ဖြေကြားချက် ၃ ခု
သံမံတလင်းမှာကေါစိုက်ပျိုးလို့ရလားဆရာ
ကျေးဇူးပါ။
ဂျပ်စက္ကူဖြင့် ကောက်ရိုးမှို စိုက်ပျိုးနည်း အကျိုးကျေးဇူးများ- နေရာကျဉ်းကျဉ်းတွင် စိုက်ပျိုးနိုင်သည်။ လုပ်ကိုင်ရန် လွယ်ကူသည်။ အရင်းအနှီး နည်းနည်းသာလိုသည်။ အချိန်တို (၁၀ မှ ၁၅ ရက် ) အတွင်း ဝင်ငွေရနိုင်သည်။ မှိုစိုက်ပျိုးဆွတ်ခူးပြီးသည့် ကုန်ကြမ်းများကို စိုက်ပျိုးရေးသုံး သအနှီး နည်းနည်းသာလိုသည်။ အချိန်တို (၁၀ မှ ၁၅ ရက် ) အတွင်း ဝင်ငွေရနိုင်သည်။ မှိုစိုက်ပျိုးဆွတ်ခူးပြီးသည့် ကုန်ကြမ်းများကို စိုက်ပျိုးရေးသုံး သဘာဝမြေသြဇာအဖြစ် ဆက်လက်အသုံးပြုနိုင်သည်။ နေရာကျဉ်းကျဉ်းတွင် စိုက်ပျိုးနိုင်သည်။ လုပ်ကိုင်ရန် လွယ်ကူသည်။ အရင်းအနှီး နည်းနည်းသာလိုသည်။ အချိန်တို (၁၀ မှ ၁၅ ရက် ) အတွင်း ဝင်ငွေရနိုင်သည်။ မှိုစိုက်ပျိုးဆွတ်ခူးပြီးသည့် ကုန်ကြမ်းများကို စိုက်ပျိုးရေးသုံး သအနှီး နည်းနည်းသာလိုသည်။ အချိန်တို (၁၀ မှ ၁၅ ရက် ) အတွင်း ဝင်ငွေရနိုင်သည်။ မှိုစိုက်ပျိုးဆွတ်ခူးပြီးသည့် ကုန်ကြမ်းများကို စိုက်ပျိုးရေးသုံး သဘာဝမြေသြဇာအဖြစ် ဆက်လက်အသုံးပြုနိုင်သည်။ စိုက်ပျိုးနည်းအဆင့်ဆင့် ၁။ မြေနေရာရွေးချယ်ခြင်း ကောက်ရိုးမှို စိုက်ပျိုးရန်နေရာကို အရိပ်ကောင်းရှိသောနေရာ၊ လေပြင်းတိုက်ခတ်မှု အကာအကွယ်ရသော နေရာတွင် ရွေးချယ်ပါ။ သို့မဟုတ်ပါက အရိပ်ရရန်၊ လေပြင်းအကာကွယ်ရရန် လုပ်ဆောင်ပေးရန်လိုအပ်ပါသည်။ ၂။ စိုက်ကျင်း၊ မှိုပုံအရွယ်အစား မှိုစိုက်ပျိုးရာတွင် မိမိစိတ်ကြိုက် အရွယ်အစားရွေးချယ်နိုင်သော်လည်း ပူနွေးစိုစွတ်မှုရရှိရန် သင့်တော်သော အနေအထားမှာ အလျား ၇ - ၁၀ ပေဖြစ်၍ အနံ ၃ ပေခန့် ပြုလုပ်ပေးရန်လိုအပ်ပါသည်။ အစိုဓာတ်ထိန်းသိမ်းထားရန်အတွက် မြေကြီးထဲသို့ အနက် ၂-၃ လက်မခန့် ကျင်းပြုလုပ်ပေးရန်လိုအပ်ပါမည်။ လိုအပ်သော ပစ္စည်းများ ဂျပ်စက္ကူ ၆ - ၁၀ ပိဿာ နွားချေး ၇ - ၁၄ တင်း မှိုမျိုးထုပ် ၃-၅ ထုပ် ပလပ်စတစ်စ - အနံ ၇ ပေ (ပြုလုပ်မည့်ဘောင်ထက် ၅ ပေခန့်ပိုဝယ်ရမည်) ဝါးလုံး (အမိုးလုပ်ရန်) - ၂ လုံး ဆန်ဖွဲနု (နို့ဆီဗူး) - ၅ လုံး ထုံးမှုန့် - ၁ ပိဿာ ရေ ၃။ စိုက်ပျိုးပုံ အဆင့်ဆင့် 1. မိမိပြုလုပ်လိုသည့် မှိုပုံအရွယ်အတိုင်း မြေကျင်းညီညာစွာတူးပါ။ အနက်ကို ၂ - ၃ လက်မခန့်တူးပါ။ 2. ရေ (၅)ဂါလံခန့်ညီညာစွာဖြန်းပါ။ မြေကြီး အရမ်းခြောက်သွေ့နေပါက ပိုဖျန်းပေးရန်လိုအပ်ပါသည်။ 3. ထုံးမှုန့်ဖြူးပေးပါ။ ပုရွက်ဆိတ်ဘေးမှကင်းရန်အတွက် သို့မဟုတ် မြေကြီး၏ အချဉ်ဓာတ်ကို ထိန်းညှိပေးရန်ဖြစ်သည်။ 4. ဂျပ်စက္ကူများကို အထူအပါး၊ ဆိုးဆေးပါဝင်မှု ပေါ်မူတည်၍ မစိုက်ပျိုးမီ (၂)နာရီမှ (၆)နာရီခန့် ရေစိမ်ပါ။ ဖယောင်းများသော၊ ဆိုးဆေးများသော စက္ကူများဖြစ်ပါက ကြာကြာစိမ်ပေးရန် လိုအပ်ပါသည်။ ရေစိမ်ပြီးပါက လက်ဝါးထက်ငယ်သော အရွယ်ခန့် စက္ကူစများဖြစ်အောင် ဆုတ်ဖြဲပြီး ရေစစ်ထားပါ။ 5. နွားချေးများတွင် အတုံးအခဲကြီးများပါ ပါက ထုထောင်းထားပါ။ 6. မြေကျင်းထဲသို့ နွားချေးများကို ၆ - ၈ တင်းထိ နေရာအနှံညီညာအောင်ခင်းပါ။ 7. နွားချေး၏ အစိုဓာတ်ပေါ်မူတည်၍ ရေလောင်းပေးရန်လိုအပ်ပါသည်။ 8. နွားချေးပေါ်တွင် ဂျပ်စက္ကူများကို ကျင်းနှုတ်ခမ်းမှ (၁)မိုက်ခန့်ခွာ၍ နေရာအနှံ့ခင်းပါ။ ပွယောင်းယောင်းမဖြစ်စေရန် လက်ဖြင့် အနည်းငယ်ဖိပေးပါ။ 9. မှိုထုပ်များနှင့် ဖွဲနုတို့ကို ဇကောတစ်ခုအတွင်းထည့်၍ သမအောင် ချေမွရောနယ်ပါ။ 10. ထို့နောက် ကျင်းနှုတ်ခမ်းစပ်မှ စ၍ စိုက်ကျင်းတစ်ခုလုံးပေါ်ကို ညီညာစွာ ဖြူးပေးပါ။ 11.ထိုမှိုမျိုးစေ့များအပေါ်မှ နွားချေးအမှုန့် ၅ - ၇ တင်း ခန့် ကို မှိုမျိုးစေ့များနှင့် ဂျပ်စက္ကူများမမြင်တဲ့အထိ ဖုံးသွားအောင် ညီညာစွာဖြူးပေးပါ။ 12. ထို့နောက် စိုက်ခင်းပေါ်ကို ရေဖျန်းပေးပါ။ မှိုအားဆေးရှိပါက မှိုအားဆေးပါထည့်၍ ပက်ဖျန်းနိုင်ပါသည်။ 13. စိုက်ဘောင်ပေါ်သို့ ခွဲစိတ်ထားသော ဝါးခြမ်းများဖြင့် ပေါင်းမိုးပုံစံပြုလုပ်၍ အုပ်မိုးပေးထားရပါမည်။ ထို့နောက် ပလပ်စတစ်စဖြင့် ပေါင်းမိုးကို အုပ်ပေးရပါမည်။ နေရောင်တိုက်ရိုက်မကျစေရန် ပလပ်စတစ်ပေါ်မှ သက်ကယ်၊ ငှက်ပျောရွက်၊ ကောက်ရိုး၊ စက္ကူ၊ မြက်ခြောက်စသည်တို့ဖြင့် ဖုံးအုပ်ထားနိုင်ပါသည်။ ၄။ ဆက်လက်ပြုစုစောင့်ရှောက်ခြင်း 1. စိုက်ပျိုးပြီး ၁ရက်မှ ၃ ရက်အတွင်း မှိုပုံကို အလင်းရောင်မကျစေရန်နှင့် လေမဝင်စေရန် လုပ်ဆောင်ထားရမည်။ 2. (၄-၅) ရက်မြောက်နေ့တွင် ညနေပိုင်း၌ ဖုံးအုပ်ထားသော ပလပ်စတစ်ကို ဖယ်ရှားကာ အစိုဓာတ်ကိုချိန်ဆကာ ရေလောင်းပေးသင့်ပါသည်။ မှိုအားဆေးထည့်လိုပါက ထိုအချိန်တွင် လောင်းသောရေနှင့်အတူ ပေါင်းထည့်ပေးသင့်ပါသည်။ ရေလောင်းပြီးပါက ပလပ်စတစ်စ ပြန်ဖုံးပြီး ကောက်ရိုး၊ မြက်ခြောက်များကိုလည်း မူလအတိုင်းပြန်အုပ်ထားပါ။ 3. (၆)ရက်မြောက်နေ့မှစ၍ ညနေပိုင်းတိုင်းတွင် မှိုပုံချွေးခါခြင်းကို တစ်နေ့တစ်ကြိမ် လုပ်ပေးပါ။ ချွေးခါရာတွင် ချွေးစက်များ မှိုပုံပေါ်သို့မကျရောက်စေရန် ဂရုစိုက်၍ ခါပေးသင့်ပါသည်။ မှိုပေါ်ပေါ်သို့ကျရောက်ပါက မှိုဥလေးများ ပုပ်သွားတတ်ပါသည်။ ချွေခါပြီးပါက ပလပ်စတစ်စပြန်ဖုံးပြီး ကောက်ရိုးမြက်ခြောက်များဖြင့် မူလအတိုင်းပြန်ဖုံးပေးပါ။ 4. နွေရာသီတွင် ရာသီဥတုအခြေအနေကိုကြည့်၍ မှိုပုံအပူချိန် မြင့်လွန်းလျှင် ချွေးခါခြင်း (အပူချိန်လျော့ပေးခြင်း) ကို မပျက်မကွက်ပြုလုပ်ပေရပါမည်။ ၅။ မှို ဆွတ်ခူးခြင်း 1. စတင်စိုက်ပျိုးသည့်ရက်မှ (၆-၇) ရက်တွင် မှိုပုံတစ်ပြင်လုံးတွင် အဖြူရောင် အလုံးပုံ မှိုသန္ဓေခဲငယ်များ စတင်မြင်ရမည်။ 2. ၎င်းအဖြူရောင် မှိုသန္ဓေခဲငယ်များ ဆက်လက်ကြီးထွားလာကြကာ စတင်မြင်ချိန်မှ (၄-၅) ရက် အတွင်း မှိုငုံကြီးများအဖြစ် ရောက်ရှိကာ စတင်ခူးဆွတ်နိုင်သည်။ 3. မှိုဆွတ်ခူးခြင်းကို နံနက်စောစောပိုင်း (သို့) ညနေနောက်ပိုင်းတွင် ပြုလုပ်သင့်သည်။ ပထမဆုံးအကြိမ် ခူးဆွတ်ပြိးလျှင် မှိုးအားဆေး ဖျန်းပေးပါက ပိုကောင်းသည်။ အစိုဓာတ်ကို ကြည့်၍ လိုအပ်ပါက ရေကို ညင်ညင်သာသာလောင်းပေးသင့်သည်။ 4. ပြီးလျှင် အဖုံးကို သေချာပြန်အုပ်ပေးပါ။ နောက် ၃ ရက်မှ ၅ ရက်အတွင်း ဒုတိယအကြိမ်ထပ်မံ ဆွတ်ခူးနိုင်သည်။ 5. စတင်စိုက်ပျိုးချိန်မှ တစ်လအထိ ခူးဆွတ်နိုင်သည်။ တစ်လကျော်သွားသွားပါက ဆက်မထား သင့်တော့ပါ။
ဆက်စပ်မေးခွန်းများ
စိုက်နည်းအဆင့်ဆင့်ကို အသေးစိတ်လေးပြေားပေးပါလားဗျာ
ဖြေကြားချက် 2 ခု
ကောက်ရိုးမှိုစိုက်ပြီးငါးရက်မြောက်နေ့တွင်မှိုမျှင်မတွေ့ပါကမည်သို့ပြုလုပ်ရမည်နည်း
ဖြေကြားချက် 1 ခု
ကောက်ရိုးမှိုမျိူးစေ့ထုတ်လုပ်နည်းလေးပြောပြပေးပါဆရာတို့
ဖြေကြားချက် 1 ခု
စိုက်ထားတာ(7)ရှိပါပြီ ဘာမှမမြင်ရသေးတာ ဘာကြောင့်ပါလည်းဗျာ ကူညီကြပါအုံးဗျာ
ဖြေကြားချက် 1 ခု
ကောက်ရိုးမှိုမျိုးဖောက်နည်းအသေးစိတ်ကိုတင်ပေးပါလားဗျာ
ဖြေကြားချက် 1 ခု