အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
234
လွန်ခဲ့သော ၅ နှစ် က · ဒီပဲယင်း

နွားနို့နှင့်ဆန်​ဆေး​ရေသုံးပြီးEM​ဖျော်ရည်ပြုလုပ်ပုံသိချင်ပါတယ်

ဖြေကြားချက် ၄ ခု

1,044 လွန်ခဲ့သော ၅ နှစ် က
348 လွန်ခဲ့သော ၅ နှစ် က

မျှစ်ရောထည့်လို့ရလားဗျာ

174 လွန်ခဲ့သော ၅ နှစ် က

ကျေးဇူးပါ ဆရာ

22,373 လွန်ခဲ့သော ၅ နှစ် က

အီးအမ်ပြုလုပ်ဖို့ အလွယ်မှတ်သားရန် အီးအမ်မှာ အဓိကပါဝင်တာ ၁။ LAB လက်တစ်အက်စစ်ဘက်တီးရီးယား ၂။ PB အသီးအရွက်အချဉ်ဖောက်ရည် ၃။ Yeast တဆေး ၁။ LAB လက်တစ်အက်စစ်ဘက်တီးရီးယား LAB ဖော်ဖို့ ဆန်ဆေးရည် (ပထမအကြိမ်ဆေးရည်ကိုယူပါ။) ၁၀၀ စီစီလောက် ယူပြီး ရေသန့်ဘူးသေး (အချိုရည်ဘူးသေးလဲ ရပါတယ်) ၃၀၀စီစီဆန့် သို့မဟုတ် ၅၀၀ စီစီစန့်ဘူးသေးနှင့် ထည့်ပြီး လေလုံအောင် အဖုံးပြန်ပိတ်၍ အေး၍ အရိပ်ရသော ပုံမှန် အခန်းအပူချိန်မှာ ထားပါ။ ၃ရက်မှ ၅ရက်အတွင်း အပေါ်လွှာ တင်းလာပြီး မှိုမျှင် အနည်းငယ်ရှိလာရင် အဲ့အလွှာပါးဖယ်ပြီး အောက်က အရည်ကိုစစ်ယူပါ။ ဆန်ဆေးရည် ၃ ~ ၅ ရက်စိမ်ရည်ကို နွားနို့ ၁၀ဆရောပါ။ လေဟာနယ်မရှိစေရ။ ဆိုတော့ ၁လီတာဆန့် ရေသန့်ဘူးကို ဆန်ဆေးရည် ၃ ~ ၅ ရက်စိမ်ရည် ၁၀၀ စီစီကို နွားနို့ ၅၀သားနီးပါးခန့် ထည့်ရောပါက အပြည့်ရပါလိမ့်မယ်။ အဲ့ဒါကို အဖုံးပိတ်ပြီး ၂~ ၃ရက်ခန့်ထပ်ထားပါ။ လေကန်ဘား သို့မဟုတ် အပေါက်အသေးငယ်ကို ရာဘာလက်အိတ် အပျော့ စွပ်ထားရင်လဲ ရပါတယ်။ အခြေအနေကောင်းရင် ၁ရက်နဲ့ကို ရပါတယ်။ အပေါ်လွှာတဝက်ကျော်က ဒိန်ချဉ်ဖြစ်သွားပြီး အောက်မှာ အဝါရောင် အရည်က LAB ပါပဲ။ ဒိန်ချဉ်ကိုဖယ်ပြီး အဝါရောင်အရည်ကို စစ်ယူပြီး ပုလင်းအသန့်ထဲ သက်သက်ထည့်ရင် LAB ရပါပြီ။ ဒိန်ချဉ် စိတ်သန့်ရင် စားနိုင်ပါတယ်။ ကျနော်သားနဲ့ သမီးကတော့ ကျနော် အီးအမ်လုပ်တိုင်း ဒိန်ချဉ်တွေကို မြိန်ရည်ရှက်ရည် စားနေကျပါပဲ။ ၂။ PB အသီးအရွက်အချဉ်ဖောက်ရည် PB ကတော့ အသီးချဉ်ဖောက်ရည်ပါပဲ။ လုပ်နည်းကတော့ အသီးတွေအနေနဲ့ အမှည့်လွန်ပြီး ပျော့နေပြီဖြစ်တဲ့ အဝါရောင်ပါတဲ့ မချဉ်သော အသီးတွေကို သုံးနိုင်ပါတယ်။ ငှက်ပျောသီး၊ သင်္ဘောသီး၊ ရွှေဖရုံသီး၊ ရဲယိုသီး၊ စတာတွေကို အခွံပါ ထည့်နိုင်ပါတယ်။ လက်သည်းခွံအရွယ်လေးတွေ အတုံးလေး တုံးနိုင်ရင် ပိုကောင်းပါတယ်။ အရမ်းပျော်နေရင်လဲ လက်နဲ့ဖြစ်ညစ်ပေးရင် ရပါတယ်။ အသီးတမျိုးကို ၁၀ ကျပ်သားစီလောက်ထည့်ပါ။ နမူနာအနေနဲ့ကတော့ ငှက်ပျောသီး၊ သင်္ဘောသီး၊ ရွှေဖရုံသီးတို့ကို ရောမွှေထည့်ပါ။ ၁၀ကျပ်သားစီပေါ့။ အရွက်အနေနဲ့ ဘိစပ်၊ နေကြာရိုင်း၊ စတဲ့ ဒေသအလိုက် ပေါများပြီး အရည်ရွှမ်းတဲ့ ရောဂါကင်းတဲ့၊ အရွက်တွေကို ၂၀သားလောက် သုံးနိုင်ပါတယ်။ မနက်ခင်း အစောခူးပါ။ မခူးမီ ၃ရက်အတွင်း မိုးမရွာထားရပါ။ ကြက်ဥ ၃လုံုးခန့် အခွံပါထည့်ပါ။ အသီး ၃မျိုး ၃၀သားခန့်၊ အရွက် တမျိုးမှ ၂မျိုး ၂၀သားခန့်သာ အားလုံးရောပြီး လိုအပ်မှ ရေသန့် ၁လီတာသာ ထည့်ပါ။ အရည်မှည့်ပျော်နေသော အသီးတွေရပါက ရေထပ်ထည့်ရန် မလိုပါ။ အသီးအရွက်အလေးချိန်စုစုပေါင်းရဲ့ တဝက်ခန့်ကို အချိုရည်ထည့်ရပါမယ်။ ထန်းလျက်ရည်၊ သကာရည် ၃၀ကျပ်သားခန့်ထည့်နိုင်ပါတယ်။ တီကောင်တွေက စွန့်ပစ်လိုက်တဲ့ အညစ်ကြေးဖြစ်တဲ့ တီဆွေးရည်ကို၁၀ -၂၀ ကျပ်သားခန့် ထည့်နိုင်ရင်ပိုကောင်းပါမယ်။ စဉ့်အိုးအတွင်း တဝက်ခန့် သာ အဆိုပါ ပစ္စည်းတွေ ထည့်ပြီး လေလုံအောင် ပလက်စတစ်ဖြင့် စည်းအုပ်ထားပါ။ ၃ရက် ၄ရက်တကြိမ်နှံ့အောင် မွှေးပေးပါ။ အိုးသေးရင် အပြင်ကလှုပ်ပေးလဲ ရပါတယ်။ ဖြစ်နိုင်ရင်တော့ အလင်းဖောက် ဖန်ပုလင်းအကြီးနဲ့ လုပ်နိုင်ရင် ပိုကောင်းတဲ့ ရလဒ်ကို ရပါလိမ့်မယ်။ ၃ပတ်မှ ၄ပတ်ဆိုရင် PB ရပါပြီ။ အရည်ကို စစ်ယူပါ။ တဆေးက ပရဆေးဆိုင်တွေရပါတယ်။ လက်ဖက်ရည်ဇွန်းတဇွန်းဆိုရပါပြီ။ LAB တလီတာ၊ PB တလီတာဆို တဆေး တဇွန်းနဲ့ ထန်းလျက်ရည်တလီတာထည့်ပြီး အေး၍ အရိပ်ရသော နေရာမှာ ထားပါ။ အီးအမ် မူလပျော်ရည်ကို လွယ်ကူစွာလုပ်ပြီး ရယူနိုင်ပါပြီ။ EM 1 လို့ ကျနော်က ဒေါက်တာဟီးဂါးရဲ့ မူအတိုင်း နာမယ်ပေးလိုက်ပါတယ်။ မူလအီးအမ်ပျော်ရည်ကို အရင်က ဂျပန်ကနေသာ မှာယူနေပြီး ဒီရောက်မှ ဓာတ်ခွဲခန်းတွေမှာ အီးအမ် 1 ကို ပြန်လည်ဖော်စပ်တာပါ။ ကျနော်အနေနဲ့ လွန်ခဲ့တဲ့ ၄နှစ်ကျော်ကတည်းက အင်တာနက်ဝက်ဆိုဒ်များမှ ကိုယ်တိုင်ကြိုးစားရှာဖွေသောလည်း ဒီလိုလုပ်ရင် အီးအမ်ရပါတယ်ဆိုတာမျိုး မတွေ့ခဲ့ပါ။ စာတွေလဲ မဖတ်ခဲ့ရပါ။ စောငုဝါအနေနဲ့ ရေးသားတာ ရှိပေမယ့် အီးအမ်မူလပျော်ရည်ကို ဆင့်ပွားနည်းသာ ဖော်ပြတာမျိုး ရှိပါတယ်။ ဒေါက်တာဟီးဂါးရဲ့ တွေ့ရှိချက်တွေကို online website တွေမှာလဲ အရိပ်အမြွက်သာ ဖော်ပြထားပြီး ဆက်၍လေ့လာပြီး ကိုယ်တိုင်စမ်းသပ်တွေ့ရှိချက်များကို အခြေခံကာ ယခုလက်ရှိ ဖော်ပြနည်းကို တောင်သူအများ လွယ်ကူ သိရှိစေဖို့ အွန်လိုင်းပေါ် ဝေငှခဲ့တာ ကြာပါပြီ။ အခုအလွယ်နည်းကို ရေးသားခဲ့ပါတယ်။ အားလုံး အဆင်ပြေကြပါစေ။ EM 1 ကို ပြုလုပ်ရန် LAB တဆ၊ PB တဆ၊ တဆေး တရာပုံတပုံသာ၊ ထန်းလျက်ရည် ၂ဆ၊ ရေ အဆ (LAB+PB ၂မျိုးပေါင်းရဲ့ ၂၀ ဆ) ဥပမာအားဖြင့် LAB တလီတာ၊ PB တလီတာ၊ တဆေး တဇွန်း၊ ထန်းလျက်ရည် ၂လီတာ၊ ရေ ၄၀ လီတာ။ အချိုးအတိုင်း ရောစပ်ပြီး အားလုံးဆန့်မယ့်အိုး သို့မဟုတ် ရေဘူး (လေဟာနယ် တတ်နိုင်သမျှ နဲရမည်) အတွင်း ထည့်ပြီးအဖုံးပိတ် လေကန်ဘား သုံးပါ။ သို့မဟုတ် အပေါက် ခဲတံလုံးထက် နဲနဲကျယ်ကျယ်ဖောက်ပြီး ရာဘာပူဖောင်း / လက်အိတ် စွပ်ပြီး အပ်ပေါက်ခန့် ဖောက်ပေးပါ။ ဆိုလိုတာ အပြင်ကလေ အထဲ မဝင်စေဘဲ အထဲက ထွက်တဲ့ gas အပြင်ကို ထွက်စေဖို့ပါ။ ၄ရက်မှ ၁ပတ်အတွင်းမှာ အီးအမ် 1 ကို ရပါပြီ။ အေး၍ အရိပ်ရတဲ့ နေရာမှာ ထားပါ။ ၃လမှ ၆လအထိခံပါလိမ့်မယ်။ မှတ်ချက် gas ကို ထုတ်ထုတ်ပေးဖို့တော့ လိုပါလိမ့်မယ်။ အဆိုပါ ရာဘာပူဖောင်း / လက်အိတ် စွပ်ပြီး အပ်ပေါက်ခန့် ဖောက်ပြီး ထားရင်လဲ အဆင်ပြေပါတယ်။ အသင့်သုံး အီးအမ် ပြုလုပ်ရန် အီးအမ် 1 ကို ရေအဆ ၁၀၀ မှ ၃၀၀ အထိ ရောပြီး မျိုးစေ့စိမ်ရန်၊ ပျိုးပင်ငယ်ဖြန်းရန်၊ ရာသီသီးနှံ၊ နှစ်ရှည်ပင်ဖြန်းရန်၊ တခြားအားဆေးများနှင့် ဖြန်းရန် ဉာဏ်ရှိသလို သုံးနိုင်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။ Crd.......

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။