ဖြေကြားချက် ၄ ခု
ချွဲ ကြပ် နှာပိတ်ရောဂါ … များကုသရန် ___________________________။ ယခုမိုးရာသီ၌ … မိမိတို့မွေးသောကြက်များသည် မိုးခဏခဏမိ၍သော်လည်းကောင်း မိုးထဲလေထဲ၌သစ်ပင် အကိုင်းအဖျား တို့၌အိပ်ကျ ရ၍သော်လည်းကောင်း … အအေးမိပြီး နှာစေးနှာပိတ် ချွဲ ကျပ်သည့်ရောဂါဝေဒနာ တို့ကို အနည်းနှင့်အများဆိုသလို ခံစားကြရစမြဲဖြစ်ပါတယ်… ကြက်နာရောဂါမဟုတ်သော်လည်း တစ်ကောင်ချင်းစီတွင် ခံနိုင်ရည်အားနည်းသည့်အလျှောက် အဆိုပါ ချွဲ ကြပ် နှာပိတ် အဖျားတက်ကိုယ်ပူ ဝေဒနာတို့ကို ခံစားကြရပြီး အချိန်မှီ ကာကွယ်ခြင်း ကုသခြင်းတို့ကို မပြု လုပ်ကြပါက အသက်ဆုံးပြီး ကြက်တို့ကို စွန့်လွှတ်ဆုံးရှုံးသွားရသည်အထိ ဖြစ်တက်ပါတယ် … အဓိကမှာ အအေးမိခြင်းကြောင့်သာဖြစ်ပါတယ် … ထို့အတွက် …နနွင်းပျားရည် ဆေးလုံးများနှင့် ရောဂါမဝင်မီ ကြို တင်ကာကွယ်နည်းလေးကို ပြောခဲ့ပြီးဖြစ်သလို … ရောဂါဝင်လာပါကလည်း ကုသရန်ဆေးနည်းတစ်ချို့ ကို ပြောပြပေးရပါမယ်… ရောဂါဝင်ရောက်လာဖြင်းမှာလည်း .အဆင့်အမျို းမျို း ရှိပါတယ် … ချွဲ ကြပ်ခြင်းသည် မိမိကကြက်၏အနီးအနားသို့ရောက် သောအခါ ကြက်ကိုကိုင်တွယ်မိလိုက်သည့်အခါတွင်မှ ကြက်ရဲ့လည်ပင်းမှ ချွဲ သံကိုကြားလိုက်ရ၍ ချွဲ ကြပ်နေသည် ကို သိလိုက်ရခြင်းသည်… နှာရည်ယိုခြင်း နှာစေးခြင်းသည် ……… ကြက်၏နှာခေါင်းပေါက်မှ နှာရည်များယိုစီးနေခြင်းကို တွေ့ရှိ မိခြင်းသည် …… ရောဂါ အဆင့် ၁ ဖြစ်ပါတယ် …။ ပထမ အဆင့် ၁ ကိုမသိလိုက်ပါပဲ ကြက်များမှိုင်တွေ ကုပ်ချိ နေမှ ချွဲ ကြပ်နေသည်ကို သိရှိခြင်း အစာမစားနိုင်တော့ခြင်း နှာမစေးတော့ပဲ နှာခေါင်းပိတ်နေခြင်း နှာခေါင်းပေါက်အရင်း၌ မို့မောက် ရောင်ရမ်းနေခြင်း . အသက်ရှုရခက်ခဲနေခြင်းတို့သည် ရောဂါ အဆင့် ၂ ဖြစ်ပါတယ် …။ ရောဂါ အဆင့် ၃ ကတော့ အဆိုးဆုံးအခြေအနေဖြစ် ပါတယ် … အသက်ကိုလုရှုနေရမယ် ပေါင်ကြား ချို င်းကြား တို့၌ပါ အပူလွန်ကဲနေမယ် … တစ်ဆက်ဆက်တုန်နေမယ် မက်တပ်ပင်မရပ်နိုင်တော့ပဲ လဲလျောင်းသွားမယ် … ချေးဖြူ ချေးစိမ်းတို့ တပြစ်ပြစ် သွားနေမယ်ဆိုရင် ကုသလို့ မရနိုင်တော့တဲ့ အခြေအနေတရပ်ဖြစ်နေပါပြီ … နောက်ဆုံး သေဆုံးသွားသည်ကို စောင့်မျှော်နေရသည့် အခြေနေတစ်ခုဖြစ်ပါတယ် … မည်သို့ပင်ဆိုစေကာမူ … ကြက်မွေးမြူ ရေးဝါသနာပါသူများအနေဖြင့် .မိမိတို့ပိုင်ဆိုင် ထားတဲ့ မိမိတို့ကြက်ကလေးများကို ဘယ်သူမှ အသားလွတ် အချည်းနှီး မဆုံးရှုံးချ င်ကြပါဘူး … မိမိတို့ သတိမမူလိုက်မိသည့် အချိန်လေးမှာပဲ…… ရောဂါ အဆင့်၁ အဆင့်၂ အဆင့်၃ တို့ တောက်လျှောက် တက်လာပြီး အသက်ဆုံးရှုံးသွားရသည့်အထိ ဖြစ်တာပါ … ကာကွယ်ခြင်း ကုသခြင်းတို့ကိုတော့ မိမိတို့တက်စွမ်း သမျှ လေးတော့ ပြု လုပ်ကြစမြဲ ပါလေ … ရောဂါ အဆင့် ၁ ကို ကုသပေးဖို့ကတော့ သိတ်မခက် လှပါဘူး သောက်ဆေးလေးတွေ တိုက်ပေးပြီး လူကဂရုလေး စိုက်ပေးမယ်ဆိုရင် အလွယ်တကူ ပြန်ကောင်းပါတယ် … အဆင့် ၁ ဖြစ်နေတဲ့ကြက်တွေ ချွဲ သံကြားနေရတဲ့ ကြက်တွေကို ရွှေသမင်ကလေးသူငယ်နာချွဲ ဆေးအား ဆေးမကျည်းစေ့ခန့်ကို ကွမ်းရွက်ပြုတ်ရည်နဲ့ ထမင်းစားဇွန်းထဲထည့်ဖျော်ပြီး မနက်တစ်ကြိမ် ညတစ်ကြိမ် လောက် ဇွန်းလက်ကိုင်ဘက်က လှည့်တိုက်ပေးပါ … ၂ရက် ၃ရက်ဆို သက်သာပျောက်ကင်းပါတယ် … ရွှေသမင်မရလျှ င် " နေနတ်သားဆေး "ကိုတိုက်လျှင်လည်း ရပါတယ်ဗျာ … နှာစေးနှာရည်ကျတာကတော့ ခြေဖဝါးတွေ ဦးခေါင်း တွေကို ညဖက်အိပ်တန်းတင်ခါနီးတိုင်း ပရုပ်ဆီလိမ်းပေးမယ် ဆို တဖြေးဖြေး သက်သာပျောက်ကင်းစေလာမှာပါ … အဆင့်၂ ကတော့ နည်းနည်းပိုခက်လာပါတယ်… ဆေးတိုက်ယုံ သက်သက်နဲ့မရပါဘူး …တစ်ချို့ကြက်တွေဆို ရင် ဆေးမြို ချ လို့မရလောက်အောင် ချွဲ ကြပ်နေပါတယ် ဆေးဝင်သွားရင်တော့ အဆင်ပြေပါတယ် …ဆေးဝင်ဖို့အတွက် ကြက်တောင်တစ်ခုရဲ့အဖျားလေးမှာ ပရုပ်ဆီသုတ်လိမ်းပါ …ပြီးလျှင် ကြက်ကိုပါးစပ်ဖြဲပြီး အာခေါင် အကွဲကြားတစ်လျှောက်ကို ပရုပ်ဆီနှင့်တို့ထားတဲ့ ကြက် တောင်နှင့် အတွင်းကနေ အပြင်ကို ကလော်ပေးပါ ထိုနေရသည် နှာပေါက် လေရှုပေါက်တို့ ဆက်စပ်နေသော နေရာဖြစ်လို့ နှာခေါင်း၌ပိတ်နေသောချွဲ နှင့် လည်ချောင်းတစ် လျှောက်ပိတ်နေသောချွဲတို့သည် ပရုပ်ဆီအပူရှိန်ကိုမခံနိုင် လို့ ကြက်ခါထုတ်လိုက်တိုင်း အခဲလိုက်ထွက်လာပါလိမ့်မယ် အတော်လေးကို စိတ်မချမ်းသာစရာမြင်ကွင်းတစ်ခုပါ ၃နာရီခန့်ကြာလျှ င် ကြက်ခါထုတ်တာရပ်သွားပြီး အသက်ရှု အနည်းငယ်ချောင်လာတာကို တွေ့ရပါလိမ့်မယ် … ထမင်းပူပူလေးကို ဆုတ်ပြီး အနည်းငယ်ကျွေး ပေးပါ ပြီးလျှ င်အထက်ပါ ချွဲ ဆေးတို့ကိုတိုက်ပေးပါ သက်သာပျောက်ကင်းလာပါလိမ့်ဗျာ … နှစ်ရက် သုံးရက်ခန့်တော့ အထက်ပါနည်းအတိုင်း လုပ်ပေးပြီး ရေအစား ကွမ်းရွက်ပြု တ်ရေကိုသာ ခွံ့ပေးတိုက် ပေးသင့်ပါတယ် …ကွမ်းရွက်ပြုတ်ရည်ဟာ ချွဲသလိပ်တို့ကို ပျော်စေပြီး …ဝမ်းတွင်း အအေးဖမ်းခြင်းကိုလည်း သက်သာ ပျောက်ကင်းစေပါတယ် …။ အဆင့် ၃ ကိုလည်း အဆင့် ၂ တွင်ဖေါ်ပြထားတဲ့ ကုသ နည်းအတိုင်းကုသ ကြည့်ပါ … အခြေနေအရမ်းဆိုးတဲ့အတွက် စွမ်းနိုင်သလောက် ကုသပေး ခြင်းလို့ပဲ မှတ်ယူပေးပါ … ပြန်ကောင်းလာတော့လည်း ကံ တရားပဲပေါ့ဗျာ …… ဝါသနာရှင်တို့ တစ်ခုသတိထားမိကြပါရဲ့လား ? ကျွန်တော် ယခုတင်ပြပေးနေတာတွေဟာ မြန်မာနိုင်ငံရဲ့ မည်သည့်ဒေသမှာမဆို အလွယ်တကူဝယ်ယူ ရရှိနိုင်တဲ့ ဆေးတွေကိုသာ ကုသနည်းနဲ့ ဖော်ပြပေးခြင်းဖြစ်ပါတယ် ။ ( ဦးကြပ်ကြီး ) ကြက်ပညာများ Kyi Khaing
လက်ဖက်စားဇွန်းအသေးလေး
ဓာတ်ဆီတစ်ဇွန်းဆိုတာ ဘယ်လိုဇွန်းမျိုးလဲ
တိုက်ကြက်များအဆုပ်ချွဲပျောက်ဆေး ---------------- ကြက်တစ်ကောင်ဟာ ချွဲထနေမယ်ဆိုရင် အအေးဖမ်းလို့ဖြစ်ဖြစ် . အပူများလို့ဖြစ်ဖြစ် ချွဲထတတ်ကြပါတယ် ချွဲဆိုတာနဲ့ လည်ပင်း လည်ချောင်းကလာတဲ့ချွဲနဲ့ အဆုပ်ကလာတဲ့ချွဲဆိုပြီး နှစ်မျိုးရှိပါတယ် ယနေ့ခေတ်ပေါ်ထိုင်းဆေးတွေဟာ လည်ချွဲထတာတွေအတွက်တော့ကောင်းပါတယ် Top 1 Super Green Super Green Plus . D- 150 . Max M743. အစရှိတဲ့ ထိုင်းချွဲဆေးတွေပေါ့ တစ်ချို့ကလည်း CRD လို့ခေါ်တဲ့ ကြက်နာ(တန်းကျနာ)ကာကွယ်ဆေးကို ကြက်ချွဲအရမ်းထတဲ့အခါမှာ အသုံးပြုကြတာကိုလည်းတွေ့နေရပါတယ် အင်္ဂလိပ်ဆေးတွေအနေနဲ့လည်း ဂျင်တာမိုက်ဆင် . စတပ်ထရိုမိုက်ဆင် . အစရှိတဲ့ ဆေးတွေကိုလည်း ထိုးကြတိုက်ကြပါတယ် တော်ယုံချွဲတွေအတွက်တော့ ယူပြစ်လိုက်သလို သက်သာပျောက်ကင်းကြပါတယ် တကယ်တမ်း အဆုတ်ချွဲဖြစ်လာတဲ့အခါမှာ ချွဲခြောက်ထလာတဲ့အခါမှာတော့ စတပ်ထရိုမိုက်ဆင်လို အဆုတ်သီးသန့်ဆေးတောင် မပျောက်လာတာတွေ့ရပါတယ် ဗန်တိုလင်လည်း မနိုင်ပါဘူး အဲဒီလို အဆုပ်ချွဲခြောက်ထနေမယ် ရင်ကြပ်နေမယ်ဆိုတဲ့ ကြက်တွေအတွက် တကယ်ကိုကောင်းတဲ့ ဆေးလေးကို လက်တွေ့စမ်းသပ် သက်သာပျောက်ကင်းခဲ့လို့ ပြန်မျှဝေပါရစေ ငွေလည်းမကုန်ပါဘူး လိုအပ်တာက - ရွဲယိုသီးအမှည့်တစ်လုံးနဲ့ ဓါတ်ဆီတစ်ဇွန်းပါ ရွဲယိုသီးအမှည့် တစ်လုံးကို ခြေမွှလိုက်ပြီး ဓါတ်ဆီတစ်ဇွန်း ရောစပ်ပြီး သမအောင်ထပ်မွှေပေးပါ လုံးဝရောစပ်သွားတဲ့အခါမှာတော့ ဆေးအဖြစ်အသုံးပြုလို့ရပါပြီ ချွဲကျပ် . ချွဲခြောက်ထ . ရင်ကြပ်နေတဲ့ ကြက်တွေကို မနက်ကော်ဖီဇွန်းနဲ့တစ်ဇွန်း . ည ကော်ဖီဇွန်းနဲ့တစ်ဇွန်း တိုက်ကျွေးပေးပါ . ရွဲယိုသီးတစ်လုံးမကုန်ခင်မှာ သက်သာပျောက်ကင်းလာတာကို လက်တွေ့သိရပါမယ် ရွဲယိုသီးဆေးဟာ . အဆုတ်ချွဲတင်သာမက အရိုးကျီးပေါင်းဖြစ်ခြင်း . အရိုးပွခြင်းတို့ကိုလည်း ကောင်းမွန်စွာ သက်သာပျောက်ကင်းစေနိုင်ပါတယ် အဆုတ်အားနည်းလို့ - မောကြပ်နေရင်တော့ ရွဲယိုသီးဆေးအပြင် . ကွမ်းရွက်ပြုတ်ရည်ကို သောက်ရေအစား တိုက်ပေးခြင်းဖြင့် အဆုပ်အားပြန်လည် ကောင်းမွန်လာနိုင်ပါတယ် ရင်ကြပ်တယ်ဆိုတာ ရာသီဥတုပူလွန်းရင်လည်း ကြပ်တက်သလို ရာသီဥတု အေးလွန်းရင်လည်း ကြပ်တက်ပါတယ် တစ်ချို့ဆေးတွေဟာ အပူကြပ်အတွက် ကောင်းမွန်ပေမဲ့ အအေးကြပ်အတွက် အသုံးမတည့်နိုင်ပါဘူး တစ်ချို့ကြတော့လည်း အအေးကြပ်အတွက်ကောင်းပေမဲ့ အပူကြပ်ကို မပျောက်ကင်းနိုင်ပါဘူး ရွဲယိုသီးဆေးကတော့ နှစ်မျိုးလုံးနှင့် သင့်လျော်ပါတယ် ရွဲယိုသီး မရနိုင်ဘူးဆိုလာခဲ့ပါလျှင် . ပိုးစုန်းကြူးလေးတွေကို ဖမ်းပြီး တစ်နေ့တစ်ကောင်ခွံ့ပေးပါ ဆေးနည်းအခေါ်အဝေါ် တစ်မျိုးမှာ ရင်ကြပ်တယ်ဆိုတာဟာ . ခန္ဓာကိုယ်မှာရှိတဲ့ မီးစုန်းဓါတ် ချို့တဲ့လို့ ဆိုပြီးသတ်မှတ်ပါတယ် အဲဒီတော့ လိုအပ်နေတဲ့ မီးစုန်းဓါတ်ကို ပြန်လည်ဖြည့်ဆည်းစေဖို့ . ပိုးစုန်းကြူး ဖမ်းပြီးကျွေးပေးခြင်းဖြင့် သက်သာပျောက်ကင်းစေနိုင်ပါ ကြောင်း #creditဦးကြပ်ကြီး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ဥစားကြက်မွေးမြူရေး
ဖြေကြားချက် 1 ခု
ဒေသကြက် မွေးရင် နွေရာသီဆို ကြက်နာတွေဝင်ပြီး အကုန်သေတယ်ဗျာ ရောမဖြစ်အောင် ဘယ်မွေးရမလဲ မိုးဆောင်း မွေးလာကြက်တွေက...
ဖြေကြားချက် 1 ခု
ဒေသကြက်နဲ့ ဉစားကြက် မွေးြမူနညး်လမ်းညွှန်ေလများရှိရင် ေြပာပြကြပါ
ဖြေကြားချက် 5 ခု
ကြက်ခြံမွေးမြူရေး အခုမှစလုပ်ချင်တာပါဘာတွေလိုအပ်လဲသိချင်လို့ပါ စီနီယာတို့ပြောပြပေးပါ😊😊
ဖြေကြားချက် 1 ခု
ဥစားကြက်စာ စပ်နည်း သိချင်ပါတယ်ဗျာ။ ဘယ်လို စပ်ရလဲ
ဖြေကြားချက် 1 ခု