အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
464
လွန်ခဲ့သော ၅ နှစ် က · မိုးကောင်း

အခုလိုဖြစ်တာဘာကြောင့်လဲဆိုတာသိချင်လို့ပါဗျာ ဘယ်လိုလုပ်ရမယ်ဆိုတာရယ်ဘာကြောင့်ဖြစ်ရတယ်ဆိုတာ ဆရာများဖြေပေးကြပါဦး...

အခုလိုဖြစ်တာဘာကြောင့်လဲဆိုတာသိချင်လို့ပါဗျာ ဘယ်လိုလုပ်ရမယ်ဆိုတာရယ်ဘာကြောင့်ဖြစ်ရတယ်ဆိုတာ ဆရာများဖြေပေးကြပါဦးလို့တောင်းဆိုပါရစေ

စိုက်ပျိုး ဗဟုသုတ လီလီပန်း
Post image

ဖြေကြားချက် ၁ ခု

15,048 လွန်ခဲ့သော ၅ နှစ် က

အပေါ်ဆုံးအရွက်တွေကဝါနေတာဖြစ်ပြီး အရွက်ထဲက ရွက်ကြောလေးတွကတော့ အစိမ်းရောင်ကျန်နေသေးပါတယ်။ ဒီလိုအပေါ်အရွက်ကစဝါတာက အာဟာရတွေ ထိပ်ဆုံးအရွက်ထိမရောက်နိုင်တော့လို့ပါ။ လိုနေတဲ့အာဟာရကလည်း အောက်ရွက်တွေကနေ ဖြည့်ပို့မပေးနိုင်တဲ့ အာဟာရဓာတ်မျိုးဖြစ်နေလို့ပါဗျ။ သံဓာတ်ချို့တဲ့လို့လို့ယူဆရပါတယ်။ ဒီလို အလားတူ လက္ခဏာမျိုးဖြစ်တတ်တဲ့ ပြင်ပအခြေအနေတွေလည်းရှိပါသေးတယ်။ မြေချဉ်ငံကိန်းမြင့်နေလို့ မြေက အစိုဓာတ်များလွန်းနေလို့ မြေကြပ်နေလို့ ဆားဓာတ်များနေလို့ ဖော့စဖောရပ်၊ ကော့ပါး ၊ဇင့် ၊ မန်းဂနိ ပါဝင်မှုများနေလို့ စတဲ့ အခြေအနေမျိုးတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ ချို့တဲ့နေတဲ့ သံဓာတ်ကို မြေကနေထပ်ထည့်တာမျိုးက အဖြေတော့မဟုတ်ဘူးခင်ဗျ။ အကြောင်းကတော့ သံဓာတ်တွေက မြေချဉ်ငံကိန်းကြောင့် အပင်က မစုပ်ယူနိုင်ဖြစ်နေရတာပါ။ ခဏတာ ကုသမှုအတွက်ကိုတော့ ရွက်ဖျန်းအနေနဲ့ဖျန်းပေးနိုင်ပါတယ်။ ရေရှည်အတွက်ဆိုရင်တော့ မြေရဲ့ ချဉ်ငံကိန်းကို ပြုပြင်ရပါမယ်ခင်ဗျ။ စိုက်ပျိုးရေးသုံး ဆာလဖာထည့်ပြီး မြေချဉ်ငံကိန်း နိမ့်အောင်လုပ်ပေးလိုက်ပါခင်ဗျ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။