အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
58
လွန်ခဲ့သော ၈ နှစ် က · ဖျာပုံ

မိုးစပါးကျ ဲတာ ၂ နှစ်ရှိပါပြီဒေသအခေါ ်သမန်းဝဲစားတယ် ပြောတယ်မျ ို းညှောင့်တေကျဲထားတဲ့လယ်ကန့်တိုင်းသေကုန်တာရေ...

မိုးစပါးကျ ဲတာ ၂ နှစ်ရှိပါပြီဒေသအခေါ ်သမန်းဝဲစားတယ် ပြောတယ်မျ ို းညှောင့်တေကျဲထားတဲ့လယ်ကန့်တိုင်းသေကုန်တာရေနှုတ်ကျ ဲတဲ့သူကျ မျ ို းပေါက်တယ်အဲတာမြေအ ချ ဉ်ဓါတ်ရှိလို့ထုံးထည့်ရမယ်ပြောတယ်၁ဧကထုံးဘယ်လောက်ထည့်ရမယ်ဘယ်လိုပြုလုပ်ရမလဲသိချင်လို့ပါ ဖျ ာပုံ ကျ ုံကူကွင်းကပါ

မြေဆီလွှာ စပါး မြေချဉ်ငန်ဓာတ် (pH)

ဖြေကြားချက် ၂ ခု

31,851 လွန်ခဲ့သော ၈ နှစ် က

ရေထုတ်ပြီး ကြဲရင် ထုံးထည့်စရာမလိုဘဲ ပေါက်ပါတယ် ရေနုတ်လို့ အဆင်မပြေလို့လား ရေခံကြဲခင်းစနစ်ဆိုရင် စပါးကြဲချိန် ရေမနောက်တဲ့အချိန်ကြဲပါ မျိုးညှောင့်ဖောက်တဲ့အနေအထားကလည်း စာပါးစပ်ပြူအနေအထားဘဲ ဖြစ်ရမှာပါ ဒါဆို အဆင်ပြေပါတယ်

လွန်ခဲ့သော ၈ နှစ် က

မြေအမျိုးအစားပေါ် မူတည်၍ ထည့်သွင်းမည့် ထုံးပမာဏကို ခန့်မှန်းနိုင်ပါတယ်။ထုံးမထည့်မှီ မြေချဉ်ငန်ကိန်းသိဖို့လိုပါတယ်။ ထုံးကိုသဲသမမြေများတွင် တစ်ဧကတွင် ၁၅၀ မှ ၃၀၀ ပိဿာ ထည့်ပေးရမည်။ မြေစေးများတွင် ပိဿာ ၃၀၀ မှ ၅၀၀ ထိ ထည့်ပေးရန်လိုအပ်ပါတယ်။(ကိုးကား DAR) ။ ထုံးထည့်ပေးရာတွင် အပေါ်လွှာ(ဝ-၁၀ စင်တီမီတာ) အတွက် pH ၅.၂ အထိ ရောက်အောင် ထုံးထည့် ရမည်. အောက်လွှာ (၁၀-၂၀ စင်တီမီတာ) အတွက် pH ၅.၅ အထိရောက်အောင် လိုအပ်သည့် ထုံးပမာဏ ထည့်သွင်းပေးရမည်။ pH ၆ အထက်ရောက်စေသော ထုံးထည့်ခြင်းများ မပြုလုပ်သင့်ပါ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။