်ပေးရမလဲ နည်းပညာမျှဝေပေးပါဦး။

စိုက်ပျိုးနည်း သနပ်ခါး
4

ဖြေကြားချက် ၄ ခု

232 လွန်ခဲ့သော ၇ နှစ် က

မြေဆီလွှာ အာဟာရ ဓါတ်ခွဲကြည့်ဖို့ တိုက်တွန်းပါတယ်။ အပင်စိုက်စဉ်တုန်းက ပျိုးပင် အမြစ်ခွေခေါက် နေတာကို မပြုပြင်ဘဲ စိုက်ခဲ့မိရင်လည်း ကြီးထွားနှုန်း နှေးပါတယ်။ မသေ မသီး မကြီး မ ၃ လုံး လို့ ခေါ်ကြတယ်။ မြေဆီအာဟာရကောင်းလာအောင် ဆိတ်ချေး နွားချေး အဆွေး အခြောက် တစ်ပင် လက် ၂ ဆုပ်ခန့် အပင်အဝန်း အရိပ်အနားသတ်စက်ဝိုင်းတစ်လျှောက် ဖြန့်ကျွေးပေးပါ။

928 လွန်ခဲ့သော ၇ နှစ် က

မိုးဦးမှာမိုး၃ ၄ ရက်အုံ့ရင်အရွက်စားပိုးဝင်တတ်ပါတယ် ပိုးမကျမီကြိုတင်ပြီးပိုးသတ်ဆေးနဲ့အတူ အပင်အားဆေးရယ် မြေဆီလက်တဆုတ်ခန့်ရယ် ရောဖျန်းကြည့်ပါ အပင်ထွားမြန်လာပါလိမ့်မယ် က်ုယ်တွေ့ပါ

348 လွန်ခဲ့သော ၈ နှစ် က

အပင်ပိုးသတ်ဆေးဖျန်းချင်ရင် ထိရောက်မှ ုရှိတဲ့ဆေးလေးသိရှိရင် မျှဝေပေးပါဦးဗျာ။

468 လွန်ခဲ့သော ၈ နှစ် က

ဂျီဗရဲလစ် အပ်စစ်ပါတဲ ဂရိုသြ(ဂျစဂ်ရို) PGR တို့ ဒါမှမဟုတ် နိုတ်ထရိုဂျင်ပါတဲ့ပလဲမြေသြဇာကြွေးပေါ့

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။