ဘာကြောင့်လဲ ဘာလုပ်သင့်လဲသိချင်ပါတယ်
ကျေးဇူးပါ
အဓိက ပြသနာတွေထဲမှာ ကျန်းမာသန်စွမ်းသော ပျိုးပင်မဟုတ်ခြင်းက အဓိက ပြသနာပါ နောက်တစ်ခုက အစိုဓာတ် များတာပါ ဒီအထဲမှာ ပျိုးပင်ဘဝမှာ အလင်းရောင် အလုံအလောက်မရခြင်း ပျိုးသက်ကြီးခြင်းသည်လည်း အဓိက ပြသနာ တစ်ခုဖြစ်သလို ပျိုးပင်ခါးရှည်ခြင်းသည်လည်း ပြသနာ တစ်ရပ်ပင်... အကြံပြုလိုသည်မှာ ကျန်းမာ သန်စွမ်းသောပျိုးပင်ဖြစ်ပါစေ အစိုဓာတ်လျော့ပါ ပျိူးပင် ဘဝကတည်းက မိူသတ်ဆေး အသုံးပြုပါ (ကာကွယ်ဆေးအနေဖြင့် mancozeb) ကဲ့သို့သောဆေးများ အသုံးပြုနိုင်ပါသည်။ ပျိုးပင်ခါရှည်ပါက ပင်စည်နှင့် မြေကြီးမထိစပ်စေရန်အပင် မယိုင်လဲစေရန် တုတ်ထောင်ပါ ။ ပျိုးပင်ဘဝ ကိုအထူးဂရုစိုက်ပါ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ခရမ်းချဉ်သီးပင်တွေကုတ်ပြီးနေပါသဖြင့်မည့်သည်ဓါတ်လျော့နည်းပြီးမည့်သည်ဆေးပက်ဖြန်းရမည်နည်း
ဖြေကြားချက် 4 ခု
ဆရာသမားများနှင့်တောင်သူဦးကြီးများခင်များကျွန်တော်ခရမ်းချင်ပင်တွေမှာအောက်ကပုံအတိုင်းဖြစ်နေပါတယ်ကျေးဇူးပြုရွှေ့...
ဖြေကြားချက် 2 ခု
ခရမ်းချဉ် အဟာရချို့တဲ့မှုလေး သိချင်ပါတယ် ချု့ိတဲ့ရင် ဘယ်လိုပုံဖြစ်လာလဲသိချင်လို့ပါ
ဖြေကြားချက် 13 ခု
ခရမ်းချဥ်ခေါင်ညွှန့်လေးတေဝါနေတာ ဘာကြောင့်လဲဗျ
ဖြေကြားချက် 5 ခု
ခရမ်းချဉ်ပင်အရွက်အောက်ဖက်မှဒီလိုဖြစ်နေတယ်ဘာဆေးတေွသုံးရင်ကောင်း တယ်ဆိုဒါပြောပေးကြပါအုံးဆရာ
ဖြေကြားချက် 3 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။