အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
22,373
လွန်ခဲ့သော ၅ နှစ် က · မြောက်ဦး

အသီးမကွေးအောင် ဘယ်လိုလုပ်ရမလဲဗျ။ ပြောပေးကြပါဦး ဆရာတို့ရေ

စိုက်ပျိုးနည်း ဗုံလုံသီး
2

ဖြေကြားချက် ၂ ခု

အတည်ပြုပြီး 185,097 လွန်ခဲ့သော ၅ နှစ် က

အသီးကို ခဲ ဆွဲ ပါ အစာအဟာရလုံလောက်အောင်ကျွေးပါ ရောဂါ ဂရုစိုက်ပါ

270,769 လွန်ခဲ့သော ၅ နှစ် က

ရေနဲ့အာဟာရကို ဂရုစိုက်ပေးပါ။ ပုံမှန်အသီးကွေးသွားတတ်တဲ့ပြဿနာတွေကတော့ အာဟာရကြောင့်ဖြစ်များပါတယ်။ ဗုံလုံသီးအတွက်လိုအပ်တဲ့အာဟာရကို ရခိုင်ဆောင်းသီးနှံစီမံကိန်းမှ ထုတ်လုပ်တဲ့ စီးပွားဖြစ်ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်းနှင့် စီးပွားဖြစ် ကွင်းသီးနှံစိုက်ပျိုးထုတ်လုပ်ခြင်း နည်းစနစ်လမ်းညွှန်ချက်များ ဆိုတဲ့ စာအုပ်မှ ကောက်နုတ်ဖော်ပြပေးလိုက်ပါတယ်။ အပင်မစိုက်မီ ၃ ပတ်အလိုမှာ ဘိုကာရှီ၊ ငါးအမိုင်နိုအက်စ်၊ အီးအမ် ၅ တို့ကိုပြင်ဆင်ပါ။ မြေခံမြေသြဇာအနေနဲ့ ၀.၀၆ ဧကအတွက် ၁၅း၁၅း၁၅ ကွန်ပေါင်း ၆ ပိဿာ၊ ဘိုကာရှီမြေဆွေး ၃.၅ ပိဿာ/၅၀ပေဘောင် ထည့်ပေးပါ။ ကျင်းတူးပြီးစိုက်ကျင်းတစ်ကျင်းတွင် ဘိုကာရှီမြေဆွေး လက်တစ်ဆုပ်စာထည့်ပါ။ မစိုက်မီ ၂ ရက်လောက်အလိုမှာ ထရိုင်ဂိုဒါးမားဖျော်ရည် (၇ ဂရမ်/ရေ ၁၀လီတာ) ကို တစ်ပင်လျှင် နို့ဆီဗူးဝက်ခန့် လောင်းထည့်ပေးပါ။ ရွေ့စိုက်ပြီး ၆ ပတ်လောက်ကြာလျှင် ဖြည့်စွက်မြေသြဇာအနေနဲ့ ကွန်ပေါင်း ၉း၂၅း၂၅ ကို တစ်ပင်လျှင် ထမင်းစားဇွန်းတစ်ဇွန်းနှုန်းဖြင့် အပင်ခြေမှ ၁ပေခွာပြီး ၂ လက်မ ကျင်းများပြုလုပ်ပြီးကျွေးပေးပါ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။