အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
290
လွန်ခဲ့သော ၈ နှစ် က · လေးမျက်နှာ

မန်ဂျန်ရှား စိုက်နည်းနှင့် အကြောင်းအရာ များသိပါရစေခင်ဗျ ၊

စိုက်ပျိုးနည်း
3

ဖြေကြားချက် ၃ ခု

116 လွန်ခဲ့သော ၂ နှစ် က

ပြည့်စုံစွာရှင်းပြထားသည်ကိုကျေးဇူးအထူးတင်ပါသည်

116 လွန်ခဲ့သော ၈ နှစ် က

နှစ်သက်ပါသည်

အတည်ပြုပြီး 323,967 လွန်ခဲ့သော ၈ နှစ် က

စိုက်ပျိုးနည်း Acacia မန်ဂျန်ရှား သည် အမြင့် ( ၉၈ ပေ) ရှိပြီး ဖြောင့်မတ်သောပင်စည်ရှိသည်။ မျိုးစေ့ အနေဖြင့် တစ်ကီလိုတွင် ၁၄၂၀၀၀ ရှိသည်။ မျိုးစေ့အပင်ပေါက်ရန်အတွက် ရင့်မှည့်သောမျိုး စေ့ အစေ့ငုတ်ချိန်အား အညှောင့်မဖောက်ခင် ပြင်ဆင်သည့်အနေဖြင့် မျိုးစေ့မျက်နှာပြင်အား ခြစ် ခြင်း သို့ ရေဖြင့်ပြုတ်ခြင်း ပြုလုပ်ပါက မျိုးစေ့အညှောင့်ပေါက်ခြင်း မြန်ဆန်ပြီး ၇၅ % ထိ အပင်ပေါက်နိုင်စွမ်း ရှိမည်ဖြစ်ပါသည်။ အခြား ပဲမျိုးနွယ်ဝင် အပင်များကဲ့သို့ လေထုထဲမှ နိုက် ထရိုဂျင်ကို မြေကြီးထဲသို့ ဖမ်းယူရရှိစေသည်။ သစ်တောစိုက်ခင်း ပြုလုပ်ရန်အတွက် အရေးပါ သော မျိုးစိတ်တစ်ခုဖြစ်ပြီး ယခုအခါ သစ်တောသစ်ပင် ရောနှောစိုက်ပျိုးခြင်း ပရော့ဂျက် များအ တွက် ပို၍ပို၍ သုံးစွဲလာ ကြသည်။ Acacia မန်ဂျန်ရှား နှင့် ရောပြီးစိုက်ပျိုးခြင်းဖြင့် Acacia မန်ဂျန်ရှား အပင်မှ ရရှိ မည့် အကျိုးအမြတ်အပြင် မြေကြီးအတွင်းနိုင်ထရိုဂျင်ကိုလည်း ရရှိစေမည်။ Acacia မန်ဂျန်ရှား အပင်သည် ရေစီးဆင်းမှုညံ့ဖျင်း၍ မြေဆီအဟာရ ချို့တဲ့သော မြေတွင် ရှင်သန်နိုင်သော်လည်း ရေစီးဆင်းမှုကောင်းမွန်ပြီး မြေဆီထက်သန်သောမြေတွင် ပိုမို ဖြစ်ထွန်းသည်။ အထွက်နှုန်းသည် မြေအနက်နှင့် မြေအနေအထားပေါ် မူတည်သည်။ စိုက်ပျိုး သည့်အခါ နေရာဒေသ၊ အီကွေတာ နှင့် အကွာအဝေးပေါ်မူတည်၍ အပင်များသိသိသာသာ ကွာဟပြောင်းလဲမှုရှိသည်။ အီကွေတာ နှင့်နီးသော ဒေသတွင် အပင်အမြင့် ပုံမှန်ထက် ၉ - ၁၀ ပေ ပိုမြင့်ပြီး အီကွေတာနှင့်ဝေးသော နေရာဒေသများတွင် ကြီးထွားမှုနည်းသည်။ အပင်ပြုစုထိန်းသိမ်းနည်း စိုက်ပျိုးပြီးသည်မှ ၄ - ၅ နှစ်သား တွင်အမြင့်ပေ ၁၆ ပေ နှင့် လုံးပတ် ၂ ပေ သို့ ရှိမည် ဖြစ်သည်။ Sabash နှင့် ဆူမားတြား တွင် တစ်နှစ်သား၌ ၉ - ၁၀ ပေအမြင့်ရှိပြီး ဖိလစ်ပိုင်တွင် နှစ်နှစ်သား ၌ အနိမ့်ဆုံးအမြင့် ၂၇ ပေ နှင့် အချင်း ၄ ပေ ရှိသည်။ ၇ - ၈ နှစ်သားတွင် အပင်အမြင့် ပိုင်းကြီး ထွားမှုများ ရပ်သွားသည်။ ပုံမှန်အခြေအနေတွင် အနှစ် ၂၀ ကျော်သည် အထိ အမြင့်ဆုံး ပေ ၁၀၀ ကျော် နှင့် အများဆုံးအချင်း ၁ပေခွဲ ကိုသာရရှိသည်။ Acacia မျိုးစိတ် သည် အကောင်းဆုံးကြီးထွားရန်အတွက် အလင်းရောင်အပြည့်အဝရရှိရန် လိုအပ်သည်။ အရိပ်ကျပါက ကြီးထွားမှုရပ်ဆိုင်းသွားပြီး သေးသွယ်သွားမည်။ လေကာပင် အဖြစ်စိုက်ပျိုးပါက ရှင်သန်သည့် အပင်များ၏အမြင့်သည် ၆၀ % ရှိမည်ဖြစ်ပြီး အပင်ကြိုက် နှစ်သက်သော အခြေအနေတွင် စိုက်ပျိုးပါက ၉၀ % အထက် ရှိမည်ဖြစ်သည်။ ပင်ကြားတန်း ကြား၊ ပေါင်းကင်းစင်မှု၊ မြေဆီထက်သန်မှုပေါ် မူတည်၍ ၉ လမှ ၃နှစ်သား အရွယ်တွင် အပင်၏ အရွက်ဧရိယာ များဖုံးအုပ်လာသည်ကို တွေ့ရမည်။ Sabah တွင် ၁၀ ပေ ပတ်လည် အကွာအ ဝေးဖြင့် စိုက်ပျိုးထားပြီး တစ်နှစ်သားတွင် အပင်၏ရွက်ဖုံးဧရိယာများ နီးကပ်လာသည်။ စစိုက် သည့်နှစ်တွင် အပင်များအား ကျွဲ၊ နွားအန္တရယ် ၊ ပေါင်းပင်များ၊ နွယ်တက်အပင်များကို ရှင်း လင်းပေးရမည်။ Acacia မန်ဂျန်ရှား သည် ပေါင်းသတ်ဆေးများကို လွန်စွာတတုံ့ပြန်သော အပင်ဖြစ် သည်။ စိုက်ပြီး ၄ - ၆ လ သားတွင် ပင်ခြေမှ ထွက်လာမည့်ကိုင်းများအား ရှင်းလင်းပေးရမည်။ ဒုတိယ အကြိမ် ကိုင်းဖြတ်ရှင်းလင်းခြင်းကို အပင်အမြင့် ပေ ၂၀ ရှိချိန် လုံးပတ်အချင်း ၂ စင်တီမီတာ အထက်ရှိသော အဓိကအားဖြင့် ပင်စည်ပုပ်ဖြစ်နေသောကိုင်းများကို ဖယ်ရှားရမည်။ အပင်များ သည် ကြီးထွားရန် နေရာကျယ်ပြန့်ပါက ပို၍ကြီးထွားသည်။ စက္ကူပျော့ဖတ် ထုတ်ရန်အတွက် တစ်ဧကလျှင် အပင် ၅၀၀ ကျော် စိုက်ပျိုးခြင်းဖြင့် ၁၈ လ မှ စတင်ခုတ်လှဲနိုင်ပြီး ၆ - ၈ နှစ် တွင် တစ်ဧကလျှင် ၂၆၃ ပင်စည် နောက်ဆုံးရရှိမည်ဖြစ်သည်။ ပထမစိုက်ပျိုးထားသော အပင်များကို အပင်ကောင်း စွာကြီးထွားရန်အတွက် ဧက ၂၀၀၀ ကျော် ရှိအပင်များကို ဧက ၃၇၀ ကျော် ကျန်သည်အထိ ၂ - ၃ ကြိမ် ခန့် ခုတ်ရှင်းပေးရမည်။ ပထမအကြိမ်ကို အပင် ၂ နှစ်သားမပြည့်မှီ အမြင့် ပေ ၃၀ ရှိချိန် မှစတင်ပြုလုပ်ရမည်။ သစ်သားရယူရန်အတွက် နှစ် ၂၀ ခန့် စောင့်သော အခါ အပင်ခုတ်ရှင်း၍ အပင်ကြီးထွားမှုအတွက် နေရာကျယ်အောင် ပြုလုပ်ပေးရန် လိုအပ်သော် လည်း ပျော့ဖတ် အတွက် ၆ - ၇ နှစ်သက်တမ်း စိုက်ပျိုးရာတွင် ၂ - ၃ ကြိမ် ခန့် ပြုလုပ်ပေးရန် မလိုအပ်ပါ။ မျိုးစေ့ထိန်းသိမ်းခြင်း ပျိုးပင်ရရှိရန်အတွက် သီးတောင့်များမှ ရိတ်သိမ်းပြီးစသီးတောင့်များ ဖြစ်ရန်လိုအပ်သည်။ အပူချိန် ၄၅ ဒီဂရီစင်တီဂရိတ် နှင့် တိုက်ရိုက်နေရောင်ရရှိပါက အပင်ပေါက်နှုန်း ကျဆင်းမည် ဖြစ်သည်။ မျိုးစေ့အား ၄ - ၅ ဒီဂရီစင်တီဂရိတ် တွင် ၁ - ၂ နှစ်ထိ သိမ်းဆည်းထားပါက အပင် ပေါက်နှုန်း ၆ % ထိသာ လျော့နည်း နိုင်သည်။ ပိုးမွှားရောဂါကျရောက်မှု အဖြူရောင်မှို ကြောင့် ပင်စည်ပုပ်ရောဂါ ကို နှစ်ကြာမြင့်သောအပင်ကြီး များတွင် တွေ့ရသည်။ မလေးရှား တွင် (17%) pink disease ၊ အင်ဒိုနီးရှား တွင် အရွက်စား လောက်ကောင်, , ဓားခုတ်ကောင် များကိုတွေ့ရပြီး ဆူမားတြား တွင် စုပ်စား ဂျပိုး Helopeltis spp များ ကျရောက် သည်ကို တွေ့ရသည်။ စီးပွားရေးထိခိုက်သည့်အဆင့်အထိ ဖျက်ဆီးသောဖျက်ပိုးမှာ ခြ ၊ ကျိုင်း နှင့် ပင်စည်ဖောက်ပိုး ၂ မျိုးဖြစ်သော Stemocera aequisignata နှင့် Zeuzera coffea တို့ ဖြစ်ပါသည်။ သုံးစွဲခြင်း အစားအစာအဖြစ် - ပျိုးပင်ပေါက်များကို ဟင်းသီးဟင်းရွက်အဖြစ် ချက်ပြုတ်စားသောက်နိုင် သည်။ ဆိုးဆေး - (18-39 %) ဆိုးဆေး ပါဝင်၍ စီးပွားဖြစ် ဆိုးဆေးထုတ်လုပ်ရန်အတွက် အသုံးပြု နိုင်သည်။ အခြားထုတ်ကုန် - Acacia မန်ဂျန်ရှား လွှစာသည် ရှီတာကီမှိုထုတ်လုပ်ရန်အတွက် အကောင်း ဆုံး ကုန်ကြမ်းဖြစ်သည်။ အရိပ်နှင့် လေကာ - ထူထဲသောအရွက်များ အုပ်ဆိုင်းကြီးထွားမှု တစ်နှစ်ပတ်လုံးရှိသောကြောင့် အရိပ်ပင်အဖြစ် စိုက်ပျိုးကြသည်။ လေကာပင်နှင့် မီးတားအပင်များအဖြစ်လည်း စိုက်ပျိုးကြ သည်။ သီးညှပ်စိုက်ပျိုးခြင်း- ပြောင်း၊ မြေပဲပင်များနှင့်လည်း သီးညှပ်စိုက်ပျိုးကြသည်။ သစ် - Acacia မန်ဂျန်ရှား သစ်ပင်မှ သစ်အကာသား နှင့် သစ်အတွင်းသား တို့ထုတ်လုပ်သည်။ သစ်အတွင်းသား၏ အရောင်သည် အညိုရောင်သန်းသော အဝါရောင်ဖြင့် တောက်ပပြီး အလယ် အလတ်ထူသည်။ အလွန်လေးခြင်း၊ မာကျောခြင်း၊ အလွန်သန်မာခြင်း၊ အကြမ်းခံခြင်း၊ ပုံသွင်း ရန်နှင့် ခွဲစိတ်ရန်မခက်ခဲခြင်းတို့ကြောင့် အိမ်တံခါး များ၊ ပြတင်းပေါက်ဘောင်များ နှင့် အိမ်တွင်း ပရိဘောဂ အသုံးအဆောင်များ ပြုလုပ်ရာတွင် သုံးစွဲကြသည်။ အချောကိုင် အရောင်တင်ပြီး သော Acacia မန်ဂျန်ရှား သစ်သားများကို နရံနှင့် ကြမ်ခင်းများအား စတုရန်းအကွက် များပြုလုပ်ကာ အလှဆင်ရန်ရည်ရွယ်၍ တင်ပို့ရောင်းချကြ သည်။ စက်မှုလုပ်ငန်းဆိုင်ရာ သုံးစွဲမှု - Acacia မန်ဂျန်ရှား သစ်သားများသည် ခွဲစိတ်ရန်လွယ်ကူခြင်း၊ အိမ်ထောင် ပရိဘောဂ လုပ်ငန်းများ၊ စက္ကူကြိတ်ဖတ်များနှင့် လောင်စာတောင့်များ၊ စက်ရုံများ အတွက် သုံးစွဲကြသည်။ အဆိုပါစက်ရုံများသည် Acacia မန်ဂျန်ရှား သစ်ပင်အစိုကို တန် ပမာဏ များစွာလို အပ်ပါသည်။ မြေပြုပြင်ခြင်း နှင့် စီးပွားရေးတွက်ခြေကိုက်ပြုပြင်ခြင်း - Acacia မန်ဂျန်ရှား သစ်ပင်သည် အပေါ်ယံ မြေမျက်နှာပြင်၏နိုက်ထရိုဂျင် ပမာဏကို ပြန်လည်မြင့်မားစေသည့်အတွက် Acacia မန်ဂျန်ရှား သစ်ပင်နှင့်တွဲ၍ စိုက်ပျိုးသောမြေနေရာတွင် နိုက်ထရိုဂျင် ပါဝင်မှု ပမာဏကို ပိုများ စေသည်။ လျှင်မြန်စွာကြီးထွားသော အပင်ဖြစ်သောကြောင့် မြေဆီ သြဇာချို့တဲ့သော မြေနေရာ တွင် အမြစ်ပိုင်းအဖွဲ့အစည်းများ လျှင်မြန်စွာဖြစ်ထွန်းသည်။ ပျက်စီးနေသော အပေါ်ယံမြေလွှာ ကို ပြုပြင်ရာတွင်လည်း Acacia မန်ဂျန်ရှား သစ်ပင်သည် အသုံးဝင်သည်။ ဂိုအာ ရှိ မိုင်းတွင်း တူးခြင်းလုပ်ငန်းတွင် စွန့်ပစ်ပစ္စည်းအစုအပုံများ ပြန်လည်အသုံး ပြုနိုင်ပြီး ကောင်းမွန်စေရန် အတွက် Acacia မန်ဂျန်ရှားသစ်ပင်ကို ကျယ်ပြန့်စွာ သုံးစွဲကြသည်။ ကိုလန်ဘီယာ တွင် Acacia မန်ဂျန်ရှား သစ်ပင်အား ရွှေတူးဖော်ခဲ့သည့် မိုင်းတွင်းများ၏ ပျက်စီးနေသော မြေများ ပြန်လည်ပြုပြင်ရန်အတွက် အသုံးပြုကြသည်။ Aye Thanda Soe ( 15.12.2017)

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။