ဖြေကြားချက် ၂ ခု
ကောင်းကျိုးတွေအနေနဲ့ကတော့ သဘာဝဆေးဖြစ်တဲ့အတွက် ပတ်ဝန်းကျင်နဲ့ သီးပင်တွေမှာလည်းအန္တရာယ်ကင်းတာပေါ့ရှင့်။ ဓာတုပေါင်းသတ်ဆေးတွေကတော့ ဓာတ်ကြွင်းတွေအရမ်းများပြီး လူမှာ အပင်မှာ မြေကြီးတွေကို အန္တရာယ်ဖြစ်စေနိုင်တာဆိုတော့။ အချိုးအစားမှန်မှန်မသုံးမိလိုက်တာမျိုးဆိုရင်လည်း အပင်လောင်တာတွေပဲ ရလာဒ်အနေနဲ့ကျန်ခဲ့မှာ။ ဆိုးကျိုးရယ်လို့မဟုတ်ပေမဲ့ သဘာဝဆေးသုံးရင်တော့စိတ်ရှည်ရပါတယ်။ ဓာတုဆေးသုံးလို့ဖြန်းပြီး နာရီပိုင်းမှာပေါင်းတွေခြောက်သွားတာဖြစ်ပေမဲ့ သဘာဝဆေးဆိုရင်တော့ အနည်းငယ်ကြာမှာပါ့။ သိသလောက်မျှဝေပေးတာပါ။ ဆိုင်မှာဝယ်စရာမလိုဘဲ ကိုယ်တိုင်လုပ်နိုင်တဲ့ ပေါင်းသတ်ဆေး သဘာဝပေါင်းသတ်ဆေး အခုပေးထားတဲ့ဆောင်းပါးတွေမှာ လုပ်နည်းတွေပါပါတယ်။ လေ့လာကြည့်ပါရှင့်။ အဆင်ပြေပါစေ။
ကျေးဇူးပါ
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ဆူးပုတ် ကိုမည်သို့ပျိုးထောင်သနည်း?
ဖြေကြားချက် 4 ခု
ဆူးပုပ်ကြီးအညွှန့်လေးတွေဝါနေလို့ပါ
ဖြေကြားချက် 1 ခု
ကိုင်းကူးနည်းလေးသိချင်လို့ပါဗျ
ဖြေကြားချက် 1 ခု
ဆူးပုတ် ကိုဧကကွက်စိုက်ပျိုးရန်အတွက် ပင်ခြား တန်းခြားထားသင့်သောအကွာအဝေး သိခြင်ပါတယ်
ဖြေကြားချက် 3 ခု
ဆရာတို့ရေကျွန်တော်ခြံကမြေကြီကခရမ်းဆူးပုပ်တို့စိုက်တာအမြစ်တွေပုတ်ပြီသေနေပါတယ်ဘာဖြစ်တာလည်ခဗျာဘာဆေးနဲ့နိုင်ပါသလည်...
ဖြေကြားချက် 1 ခု