ဖြေကြားချက် ၁ ခု
မြေပြင်တုန်းမှာ ဘာတွေထည့်ထားလဲ။ နွားချေးသဘာဝမြေသြဇာများများထည့်၊ ပုလဲ တစ်အိတ်နဲ့ ပိုတက် ၁ အိတ်ထည့်။ အရေးကြီးပါတယ်။ မြေပြင်တုန်းမှာမထည့်ဘဲ အားဆေးလိုက်ရင် မြို့ပေါ်ကကလေး ထမင်းမကျွေးဘဲ အားဆေးတွေပဲလိမ့်သောက်နေသလိုပဲ ဖြစ်နေတလိမ့်မယ်။ ဒူပေတာပေလည်း ခံမှာမဟုတ်ဘူး။ ပြီးတော့ အပင်အစိတ်အကြဲလည်း အရေးကြီးတယ်။ အပင်စိတ်ရင် ပိုးမနိုင်ဘူး။ ရောဂါများမယ်။ တန်းကြား ၄ ပေ ပင်ကြား ၃ ပေထားကြတယ်။ ကျွန်တော်တော့ ဒီထက်ပိုထားတယ်။ တကယ်ကြီးလာရင် အဲဒါလည်း အရမ်းပိတ်တယ်။ နောက် သီးလာရင် ဂရုစိုက်ရမှာက သီးလုံးဖောက်ပိုးတွေ။ ကောင်းတာတော့ ကော်ပြားလေးတွေရှိတယ်။ ပိုးတွေ ကပ်ကပ်ပြီး သေကုန်တယ်။ အဲဒါလေးကို တစ်ခင်းမှာ ၁၀ ခုလောက် ခွဲပြီး ထောင်ထားလိုက်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ကျွန်တော့်ခရမ်းသီးတွေပ်ုးက်ုက်သလ်ုဖြစ်နေလို့ပါ။ ခွဲကြည့်တော့လဲပိုးမတွေ့ဘူး။ ဘာလုပ်ရမလဲ ပြောပေးကြပါဦးဗျ။
ဖြေကြားချက် 2 ခု
ငါးအမိုင်နိုလုပ်ရာမာ Em နဲ့လုပ်လို့ရလ ဘလိုလုပ်ရလဲ
ဖြေကြားချက် 2 ခု
ခရမ်းသီးစိုက်နည်း
ဖြေကြားချက် 2 ခု
ခရမ်းပင်ကို ဖွဲပြာအုံလို့ရလား ဆရာ အလင်းပြပေးပါ
ဖြေကြားချက် 2 ခု
ခရမ်းပင်ကို နွားချေးအစိုထည့်လို့ရလား
ဖြေကြားချက် 2 ခု
ရေပန်းစားသော အကြောင်းအရာများ