ဖြေကြားချက် ၂ ခု
ဓါတ်ဆားရည် (electrolytes)တိုက် လို့ရပါတယ်။တိမွေးကု ဆရာဝန်နဲ့ တိုင်ပင်ပြသပါ
❗️❗️နွားကလေး ဝမ်းပျက်ဝမ်းလျှောခြင်းအကြောင်း❗️❗️ 🐄🐄🐄🐄🐄🐄🐄🐄🐄🐄🐄🐄🐄🐄🐄🐄 နွားကလေးများတွင် ဝမ်းပျက်ဝမ်းလျှောခြင်းသည် ဖြစ်ပွားမှုနှုန်းများပြီး စီးပွားရေးအရလည်း ဆုံးရှုံးမှုရှိသည်။ နွားကလေးများ သားမခွဲမီ သေဆုံးရသည့် အကြောင်းအရင်းတစ်ခုလည်း ဖြစ်သည်။ ဝမ်းလျှောခြင်းသည် အစာခြေလမ်းကြောင်း၏ ပုံမှန်ရေအဝင်/အထွက် ရွေ့လျားမှုကို အနှောက်အယှက်ဖြစ်စေပြီး ရေဓာတ်ဆုံးရှုံးမှုနှင့် ကုန်ခမ်းမှုကိုဖြစ်စေသည်။ ဝမ်းလျောခြင်းကြောင့် ခန္ဓာကိုယ်ရှိ ရေဓာတ်များနှင့်အတူ ခန္ဓာကိုယ်အတွက်လိုအပ်သည့် ဓာတုဓာတ်များ (electrolytes) ဆားဓာတ်များလည်းဆုံးရှုံးသွားသည်။ နွားကလေးများ အားအင်ကုန်ခမ်းပြီး သေဆုံးသည်အထိ ဖြစ်နိုင်ပါသည်။ စနစ်တကျ စီမံခြင်းဖြင့် ဖြစ်ပွားနှုန်းနှင့် သေဆုံးနှုန်းကို လျှော့ချနိုင်သည်။ 🔸 ဝမ်းပျက်ဝမ်းလျောခြင်း ဖြစ်လာစေမည့် အကြောင်းအရင်းများ - တိုက်ကျွေးသည့် နို့ဦးရည်ပမာဏ မလုံလောက်ခြင်း - နို့ဦးရည် အရည်အသွေးမကောင်းခြင်း/ သန့်ရှင်းမှုမရှိခြင်း - မွေးဖွားစဉ် ခက်ခဲခြင်း - ပတ်ဝန်းကျင် သန့်ရှင်းမှုအားနည်းခြင်း - ရာသီဥတု အေး၍စိုစွတ်ခြင်း - နေရာကျဉ်းကျဉ်းတွင် အကောင်ရေများခြင်း 🔹Non-infectious diarrhea (Nutritional diarrhea) - မိခင်နွားမကြီး၏ အဟာရရရှိမှု မလုံလောက်ခြင်း၊ အထူးသဖြင့် ကိုယ်ဝန်ဆောင်ကာလ နောက်ပိုင်းတွင်ဖြစ်သည်။ ကိုယ်ဝန်ဆောင်နွားမ၏ စွမ်းအင်နှင့် အသားဓာတ်လုံလောက်စွာ မရရှိခဲ့မှုသည် နို့ဦးရည် ပမာဏနှင့် အရည်အသွေးပေါ် သက်ရောက်မှုရှိသည်။ Vitamin A နှင့် Vitamin E ချို့တဲ့မှုနှင့်လည်း ဆက်စပ်သည်။ - မွေးစနွားကလေး၏ ပတ်ဝန်းကျင်စီမံမှု အားနည်းခြင်း (သန့်ရှင်းမှုအားနည်းခြင်း၊ ရောဂါပိုးဝင်ရောက်နိုင်သည့် အခြေအနေများရှိခြင်း၊ နွားကောင်ရေများနေခြင်း၊ တခြားနွားမတမ်းများ၊ နွားအကြီးများနှင့် ရောထားခြင်း၊ နွားမွေးသည့်နေရာနှင့် နွားကလေးထားသည့်နေရာ တနေရာတည်းဖြစ်ခြင်း၊ နွားကလေးခန္ဓာကိုယ် စိုစွတ်ပြီး အေးနေခြင်း စသည်ဖြင့်) - ပုံမှန်အလေ့အကျင့်ကို အနှောင့်အယှက်ဖြစ်စေသည့်အကြောင်းအရင်းကြောင့်ဖြစ်သည်။ မွေးဖွားစဉ် ဂရုစိုက်မှု အားနည်းခြင်း၊ နို့ဦးရည် တိုက်ကျွေးမှု နောက်ကျခြင်း၊ နွားကလေးပြုစုမှု အားနည်းခြင်း၊ - သေဆုံးခြင်းအထိ မပြင်းထန်သော်လည်း နွားကလေးတွင် အားနည်းလာခြင်းကြောင့် ရောဂါပိုးကြောင့်ဖြစ်ပွားသည့် infectious diarrhea ဖြစ်လာနိုင်သည်။ 🔹 Infectious diarrhea - virus, bacteria, protozoa, yeasts and molds များကြောင့်ဖြစ်ပွားသည်။ - Virus (Rotavirus, Coronavirus, BVD virus, IBR virus) - Bacteria ( Escherichia coli, Salmonella spp., Clostridium perfringens and other bacteria) - Protozoan parasites (Cryptosporidium, Coccidia) ဘက်တီးရီးယားပိုးမှ ထုတ်သော အဆိပ်သည် အူလမ်းကြောင်းနံရံမှ အရည်များကို အူလမ်းကြောင်းအတွင်းထွက်လာစေသည်။ Virus နှင့် protozoa များသည် အူလမ်းကြောင်းရှိ အာဟာရစုပ်ယူမှုကို လုပ်ဆောင်ပေးသည့် အတက်အလက်အမျှင်များ (villi - small intestine) ကို ပျက်စီးစေသည့်အတွက် အူလမ်းကြောင်းမှ အာဟာရများ (သို့) electrolytes များကိုစုပ်ယူခြင်း သွေးအတွင်းပို့ဆောင်ခြင်းများ ထိခိုက်သွားသည်။ 🔸 ရောဂါလက္ခဏာများ - ဝမ်းလျောခြင်း ( တခါတရံ သွေး၊ အချွဲများပါခြင်း) - ရေဓာတ်ဆုံးရှုံးခြင်း - အမွေးကြမ်းခြင်း - ခန္ဓာကိုယ်အလေးချိန် လျော့ကျခြင်း - အဖျားတတ်ခြင်း - သေဆုံးခြင်း 🔸 ရောဂါအခြေအနေ (ပျော့ - အသင့်အတင့်) - နွားကလေး မတ်တတ်ရပ်နိုင်၊ နို့သောက်နိုင်သေးပါက သန့်ရှင်းသောနွားနို့ကို ဆက်တိုက်ပြီး ဓာတ်ဆားရည် (electrolytes) လည်းတိုက်ပေးရမည်။ သန့်ရှင်းသောရေ အမြဲသောက်နိုင်အောင် စီစဉ်ပေးရမည်။ 🔸 ရောဂါအခြေအနေ (အသင့်အတင့် - ပြင်းထန်) - နွားကလေးသည် မတ်တတ်မရပ်နိုင် (သို့) ရေဓာတ်အရမ်းဆုံးရှုံးနေလျှင် electrolytes ကို သွေးကြောအတွင်း (IV) ထိုးပေးရမည်။ 🔹ဝမ်းလျှောနေသောနွားကို တခြားနွားများနှင့်ချက်ချင်းခွဲထားပါ။ ဓာတ်ဆားရည် အမြန်ဆုံးတိုက်ပါ။ အာဟာရ၊ ပတ်ဝန်းကျင်၊ သန့်ရှင်းရေး၊ နွားကလေးပြုစုမှု စသည့်တို့ကို့ စနစ်တကျစီမံရမည်။ နေရာအခင်းများကို ပုံမှန်သန့်ရှင်းရေးလုပ်ပါ။ သန့်ရှင်းသောရေ အမြဲတိုက်ပါ။ တိရစ္ဆာန်ဆေးကုဆရာဝန် အကြံဉာဏ် ကုသမှုကို ရယူပါ။ 🔹 ဝမ်းပျက်ဝမ်းလျောခြင်းနှင့်အတူ တချို့သော systemic bacterial infection လက္ခဏာများတွေ့ရလျှင် antibiotics ပေးသည်။ (နွားကလေး၏ rectal temperature သည် 103°F ထက် ကျော်ခြင်း၊ ဝမ်းတွင်သွေးပါခြင်း၊ အဆစ်အမြစ်ရောင်ခြင်း သို့မဟုတ် ချက်တိုင်ရောင်ခြင်း စသည်ဖြင့်) Antibiotics သည် virus, protozoa သို့မဟုတ် nutrition ကြောင့် ဝမ်းပျက်ဝမ်းလျှောလျှင် တိုက်ရိုက်သက်ရောက် ကုသခြင်းမဟုတ်ပေ။ ယေဘုယျအားဖြင့် နွားကလေးသည် အစာမစားလျှင်၊ ရေဓာတ်ဆုံးရှုံးလျှင်၊ ဖျားလျှင်၊ ထိုင်းမှိုင်းလျှင် သို့မဟုတ် သွေး/ အချွဲပါလျှင် antibiotic နှင့် anti-inflammatory treatment များပေးနိုင်သည်။ Credit to original writer
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ရွာမှာနွားတွေ ကျောက်ရောဂါဖြစ်နေပါတယ် ၁. မဖြစ်ခင် ဘယ်လိုကြိုတင်ကာကွယ်ရမ လဲ ဘာကာကွယ်ဆေးထိုးရမလဲ ၂.ဖြစ်နေတဲ့နွား...
ဖြေကြားချက် 1 ခု
နွားမ မျိုးရှိ မရှိဘယ်လိုသိအောင်လုပ်ရမလဲ
ဖြေကြားချက် 1 ခု
ကျနော့်ရဲ့နွားကြီးရှေ့ညာလက်ကမောင်းကပ်သလိုဖြစ်နေပီးထောက်ကိုမထောက်နိုင်ဘူးဖြစ်နေတယ်ဆေးထိုးတာလည်းမပျောက်လို့ကူညီ...
ဖြေကြားချက် 2 ခု
စျေးမှာတင်ရောင်းနေတဲ့ နွားနို့တွေလိုတာရှည်အထားခံအောင် ဘယ်လိုလုပ်ရမလဲ ဘာဆေးထည့်သုံးလို့ရမလဲ နို့တိုင်ဆေး...
ဖြေကြားချက် 3 ခု
ဆရာကိုကျော်စွာခဗျာ စပါးအခွန်ကြိတ်ထားတဲ့အမှုံက. ပတိုတင်းဘယ်လောက်ရှိတာလဲလို့သိချင်ပါတယ် ကျေးဇူးပြုပြီးဖြေပေးစေ...
ဖြေကြားချက် 1 ခု