အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
2,033
လွန်ခဲ့သော ၈ နှစ် က · ခရမ်း

စပါး ကြဲခင်းအတွက်မြေဆီNPK ကိုဘယ်လိုအချိန်မှာဘယ်လောက်နှူန်းထည့်ရမလဲဗျ သိချင်တာတွေပြောပြလို့လဲ Green Wayကဆရာတွေ...

စပါး ကြဲခင်းအတွက်မြေဆီNPK ကိုဘယ်လိုအချိန်မှာဘယ်လောက်နှူန်းထည့်ရမလဲဗျ သိချင်တာတွေပြောပြလို့လဲ Green Wayကဆရာတွေကိုကျေးဇူးအများကြီးတင်ပါတယ်ဗျာ?

5

ဖြေကြားချက် ၅ ခု

2,033 လွန်ခဲ့သော ၈ နှစ် က

ဟုတ် အရင်တစ်ခါမေးထားပါတယ်ဘာမှပြန်မဖြေလို့ပါဗျာ ခုလိုဖြေပေးတာကျေးဇူးတင်ပါတယ်

လွန်ခဲ့သော ၈ နှစ် က

အရင်တခါ တီဆူပါကို မြေပြင်ချိန်မှာမထည့်လိုက်ရဘူးလို့ပြောထားတာတွေ့ပါတယ်. အဲအချိန်မထည့်ခဲ့သေးရင် ပင်ပွားစီးချိန်မှာလဲသုံးလို့ရတယ်လို့ဖတ်ဖူးပါတယ်ခင်ဗျာ့

2,033 လွန်ခဲ့သော ၈ နှစ် က

စိုက်သမန်းပြင်ချိန်မှာ မြေခံမြေဆီမထည့်မှီလိုက်လို့ဗျ အခုကြဲပီးတာ၁၄ရက်ရှိပါပီ မြေဆီလဲဝယ်ပီးပါပီ ဘယ်လိုသုံးရမလဲမသိလို့ပါဗျာ?

2,033 လွန်ခဲ့သော ၈ နှစ် က

ခုစိုက်နေတာရာကျော်မျိုးစပါးပါ သက်တမ်းအနေနဲ့က၁၂၀ ၁၃၀လောက်ရှိမယ်ဗျ

လွန်ခဲ့သော ၈ နှစ် က

-စိုက်သမန်းပြင်ချိန်မှာ တီဆူပါ အိတ်ဝက်နဲ့ ပိုတတ် လေးပုံတစ်ပုံကိုမြေခံအနေဖြင့်ထည့်ပေးပါ။ -ပျိုးကြဲပြီး ၁၄-၂၀ရက်သားတွင် ယူရီးယား တစ်အိတ်ရဲ့ ၃ ပုံ ၁ပုံ၊ အနှံလောင်းဖြစ်ချိန် (၆၀-၇၂) ရက်အတွင်း ပိုတတ် တစ်အိတ်ရဲ့ ၄ ပုံ ၁ပုံ၊ အလံရွက်ထွက်ချိန်ဆို ယူရီးယား တစ်အိတ်ရဲ့ ၃ပုံ၁ပုံ၊ အနှံမထွက်မှီ ၅-၇ရက်အတွင်း ယူရီးယား ၃ပုံ၁ပုံကျွေးပေးဖို့လိုပါတယ်။(မှတ်ချက်-ယခုသုံးရမည့်ပမာဏမှာ သက်လတ်စပါးမျိုး(၁၃၀-၁၃၅)ရက်သက်တမ်းရှိစပါးမျိုးများအတွက်ဖော်ပြလိုက်ခြင်းဖြစ်ပါတယ်)။ -ယခုစိုက်နေတဲ့စပါးမျိုးကကောဘာမျိုးလဲ?သက်တမ်းဘယ်လောက်ရှိပါသလဲ?

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။