အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
2,263
လွန်ခဲ့သော ၄ နှစ် က · သထုံ

အောက်မြန်မာပြည် မွန်ပြည်နယ် သထုံဘက်မှာ လယ်ယာလုပ်ငန်းတွင် မိုးစပါး ရာသီစပါးကို တစ်ဧက တင်း ၅၀ နူန်းထွက်အောင်ဘယ်...

အောက်မြန်မာပြည် မွန်ပြည်နယ် သထုံဘက်မှာ လယ်ယာလုပ်ငန်းတွင် မိုးစပါး ရာသီစပါးကို တစ်ဧက တင်း ၅၀ နူန်းထွက်အောင်ဘယ်လိုစိုက်ပျိုးသင့်ပါသလဲ ဒီနှစ်နွေရာသီ မိုးစပါးရိတ်သိမ်းတာ တစ်ဧက တင်း ၂၀ သာသာလောက်ဘဲရတယ် ဧက ၃၀ ကျော် မိုးစပါးကြဲခင်းလုပ်တာ စပါး တင်း၆၀၀ ဘဲရတယ်ဗျာ ရာသီဥတုမမှန် မြေသြဇာ စျေးကလည်း ခေါင်ခိုက်နေတော့ အဆင်မပြေဘူးဗျာ ဘယ်လိုရာသီစပါးမျိုးစိုက်ပျိုးရမလဲ ဒီဘက်မှာတော့ ပေါ်ဆန်း ဘန်ကောက် ကမာကြည် စိုက်ပျိုးကြတာများတယ် အဓိက အထွက်နုန်းကောင်း တဲ့ ဘယ်လိုရာသီစပါးမျိုးစိုက်ပျိုးသင့်လဲ ဒီအတိုင်းဆို တောင်သူလယ်သမားတွေဘယ်လိုမှအဆင်မပြေတော့ဘူးဗျာ အကြံဥာဏ်ပေးကြပါဦး ပုံ စိုက်ပျိုးရေးပညာရှင်များ

စိုက်ပျိုးစီးပွား စပါး စပါးစိုက်ပျိုးနည်း

ဖြေကြားချက် ၂ ခု

အတည်ပြုပြီး 217,423 လွန်ခဲ့သော ၄ နှစ် က
ဤအဖြေဖြင့် ပြေလည်

အကို ဇေယျာလင်းရဲ့ အားကိုးတကြီး မေးထားတဲ့ မေးခွန်းကို ကျွန်တော့်အနေနဲ့ အထိ့ရောက်ဆုံးဖြေပေးချင်ပေမယ့် စပါးမျိုးတွေနဲ့ပတ်သတ်ပြီး လုံလောက်တဲ့ အသိပညာမရှိလို့ ရှေးဦးစွာတောင်းပန်ပါတယ် အကြံပေးချင်တာလေးတစ်ခုတော့ရှိပါတယ် အဲ့ဒါကတော့ အောက်ပါ လိမ္မော်ရောင်စာသားကို နိုပ်ပြီး စပါးမျိုးများစာအုပ်ကို အခမဲ့ သိမ်းယူနိုင်ပါတယ် ပြီးရင်တော့ မိမိဒေသနဲ့ကိုက်ညီမယ့်စပါးမျိုးကို စိုက်နိုင်ပါတယ်၊ နောက်တစ်ခုလေးမှာ ချင်တာက စပါးမျိုးကို ရေဆင်း စိုက်သုတေသနဌာန လို သို့မဟုတ် စိတ်ချယုံကြည်ရတဲ့ စပါးမျိုးထုတ်ကိုသာသုံးပါ၊ မျိုးချန်တဲ့ အစေ့တွေကိုဖြစ်နိုင်ရင်မသုံးပါနဲ့ ဒါမာ့သာ မျိုးရောမဟုတ်တဲ့ မျိုးအစစ်ကိုရနိုင်ပါမယ် နောက်တစ်ချက် က မျိုးထက်စာရင် မြေက အထွက် ရအောင် ပံ့ပိုးပေးနိုင်မယ့် မြေဆီဩဇာမြင့်တက်ဖို့ သဘာဝမြေဆွေးတွေ သစ်စိမ်းမြေဩဇာတွေကိုသုံးပေးပါ အကိုတို့ဘက်က မိုးများတဲ့မြေတွေဖြစ်နေလို့ ရယ် ဓာတုမြေဩဇာတွေ ပေါင်းသတ်ဆေးဒါဏ်တွေကြောင့် မြေချဉ်ငန်ကိန်းတွေ မကောင်းနိုင်လောက့်ပါ၊ ပျက်စီးနေပါပြီ ဒီ့အတွက်ပြင်ပေးရပါမယ်၊ ချက်ခြင်းတော့မရပါ နှစ်နဲ့ ချီကြာပါမယ်၊ အဲ့ဒီမျိုးမှန်တာရယ် မြေမှန်တာရယ်ဆိုရင် အထွက်ကို တင်း ၅၀ မရရင်တောင် တင်း ၄၀ အနဲဆုံးရဖို့ အာမာ့ခံပါတယ်၊ အထွက်ကောင်း စပါးမျိုးများ၏ အရည်အချင်းလက္ခဏာများ

2,263 လွန်ခဲ့သော ၄ နှစ် က

ကျေးဇူးပါဗျာ မြေကအဓိကဆိုတာသိထားပါတယ် နောက်နှစ် ကြိုးစားကြည့်ပါဦးမယ်

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။