အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
641
လွန်ခဲ့သော ၄ နှစ် က · မုဒုံ

ကျိုက်မရောမြို့နယ်မှာရော်ဘာစစိုက်မလိုပါ ဘယ်ကိုင်ကူးမျိုးကအဆင်ပြေမလဲ ဘယ်နှစ်ပေခြားစိုက်တာအကောင်းဆုံးလဲ စိုက်...

ကျိုက်မရောမြို့နယ်မှာရော်ဘာစစိုက်မလိုပါ ဘယ်ကိုင်ကူးမျိုးကအဆင်ပြေမလဲ ဘယ်နှစ်ပေခြားစိုက်တာအကောင်းဆုံးလဲ စိုက်နည်းလေတွေပြောပြပေးပါလား ဆရာအပေါင်းတို ခင်ဗျား

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
စိုက်ပျိုးနည်း ရော်ဘာ
Post image

ဖြေကြားချက် ၃ ခု

အတည်ပြုပြီး 323,965 လွန်ခဲ့သော ၄ နှစ် က
ဤအဖြေဖြင့် ပြေလည်

ကျိုက်မ​ရောက​တော့ မွန်ပြည်နယ်ထဲက မြို့နယ်တစ်ခုပါဘဲ ​ရော်ဘာနဲ့ အလှမ်း​ဝေးမှာ မဟုတ်ပါဘူး မျိုးအ​နေက​တော့ BPM-24နဲ့ PB-260 မျိုးနှစ်မျိုးထဲက ကြိုက်တာစိုက်ပါ။ ကျ​နော်က​တော့ PB-260 စိုက်ရင် ပို​ကောင်းမယ်လို့ အကြံပြုလိုပါတယ် ​ရော်ဘာသီးသန့် စိုက်မယ်ဆိုရင် စိုက်စနစ်ကို ​ပေ၂၀ x ၁၀ ​ပေ, ၂၂​ပေ x ၉​ပေ ကြိုက်တာနဲ့ စိုက်လို့ရတယ် အပင် ၂၂၀ ဝင်ပါမယ်။ အကြံပြုချင်တာက ​ရော်ဘာအ​ခြေခံ ဘက်စုံခြံ လုပ်​စေချင်တာပါ။ ​ရော်ဘာကို ၁၂​ပေx၆​ပေနဲ့ ၂တန်းစိုက်ပြီး ​ပေ၆၀ခြားကွက်လပ်ချန်ကာ ၁၂​ပေx၆​ပေ ၂တန်းစိုက်ပါ။ ကြား၆၀​ပေ ကွက်လပ်မှာ မိမိကြိုက်တာ စိုက်ပါ ​မွေးပါ။ ​ရေရမယ်ဆိုရင် ဟင်းသီးဟင်းရွက်စိုက်ပါ။ ကြက် ဝက်လည်း​မွေးနိုင်သလို ဥယျာဉ်ခြံသီးနှံ စိုက်လို့လည်းရပါတယ်။ အခြားသစ်​တောပင် မန်ဂျန်ရှားလည်း စိုက်လို့ရပါတယ်။ လက်​တွေ့သိချင် မြင်ချင်ရင် စိုက်ပျိုး​ရေးသု​တေသနက မုဒုံ နှစ်ရှည်ပင် သု​တေသနနဲ့နည်းပညာဖွံ့ဖြိုး​ရေးခြံမှာ သွား​ရောက်​​လေ့လာနိုင်ပါတယ်။ ဆရာ ဦးသတ္တိဇော်မှ ဖြေကြားပေးထားတာပါဗျ။

641 လွန်ခဲ့သော ၄ နှစ် က

ရော်ဘာစိုက်ကျင်းထဲမှာဘယ်မြေသြဇာကို ဘယ်လောက်ထည့်သင့်သလဲ ရှင်းပြပေးပါလားခင်ဗျား

641 လွန်ခဲ့သော ၄ နှစ် က

မုဒုံသါးတစ်ယောက်ပါဘဲ အခုလိုဖြေကြားပေးတယ်အတွက်ကျေးဇူးတင်ပါတယ်

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။