ဖြေကြားချက် ၂ ခု
ငါးကန်ရေနောက်ပါက ၁ ဧကလျှင် အခြေအနေအလိုက် ကျောက်ချဉ် ၁၂ ပိသာမှ ၂၄ ပိသာ၊ ထုံး ၆၀ ပိသာမှ ၁၂၀ ပိသာထိ ထည့်ပေးရပါတယ် ရေကြည်နှုံး ငါးအခြေအနေအရ တတ်သိနားလည်သူ အကူအညီဖြင့် ထည့်ပါ ခင်ဗျာ
ငါးကန်အတွင်းထုံး၏အသုံးဝင်ပုံ -------------------------------- 👉 ထုံးထည့်ခြင်းဖြင့် ရနိုင်မည့်အကျိုးကျေးဇူးများ (က) ကန်ရေ ကြည်လင်သွားသည်။ (ခ) အနည်ထိုင်ကာ ကန်ရေ နောက်ကျိမှု လျော့ကျသွားသည်။ (ဂ) ရေနှင့်မြေဆီလွှာမှ အချဉ်ဓာတ်ကို ဖယ်ရှားပေးသည်။ (ဃ) မကောင်းသော ဓာတ်ငွေ့များနှင့် ကပ်ပါး/အနုဇီဝ/ဘက်တီးရီးယား ပိုးမွှားများကို ပျက်စီးစေသည်။ (င) မြေသြဇာ၏အကျိုးအာနိသင်ကို တိုးစေသည်။ 👉 ထုံးပမာဏ/အချိုးအဆ ကန်ပြုပြင်နေစဉ် ကန်တွင်းရေထု ၁ ဒက်စီမယ် (ဝ.၀၁ ဧက) လျှင် မဖောက်ထုံး ၁ မှ ၂ ကီလိုဂရမ် (၆၃ မှ ၁၂၆ ကျပ်သားခန့်) ဖြူး/ထည့်ပါ။ ငါးသားပေါက်/ငါးမှုံ စတင်မွေးမြူပြီး၍ ၂လ-၃ လအကြာတွင် ကန် တွင်း ရေထု ၁ ဒက်စီမယ် (ဝ.၀၁ ဧက) လျှင် မဖောက်ထုံး ပမာဏ ၂၅၀ မှ ၃၀၀ ဂရမ် ဖြူး/ထည့်ပါ။ ထုံးရည်ဖျော်ခြင်း/ထုံးကို ရေစိမ်ခြင်း။ ထုံးကို စတီး (သို့) မြေအိုး၌ (ရေသုံးဆ ထည့်ကာ) စိမ်ရသည်။ ထုံး သည် ရေထဲ၌ ကောင်းစွာ အရည်ပျော်ဝင်သွားသည်အထိ စိမ်ရ၏။ 👉 ထုံးဖြူး/ထည့်ပုံ နည်းစနစ်များ။ ရေခမ်းပြီး ခြောက်သွေ့နေသော ကန်အတွင်း ထုံးကို အမှုန့်ပြုလုပ်ပြီး ကန်အောက်ခြေ ကြမ်းပြင်အနှံ့ စနစ်တကျ ဖြူးရမည်။ ကန်ပေါင် (တမံ) ၌မူ မိုးရာသီအတွင်း ရေတက် လာနိုင်မည့် အမြင့်ဆုံးနေရာအထိ ဖြူးရမည်။ အဆိပ်အတောက်ဖြစ်စေသော ငါးရိုင်းသတ်ဆေးထည့်ပြီး ၇-၈ ရက်အကြာ (နှင့်) မြေသြဇာမထည့်မီ ၄-၅ ရက်ကြိုတင်၍ ရေပြည့်နေသော ကန်အတွင်းသို့ ထုံးကို ဖြူး/ဖျန်းထည့်ရသည်။ ထုံးကို စတီးပုံး (သို့) မြေအိုး၌ (ရေသုံးဆ ထည့်ကာ) စိမ်ရ သည်။ ထုံးရည်အေးသွားလျှင် ထိုထုံးပျော်ရည်ထဲသို့ ရေထပ်ထည့်ရ၏။ ထို့နောက် တုတ် တစ်ချောင်းဖြင့် မွှေပြီး၊ ခွက် (သို) ဇလုံတစ်လုံးဖြင့် ကန်ရေပြင်အနှံ့ ပက်ဖျန်းပေးရသည်။ 👉 ထုံးကို သတိဖြင့် ဂရုတစိုက်အသုံးပြုခြင်း ထုံးကို သတိဖြင့် ဂရုတစိုက်အသုံးမပြုလျှင် ထုံးရည်ဖျော်စဉ်နှင့် ကန်အတွင်း ထုံးမှုန့် ဖြူး/ထုံးရည်ပက်ဖျန်းနေစဉ် မျက်နှာနှင့် မျက်လုံးတို့ ထုံးရည်ပူလောင်တတ်သည်။ ထို့ကြောင့် အောက်ပါ အချက် ၅ ချက်ကို အတန်ငယ် ဂရုစိုက်လျှက် သတိဖြင့် အသုံးပြု အပ်သည်။ (က) ပြည်တွင်းဖြစ် တဘက်/ပဝါတို့ဖြင့် ပါးစပ်နှင့် နှာခေါင်းတို့ကို စည်းကာထားရ၏။ (ခ) လေစုန်/လေဆန် ဂရုပြု၍ ထုံးရည် (မိမိကို မစင်အောင်) ပက်ဖျန်းရမည်။ (ဂ) ပလပ်စတစ်ဖြင့် ပြုလုပ်ထားသော ပုံး (သို့) ဇလုံအတွင်း၌ ရေစိမ်လျှင် ထုံးသည် ရေ၌ ကောင်းစွာ မပျော်ဝင်နိုင်ချေ။ (ဃ) ထုံးပူ/ထုံးရည်ပူကို မပက်ဖျန်းရ။ (င) မိုးအုံ့သော နေ့များ၌ ထုံးမှုန့်ဖြူး/ထုံးရည်ပက်ဖျန်းခြင်း မပြုရ။
ဆက်စပ်မေးခွန်းများ
ငါးသားဖောက်နည်း သိချင်လို့ပါ
ဖြေကြားချက် 1 ခု
စာအုပ်စဥ်မှ စာအုပ်ကိုဒေါင်းလုပ်ပြီး ပျက်သွားလို့နောက်တကြိမ်ဒေါင်းတော့ မရဖြစ်နေပါတယ် ဘယ်လိုလုပ်ပြီးရမလဲ စာမျက်...
ဖြေကြားချက် 5 ခု
စာအုပ်စဥ်မှစာအုပ်များ ဒေါင်းလုပ်ပြီးဖတ်မရပါ
ဖြေကြားချက် 2 ခု
ကျွန်မကငါးပြေမ၅၀၀၀ကျော်မွေးထားပါတယ်။၁၈ရက်ရှိပါသေးတယ်ရှင့်။ဆောင်းတွင်းကျရင်ငါးတွေကအေးလို့အောက်ဆီဂျင်ပြတ်ပြီးသေ...
ဖြေကြားချက် 2 ခု
လောက်သေဆေးလိုချင်လို့ပါ
ဖြေကြားချက် 2 ခု