အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
23
လွန်ခဲ့သော ၅ နှစ် က · ဟင်္သာတ

စပါးပေါင်းသတ်ဆေး၁၅ရက်သား ရွက်ပြန့်. ရွက်ချွမ်း ပေါင်းမြက် ရှင်းဖို့. ဆေးလေးပြောပါအုံး

စိုက်ပျိုးနည်း စပါး စပါးပင်နှင့်ပေါင်းမြက်

ဖြေကြားချက် ၁ ခု

19,845 လွန်ခဲ့သော ၅ နှစ် က

စပါးပေါင်းသတ်ဆေးများအား ထိရောက်စွာသုံးစွဲခြင်း 1.တက်ကွက်,ဝမ်းဘဲစာ(ဘဲစာမြက်),မြက်သီး(အနု), ဘော့ကြား( တချို့နေရာများတွင်ဘော့မြက်ဟုခေါ်သည်),ကတောက်ဆက်,ကညိုှု့, ကတောက်ဆတ်, မြက်မုံညှင်း စိမ်း\ဝါ(အနု),လယ်လေးညှင်း,ဘုတ်ထောင်ပင်,အစရှိသည့်ပေါင်းများအတွက် Bispyribac sodium25%+Bensufuron methyl 10%ပါဝင်သော `ဗစ်ဘမ်း ,Golden Lion Company`သို့မဟုတ် `ဆန်းရိုက်ဘန်ဘီ, Wah Wah Agro Company`သုံးပါ မိမိနှစ်သက်ရာသုံးပါလေ အညွန်းအားဖြင့် ( ရေ4ဂါလံအတွက်) စပါးပင် 10ရက်သားမှှ20ရက်သားအတွင်းဖျန်းပါကဗစ်ဘမ်းသို့မဟုတ်ဆန်းရိုက်ဘန်ဘီအား ဆေးတပုံးလျှင် 20gmထည့်ပါ စပါးပင်20 ရက်သားမှှ30 ရက်သားအတွင်းဖျန်းပါက ဗစ်ဘမ်းသို့မဟုတ်ဆန်းရိုက်ဘန်ဘီအား ဆေးတပုံးလျှင် 25gmထည့်ပါ စပါးပင် 30ရက်သားကျော်လွန်ပါက ဗစ်ဘမ်းသို့ု့မဟုတ်ဆန်းရိုက်ဘန်ဘီအား ဆေးတပုံးလျှင် 33gmထည့်(ဆိုလိုသည်မှာ 100gm တထုပ်လျှင်3ပုံးစာထည့်ရန်)ပြီး တစ်ဧကလျှင် ဆေးဖျန်းပုံး5ပုံးမှ 7ပုံးအတွင်းဖျန်းပါလေ. 2. နောက်တစ်နည်း မြက်သီး,ဝမ်းဘဲစာ, လက်သည်းခွမြက်,ခွေးမြီးဘုတ်မြက်,လယ်လေးညှင်း, မြက်မုံညှင်းဝါ ,ကတောက်ဆတ် အစရှိသောပေါင်းပင်များအတွက် Quinclorac 28%+Bensulfuron methyl 4% ပါဝင်သော ဆန်းရိုက်ဘန်မီလိုက် သုံးပါ စပါးပင်10ရက်သားမှ 20ရက်သားအတွင်း ရေ4ဂါလံဆေးဖျန်းပုံးတပုံးလျှင် 50gmသုံးပါ စပါးပင်20ရက်သားမှ 30ရက်သားအတွင်း ရေ4ဂါလံဆေးဖျန်းပုံးတပုံးလျှင်75gmနှုန်းသုံးပါ စပါးပင်30ရက်သား ကျော်လွန်ပါက ရေ4ဂါလံဆေးဖျန်းပုံးတပုံးလျှင်100gm နှုန်းသုံး၍ တစ်ဧကလျှင် ဆေးဖျန်းပုံး5ပုံးမှ 7ပုံးအတွင်းသုံးပါ မှတ်ချက် အလျဉ်းသင့်သလိုဖော်ပြခြင်းဖြစ်သည် ဆန်းရိုက်ဘန်မီလိုက်ကဲ့သို့သောအခြားဆေးများဖြစ်သည့် အီဗိုကွင်းပလပ် .Evo gro company ရွှေပေါင်းသတ်ဆေး.3.,Golden key Company ရဲလောင် ပေါင်းသတ်ဆေး ဇောင်းထက် Awba Company အစရှိသောဆေးတို့ကို ပါဝင်သောအချိုးအစားအနိမ့်အမြင့်လိုက်၍ အလျဉ်းသင့်သလိုအသုံးပြုနိုင်၏ တစ်ဧကလျှင် ဆေးဖျန်းပုံး5ပုံးမှ 7ပုံးအတွင်းဖျန်းပါလေ. 3.နောက်တစ်နည်း စပါးခင်းတွင်ပေါက်ရောက်လေ့ရှိသော 2.4 D ဖြင့် နိုင်နင်းခြင်းမရှိသောပေါင်းများဖြစ်သည့် မှိုနတို (အချို့ဒေသများတွင် မှော်စိမ်းဟုခေါ်သည်) ကြက်မောက် ဗောက် အစရှိသောပေါင်းပင်တို့အတွက် Metslufuron methyl 20% ပါဝင်သော "မီမို `(Myanmar Kaung Thu Kha)ပေါင်းသတ်ဆေးကိုအသုံးပြုနိုင်ပါသည် စပါးပင် 10 ရက္​သားမွ 15 ရက်သားအတွင်း ရေ4ဂါလံဆေးဖျန်းပုံးတပုံးလျှင် တပုံးလျှင် 2.5gm(တထုပ်) အသုံးပြုပါ စပါးပင် 15 ရက္​သားမွ 23 ရက်သားအတွင်း ရေ4ဂါလံဆေးဖျန်းပုံးတပုံးလျှင် တပုံးလျှင် 3.75gm (တထုပ်ခွဲ) အသုံးပြုပါ စပါးပင္​30 ရက်သားနှင့်အထက် ရေ4ဂါလံဆေးဖျန်းပုံးတပုံးလျှင် တပုံးလျှင် 5gm(2ထုပ်) အသုံးပြုပါ 4.နောက်တစ်နည်း စပါးတွင် ပေါက်ရောက်လေ့ရှိသော နှံံဖြူ (တချို့ဒေသများတွင် ဒေါင်းမြီးပျံ,သို့မဟုတ် သရဲမြက်ဟုခေါ်ကြသည်) အတွက် တေလာဂိုး AGT (ယခင် Golden lion Company) ဒေါင်းစတား Wah Wah Agro Company Rice Safe ,ရိုက်ဆေ့ ,Rainbow Company Rice Star , JJ Pan Company ဆေဗယ် Arysta Company နှစ်သက်ရာတမျိုး အသုံးပြုနိုင်ပါသည် တစ်ဧကလျှင် ဆေးဖျန်းပုံး5ပုံးမှ 7ပုံးအတွင်းဖျန်းပါလေ. တောင်သူများနှင့် စိုက်ပျိုးရေး ညီအကို မောင်နှစ်မ များအတွက် အကျိုး ဖြစ်ထွန်းစေရန်ရည်ရွယ်၍ ကျွန်ုပ်၏အတွေ့အကြုံ အရ စေတနာ ဖြင့် ဖော်ပြအပ်ပါသည်ခင်ဗျာ ဆန္ဒပြုလျှက် ကိုကျော်ကျော်အောင်

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။