အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
4,208
လွန်ခဲ့သော ၈ နှစ် က

မြေချဉ်နေတာ ဘယ်လိုပြင်ရလဲ

မြေဆီလွှာ အခြား

ဖြေကြားချက် ၂ ခု

27,452 လွန်ခဲ့သော ၈ နှစ် က

ထုံးထည့်မယ်ဆို သီးနှံစိုက်ချိန်နဲ့ ကပ်မထည့်ရပါဘူး၊၊ မစိုက်ခင် ၂လ- ၃လ ကြိုတင် ထည့်သင့်ပါတယ်၊၊ ထယ်မထိုးမီ ပက်ဖြူး၍ ထယ်ထိုးထွန်မွှေပြီး ကောင်းစွာပြန်နှံ့ ဖို့ လိုအပ်ပါတယ်၊၊ ထယ်နက်နက်ထိုးပြီး ထွန်မွှေရပါမယ်၊၊ တစ်ဧကမှာ မြေချဉ်ငံကိန်းတက်ဖို့ ထုံးထည့်ရမည့် ပမာဏက မြေအမျိုးအစားပေါ် မူတည်ပြီး မတူညီပါ၊၊ ပမာဏ အရမ်းများလို့ တစ်နှစ်ထဲနဲ့ မထည့်နိုင်ပါဘူး၊၊ ၃-၄ နှစ် ဆက်တိုက်ခွဲထည့်ရပါမယ်၊၊ မြေအမျိုးအစားအလိုက် ထုံးထည့်သွင်းနှုန်း သဲဆန်သောမြေ - ၃၀၀ ပိသာ၊ဧက နုန်းမြေ - ၅၀၀ ပိသာ၊ ဧက မြေစေးမြေ- ၆၅၀ ပိသာ၊ ဧက

27,452 လွန်ခဲ့သော ၈ နှစ် က

အမြဲ ရေမဝပ်အောင်လုပ်ပါ။ သဘာဝမြေသြဇာ ထည့်ပါ။ ထုံးကတော့ ကောင်းပေမယ့် ကုန်ကျစရိတ်ရှိတယ်။ ပြီးတော့ တစ်နှစ်ပြီးတစ်နှစ် ခွဲထည့်ပြီး ပြုပြင်ပေးရပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။