ဖြေကြားချက် ၂ ခု
အေပါ်က ပုံက ပိုးစေးနှဲပါ။ ပိုးစေးနှဲဆိုရင်တော့ အောက်ပါနှိမ်နင်းနည်းတွေ အသုံးပြုနိုင်ပါတယ်။ ၁။ ရေသက်သက်ဖြင့် ဖျန်းပက်ပါ။ ပိုးစေးနှဲတွေကို ရေနဲ့ဖျန်းပြီး ဖယ်ရှားလို့ရပါတယ်။ လိုအပ်သလို ထပ်ခါထပ်ခါ ဖျန်းပါ။ ၂။ ဆပ်ပြာအနည်းငယ်ရောဖျန်းပါ။ ဆပ်ပြာ (အရောင်အနံ့မပါပါက ပိုကောင်း) မှာ ပိုးသတ်ဆေးအာနိသင်ပါသလို အပင်အရွက်တွေမှာ ကပ်တွယ်နိုင်စွမ်းရှိပါတယ်။ ၄ ဂါလံပုံးတစ်ပုံးမှာ ဆပ်ပြာ ၁-၂ ကျပ်သားဆို လုံလောက်ပါတယ်။ ရွှေဝါဆပ်ပြာဆို ပိုကောင်းမယ်ထင်ပါတယ်။ ၃။ ပိုးသတ်ဆေး ဖျန်းချင်တယ်ဆိုရင်တော့ အန္တရာယ်ကင်းတဲ့ တမာပိုးသတ်ဆေး သုံးနိုင်ပါတယ်။ တမာပိုးသတ်ဆေးမှာ မှိုသတ်နိုင်တဲ့ အာနိသင်ရှိသလို အပင်ထဲကို စိမ့်ဝင်နိုင်စွမ်းလည်း ရှိပါတယ်။ ဒါကြောင့် ဟင်းသီးဟင်းရွက်စိုက်ခင်းတွေမှာလည်း ပိုးသတ်ဆေး အန္တရာယ် စိတ်ပူစရာမလိုပဲ အသုံးပြုနိုင်ပါတယ်။ ၄။ သဘာဝ ပိုးသတ်ဆေးကို ကိုယ်တိုင်ဖျော်ပြီး အသုံးပြုနိုင်ပါတယ်။ ဒါမှမဟုတ် ပင်လုံးပြန့်သဘာဝပိုးသတ်ဆေးအကြောင်း ဒီလင့်မှာ သွားဖတ်နိုင်ပါတယ်။
ဒီလိုမျိုးဖြစ်နေတာထင်တယ်။ ဟုတ်ပါလား။ တော်ကြာမှားသွားမှာစိုးလို့ပါ။ မေးခွန်းမေးရင် ဓာတ်ပုံလေးတွေပါ တင်ပေးရန် ပိုကောင်းပါမယ်။ အခု ဗားရှင်း ၁.၇.၁ က စလို့ ဓာတ်ပုံပါ တင်လို့ရပါပြီ။
ဆက်စပ်မေးခွန်းများ
စိုက်ပျိုးရေး ပါရမီရှင်များခင်ဗျာ မှော်ဘီ ဒေသမှာ လိမ္မော်စိုက်ရ မရသိချင်ပါတယ်ခင်ဗျာ နားလည်တက်ကျွမ်းသူများ ကျေး...
ဖြေကြားချက် 1 ခု
ဂွေးချိုသီးပင်အသီးနည်းပြီးပျားတအားထိုးပြီးအသီးကြွေများနေတယ်။အသီးသေးပြီးအမြစ်ပိုးလိုက်နေတယ်။ဘာဆေးသုံးပြီးပျား...
ဖြေကြားချက် 0 ခု
မြေဆီလွာ ကို အမြန်ဆုံး နဲ့ အထိရောက်ဆုံး အကျိုးပြုနိုင်တဲ့ သဘာဝမြေသြဇာ လုပ်နည်း သိပါရစေ ခင်ဗျ လေးစား...
ဖြေကြားချက် 1 ခု
ဖရဲ ပျိုးပင်လေးတွေ ၂ ရွက်ထွက်ချိန်သေသွားတတ်ကြတာ ဘာကြောင့်ပါလဲ
ဖြေကြားချက် 3 ခု
Emဘိုကာရှီမြေဆွေးကို ဘယ်လိုလုပ်ရ ပါသလဲ?
ဖြေကြားချက် 2 ခု