ဖြေကြားချက် ၅ ခု
ငါးမွေးမြူရေး မှာ ဘယ်လိုအသုံးပြုရမလဲဗျ
ကြက်မွေးမြူရေးအတွက်ဆို ၀၉.၂၅၅၃၂၉၁၅၅ ကို ဖုန်းဆက် ပြီး သိလိုတာ မေးလို့ရပါတယ်
ကြက်မွေးမြူရေးတွင် အသုံးပြုမည်ဆိုပါက EM 1 ပြုလုပ်အသုံးပြုလို့အဆင်ပြေပါသလားခင်ဗျာ အဆင်ပြေတယ်ဆိုပါက ပြုလုပ်ပီးရရှိလာတဲ့ EM 1 Solutionကိုကြာရှည်ဘယ်လိုထားသိုရမလဲသိချင်ပါတယ်။
Effective microbes (em) ပြုလုပ်နည်း em 1 ပြုလုပ်နည်း ၁ မီးဖိုချောင်စွန့်ပစ်ဟင်းရွက်အပုတ်အနာများ ၂ ဖြဲနု ၃ အသီးအခွံများ( ငှက်ပျောခွံ l သရက်သီးအခွံlသဘောင်္သီးအမှည့်အခွံlအသီးအမှည့်အခွံပေါင်းစုံ) ရောမွှေပြီး အလုံပိတ်အိုး ဒါမှမဟုတ်အလုံပိတ်ဘူးထဲတွင် တစ်ပတ်ထားပါ တစ်ပတ်တိတိပြည့်တာနဲ့ထွက်လာတဲ့အရည်ကိုစစ်ယူပါ အဲဒီအရည်က em 1 ပျော်ရည်ပါ em 1 ပျော်ရည်မှာ အဏုဇီဝပိုး ၃ မျိုးပါဝင်ပါတယ် ၁ Photosynthetic bacteria အလင်းမှီအစာချက်လုပ်မှုကိုကူညီတဲ့ဘတ်တီးရီးယား ၂ yeast တဆေးမှို ၃ lacto bacillus ( lactic acid ထုတ်ပေးတဲ့ ဘတ်တီးရီးယား) တို့ပါဝင်ပါတယ် em 2 ပြုလုပ်နည်း ၁ em 1 အရည် ၂ ဟင်းရွက်အလေအလွင့်များ ၃ အသီးအခွံများ( ငှက်ပျောသီးခွံ lသရက်သီးအခွံ l သင်္ဘောသီးအခွံ) အထက်ပါသုံးမျိုးဆတူရောဆပ်ပြီး အလုံပိတ်အိုး သို့မဟုတ်အလုံပိတ်ပလက်စတစ်ဘူးအတွင်း ထည့်ပြီး လေလုံအောင်ပိတ်ပြီးတစ်ပတ်ထားပါး တစ်ပတ်ပြည့်တာနဲ့ အရည်စစ်ယူပါ ရလာတဲ့အရည်က em 2 ပျော်ရည်ပါ em 3 မှာ အကျိုးပြုအဏုဇီဝပိုး microbes 10မျိုးနဲ့ သူရဲ့မျိုးကွဲပေါင်း 80 ပါဝင်ပါတယ် အပင်အတွက်အကျိုးပြု ဖို့အတွက် em 3 ပြုလုပ်နည်း ၁ em 2 ၂ ဖြဲနု ၃ သျကားအညို ၄ ဆန်ဆေးရည် လေးမျိုး ဆတူရောဆပ်ပြီး သမအောင်မွှေပြီး အလုံပိတ်အိုး သို့မဟုတ်ဘူးအတွင်းထည့်ပြီးတစ်ပတ်ထားပါ တစ်ပတ်ပြည့်တာနဲ့ အရည်စစ်ယူပါ ရလာတဲ့အရည်က em 3 ပျော်ရည်ပါ em 3မှာ အဏုဇီဝပိုးမျိုးကွဲပေါင်း ၈၀ ကျော်ပါပါတယ် ပါဝင်တဲ့ microbes တွေရဲ့ 90% ဟာ photosynthetic bacteria (အလင်းမှိအစာချက်လုပ်မှုကိုကူညီတဲ့ ဘတ်တီးရီးယား) တွေဖြစ်ပါတယ် em 4 ပြုလုပ်နည်း ၁ em 3 အရည်ကို လေလုံတဲ့ဘူးထဲမှာဘာမှမရောဘဲတစ်ပတ်တိတိထားပါ တစ်ပတ်ပြည့်တာနဲ့ em 4 ပျော်ရည်ဖြစ်သွားပြီး em 4 ပျော်ရည်ရပါ့မယ်
EMဆိုသည်မှာ 🌻🍀🌻🍀🌻🍀🌻🍀🌻 🍀EM ကို သာမန်လူများ နားလည်လွယ်အောင်ဖေါ် ပြရလျှင် အချည်ဖေါက်ထားသော ဇီဝဖျော်ရည် တစ်မျိုးဖြစ်သည်။ 🍀ဗမာတို့ နှစ်သက် သောက်သုံးတက်သော ဒိန်ချည် (သို့မဟုတ်) အနောက်တိုင်းသားတို့ နှစ်သက်လှသော ဒိန်ခဲ တွင်ပါ၀င်သည့် အလင်းခံ၌ အချည်ဖေါက်ထားသော ဓါတ်ပစ္စည်း ( လက်တစ်အက်စစ်၊ ဘက်တီးရီးယား) အရက်ချက်ရာ၌ ကဇော် ဖေါက်ခြင်း ပါမုန့်ဖုတ်ရာ၌ ဂျုံကိုဖေါက်ခြင်း ၊စသည့်တို့၌ သုံးသည် တဆေး (ယိစ်) ၊ စိမ်းပြာရေညှိနှင့် အမျိုးတော်သည် အညှိ ဓါတ်တစ်မျိုး (ဖိုတိုထရော့ဖ် ဘက်တီးရီးယား) စသည့် ဓါတ်ပစ္စည်းများ ကို သကာရည် ၊ တင်လဲရည်တွင် ဖျော်ထားခြင်းပင်ဖြစ်သည်။ 🍀ဒိန်ချည်သည် အူလမ်းကြောင်း အတွင်းရှိ အဖျက်ပိုးများကို သေစေပြီး အစာကြေ လေ၀မ်းမှန်စေကာ ကျန်းမာရေးအတွက် အထူးကောင်းမွန် ကြောင်းလူသိများသည်။ 🍀ကဇော်ဖေါက်သည့် တဆေးမှာလည်း ဗီတာမင်များထုတ်လုပ်ပေးရာတွင် နံမည်ကြီးသည် တစ်ချိန်က ဘီပီအိုင် စက်ရုံမှ ထုတ်လုပ်ပေးခဲ့သော ဘားပလက်၊ ကွန်းပေါင်းဗီတာမင်ဆေးပြားများသည် အရက်ချက်စက်ရုံးများမှ ပိုလျှံသော တဆေးများကို အခြေခံ၍ ထုတ်လုပ်ခြင်းဖြစ်သည်။ တဆေး၏အစွမ်းကို သိသော တရုတ်လူမျိုးတို့က ကြက်ဥနှင့် ကဇော်ဖက်ကို ရောစပ်၍ ကြက်ဥ ကဇော်ကို မဟာအားဆေးဓါတ်စာ တစ်ခုအဖြစ်စားသောက်လေ့ရှိကြသည်။ 🍀စိမ်းပြာရေညှိ မှာလည်း အစွမ်းထက်သော သြဇာဓါတ်တစ်မျိုး ဖြစ်ကြောင်း လူတိုင်းသိပြီ ဖြစ်သည် ။အဆိုပါ ဓါတ်ပစ္စည်းများကို ပေါင်းစပ်လိုက်သောအခါ လူကို ဥပါဒ်မပေးတက်သော ဓါတုဆေးဝါးများဖြင့် ထုတ်လုပ်ခြင်းမဟုတ်သော သဘာ၀နည်းစဉ်ဖြင့် ထွက်ပေါ်လာသည့် အစွမ်းထက် ဇီဝဖျော်ရည် ရရှိလာခြင်း ဖြစ်သည်။ 🍀EM ဖျော်ရည် အစွမ်းထက်ရခြင်းမှာ ဖျက်ပိုးများကိုနှိမ်းနင်းပေးခြင်း၊ ဇီ၀ ပစ္စည်းများကို ဆွေးမြေ့အောင်လုပ်ပေးခြင်းနှင့် အကျိုးပြုသြဇာဓါတ်များ ထုတ်ပေးခြင်းဟူသော အဓိက အစွမ်းသတ္တိ (၃ )မျိုးကြောင့် ဖြစ်လေသည်။ 🍀ဒိန်ချည် တွင် ပါ၀င်သည့် အချည်ဓါတ် အလင်းများကပိုးသတ်ရာတွင် အစွမ်းထက်သည့် ပစ္စည်းနေသော ဇီ၀ပစ္စည်းများ အသားမျှင်များကို အမြန်ဆုံးဆွေးမြေ့ သွားစေသည်။ 🍀လူ/ တိရိစ္ဆာန် တို့၏အညစ်အကြေးများ ၊ ပုတ်သိုးသော အစားအစာများ ၊အမှိုက်များ၊ အသေကောင်ပုတ်များ လေ၀င်လေထွက်နည်း၍ အစိုပြန်သော အခန်းများ ၊ အနံအသတ် နံစောခြင်းမှ မကောင်းသောရောဂါ သယ်ဆောင်သော ဘက်တီးရီးယား ပိုးမွှားများကြောင့်ဖြစ်သည်။ ယင်းပိုးများကို အချဉ် ဓါတ်ဖြစ်စေသည့် အကျိုးပြုပိုးများက သတ်ပစ်လိုက်သည့်အတွက် အနံအသက်နှင့် ကျန်းမာရေးကို ကောင်းစေခြင်း ဖြစ်သည်။ 🍀တဆေး ဓါတ်က သက်ရှိများ ၏ဇိ၀ ဖြစ်စဉ်ကို လှုံံ ဆော် ထိမ်းကြောင်းပေးသော ဟော်မုန်းဓါတ်များနှင့် အင်ဇိုင်းများကို ထုတ်လုပ်ပေးသည်။ ဒိန်ချဉ် အလင်းဓါတ် နှင့် အညှိဓါတ် များ ပိုမို တိုးပွား အားကောင်းလာစေရန်လည်း ထောက်ပံ့ အားပေးသည်။ 🍀အညှိဓါတ် ကမူ အပုတ်အသိုးဆွေးမြေ့နေသော ဇီ၀ဓါတ်ပစ္စည်းများ အနံအသတ်ဆိုးသော ကန့်အောက်ဆိုဒ် ဓါတ်ငွေ့့များကို နေရောင်ခြည်နှင့် မြေတွင်းမှ အပူဓါတ်တို့ဖြင့် ချက်လုပ်ပေးသည့် သကြားဓါတ်နှင့် အခြားအကျိုးပြု ဓါတ်ပစ္စည်းများကို ထုတ်လုပ်ပေးသည်။အညှိဓါတ် ကထုတ်လုပ်ပေးသည့် သကြားဓါတ်သည် အချဉ်ဖေါက်ရာတွင် အသုံးတည်ပြန်သည်။ EM အသုံးများ 🌸🌳🌸🌳🌸🌳🌸🌳🌸 🌻EM ကိုအဓိက အားဖြင့် စိုက်ပျိုးရေးတွင် သုံးသည်။ မြေပြင်ချိန်မှ စ၍ ရိပ်သိမ်ြး့ပီးချိန်ထိ EM ကို အမျိုးမျိုးသုံးနိုင်သည်။ EM သည် မြေဆီလွှာကို ချဉ်ငန်ဓါတ်သင့်တင်မျှအောင် ထိန်းပေးသည်။ အပင်အားကောင်းစေသည် အသီးအပွင့်လှသည်။ 🌻အသီးအပွင့် အရွက်များ၌ ဗီတာမင်နှင့် အဟာရ ဓါတ်များ ကြွယ်၀ စေသည် ပေါင်းရှင်းရ သက်သာစေသည် ၊ ရောဂါပိုး အကျနည်းသည်။ 🌻ရိပ်သိမ်းပြီးချိန်၌ EM ဖြန်းပေးပါက စွန့်ပစ်အရိုး အရွက်များ လျှင်မြန်စွာဆွေးမြေ့ကာ မြေသြဇာဖြစ်ပြီး မြေနှပ်ပြီးသွား ဖြစ်သွားစေသည်။ 🌻EM ကို မွေးမြူရေး၌လည်း အသုံးပြုနိုင်သည် ကြက်ခြံများ၌ အောက်စပါးခွံတွင် EM ဖြန်းထားပါက အနံဆိုးပျောက်သည် ကြက်သောက်ရေ တွင် အနည်းငယ်ထည့်တိုက်ပါက ကြက်များရောဂါကင်းပြီး ဥနှုန်းကောင်းသည် ။ဥအရွယ် ပို၍ကြီးသည်။ 🌻၀က်များတွင်လည်း EM ကိုအစာ၍ ထည့်ကျွေးလျှင် အသားတိုးကောင်းပြီး ရောဂါကင်းစင်ပြီး နွားများ၍လည်း အလားတူပင် ဖြစ်သည်။ 🌻၀က်ချေး နွားချေးပုံများ၌ EM ကို ရော၍ ဖြန်းထားပါက အနံဆိုးပျောက်၍ မြေဆွေး ဖြစ်လွယ်သည်။ EM ဖြန်းထားသော နွားချေးမြေဆွေးက ပို၍ မြေသြဇာကောင်းသည်။ 🌻ငါးကန်ပုဇွန် ကန်များ ၍ EM ထည့်ပေးပါက ငါး ပုဇွန်များ ရောဂါကင်းပြီး အသားတိုးသည်။ အမိုနီးယား ဓါတ်ငွေ့ ထွက်ခြင်း လျှော့ပါးစေသည်။ သဘာ၀ပတ်၀န်းကျင် ထိမ်းသိမ်းရေး အတွက်လည်း EM ကို များစွာအသုံးပြုလျှက်ရှိသည်။ 🌻 မြို့ကြီးများ၍ အမှိုက်ပုံကြီးများကို EM ထည့်၍ နှပ်ထားလိုက်ပါက အနံအသက် ကင်းစင်ပြီး အလျှင်အမြန်မြေဆွေး ဖြစ်သွားသည်။ 🌻 ယင်ကောင်များ မပေါက်ဖွားစေရန် ဟန်တားပေး သည်။ အမှိုက်ထုထည် လျှော့ကျသွားစေသည်။ မိလ္လာရေဆိုး စနစ်များတွင်လည်း EM ဖျော်ရည် ထည့်၍ စစ်ထုတ်ပါက ရောဂါပိုး ကင်းစင်၍ သန့်ရှင်းသော ရေသန့်များ ပြန်ထွက်လာသည် ။ 🌻ကြွမ်းကျန်သော အညစ်အကြေးမှာလည်း လျှင်မြန်စွာဆွေးမြေ့၍ ထုထည်ရာခိုင်နှုန်း ၈၀ ခန့် လျှော့ကျသွားသည်။ညစ်ညမ်းသော စက်မှုသုံးရေများ အဆိပ်သင့် ဓါတုပစ္စည်းများ ရောနှောနေသော မြေကြီးများကို သန့်စင်ရာ၌လည်း Em ကိုသုံးသည်။ သဘာဝရေအိုင်ရေကန်များ ညစ်ပတ်နေလျှင် ရေညှိမှော်များနေလျှင် သန့်ရှင်းစင်ကြယ်စေရန်လည်း Em ကို သုံးသည်။ 🌻သန့်ရှင်းစေပြီး အနံဆိုး ပျောက်စေသောကြောင့် EMကို အိမ်သုံး ပစ္စည်း အဖြစ်ပါ တွင်တွင်ကျယ်ကျယ် သုံးလာကြပြီး ဖြစ်သည်။ 🌻 ခြေအိတ်စွတ် ရှုးဖိနပ်စီးသူများ ခြေထောက်နံစော်ခြင်းပျောက်စေရန် EM နှင့် အမွှေးနံပေါင်းစပ်ထားသောရေနွေးဖြင့် စိမ့်ကြသည်။ 🌻အိမ်သာ ဆေးခြင်း၊ ပုဂံရေဆေးခြင်း၊ အမှိုက်ပုံဆေးခြင်းကြမ်းတိုက်ခြင်းမှအစ မော်တော်ကား အနံအသက်ပျောက်ဆေးအထိ EM က နေရာယူလာသည်။ 🌻ဟင်းသီးဟင်းရွက် အသားငါး စဉ်နီတုံး ဆေးကြောခြင်းမှ အစ EM ရော စပ်ထားသော ရေကိုသုံးလာပြီး ဖြစ်သည်။ 🌻အမြင်ကျယ်သူများက EM ကို လူတို့သောက်သုံးသည့် ကျန်းမာရေး အဟာရ အဖြစ် ဖျော်ရည် အဖြစ် တီထွင်ထုတ်လုပ်လာသည်။ အထူးသဖြင့် အပုတ်အစပ်ကို နိုင်သည် ယဆီးချိုကြောင့် မပျောက်နိုင်သော အနာဆွေးများ အစာချက်နည်း ၍ ခေါင်းမူးခေါင်းကိုက်ခြင်းများ အစာမစားနိုင်၊ အားနည်းသော နာတာရှည်ရောဂါသည်များ နှင့် အထူးသင့်လျှော်သည် ဟုဆိုသည်။ 🌻ရပ်ရွာများတွင်အစဉ်အလာအရ မိုးရေများကို လှောင်ထားသည့် သောက်သုံးရေကန်များရှိသည်။ ထိုကန်များကို သန့်ရှင်းအောင်လုပ်ရာတွင် အလွယ်ဆုံးနှင့် စရိတ်အနည်းဆုံးနည်းမှာ EM ပင်ဖြစ်ပေသည်။ 🌻 EM ကိုရေ အဆ ၁၀၀၀ လျှင် EM ၁ ဆနှုန်းထည့်ပေးပါကရေသည် PH 7 အဆင့်မြင့်ပိုးသတ်ပြီး သားဖြစ်သွားမည့် အပြင် ကန်ထဲတွင်ကျနေသော အမှိုက်သရိုက်များ၊ အကောင်ပုတ် စသည့် တို့လည်း လျှင်မြန်စွာ ဆွေးမြေ့ပျောက်သွားမည် ဖြစ်ပါသည်။ 🌻၀မ်းနှင့် ပတ်သက်သော ရောဂါများမပြန့်ပွားရေး အတွက် အိမ်သာသည် အဓိကဖြစ်သည်။ အိမ်သာများ၌ ကျင်းအတွင်း EM ကို ရေနှင့် ၁:၁၀၀ ဖြင့်လောင်းထည့် ပါက ပိုးသတ်ပြီးဖြစ်ကာ ယင်များ မပေါက်ဖွားနိုင်ပါ။ ရွာအမှိုက်ပုံများတွင်လည်း အလားတူ EM ဖြန်းထားပါက ယင်ပေါက်ပွားမှုကင်းပြီး သဘာဝမြေသြဇာ မြေဆွေးများရရှိနိုင်မည် ဖြစ်ပါသည်။ 🌻စိုက်ပျိုးရေးနှင့် ပက်သက်ပြီး EM ဘိုကာရှီးသဘာ၀မြေသြဇာလုပ်ပြီး အတိုင်းအတာ တစ်ခုအထိဖြည့်ဆည်းပေးနိုင်ပါသည်။မုန်တိုင်းဒဏ်ကြောင့် လဲကြနေသောသစ်ပင်များမှ သစ်ကိုင်းများ၊ သစ်ခတ်များ၊သစ်ရွက်များကို EM ဖြန်းထားပေးခြင်း ရောနှောပေါင်းစပ်ကာ မြေဆွေးလုပ်နိုင်ပါသည်။ 🌻EM သည် မြေဆီလွှာ ချဉ်ငံ့ဓါတ်ကို မျှတအောင်သတ္တိရှိရာ ဆားငံ့ရေ ၀င်ထားသော လယ်မြေများအတွက် အကျိုးရှိနိုင်သည်။ 🌻ငါးပုဇွန်ကန်များအတွင်း အထွက်တိုးစေရေးအတွက် EM က အထောက်အကူပြုနိုင်ပါသည်။ ဦးကိုကိုလှိုင် (အထက်ပါ ဆောင်းပါးအား သာကီနွယ် မြန်မာသတင်း ၀ဘ်ဆိုဒ် ကျေးလက်ကဏ္ဍ မှကောက်နှုတ်ဖော်ပြပါသည်။)
ဆက်စပ်မေးခွန်းများ
ကြက်မွေးြမူရေ စာအုပ်လေးတင်ပေးပါလာ ဆရာတို့ ဥစားကြက် နဲ ဒေသကြက်အတွက်ပါ သိချင်လို့ ပါ
ဖြေကြားချက် 1 ခု
ဥစားကြက်စာ စပ်နည်း သိချင်ပါတယ်ဗျာ။ ဘယ်လို စပ်ရလဲ
ဖြေကြားချက် 1 ခု
ကြက်ခြံမွေးမြူရေး အခုမှစလုပ်ချင်တာပါဘာတွေလိုအပ်လဲသိချင်လို့ပါ စီနီယာတို့ပြောပြပေးပါ😊😊
ဖြေကြားချက် 1 ခု
ကြက်ဆေးအကြောင်းလေးမေးချင်လို့ပါ သိရင်ဖြေပေးပါခင်ဗျာ
ဖြေကြားချက် 1 ခု
ကြက်တွေ ချွဲကျနေတာ ဘာဆေးတိုက်ရမလဲဗျ။ ထိုးဆေးဆိုရင်ရော ဘာအဆင်ပြေလဲဗျ။
ဖြေကြားချက် 1 ခု