အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
464
လွန်ခဲ့သော ၈ နှစ် က · တံတားဦး

အသီးကလဲဖြူနေတယ်အရွက်ကလဲဝါနေတာအသီးကလဲသိပ်မလိုက်ဘူးဗျတစ်ခင်းနဲ့တခင်းမတူဘူး

ပိုးမွှားရောဂါ ပဲတောင့်ရှည်
Post image
Post image
Post image
Post image
6

ဖြေကြားချက် ၆ ခု

464 လွန်ခဲ့သော ၈ နှစ် က

ကျေးဇူးညီ အသီးနည်းနည်းပြန်စိမ်းလာတယ်အထွက်ကတော့မကောင်းသေးဘူး

အတည်ပြုပြီး 185,097 လွန်ခဲ့သော ၈ နှစ် က

မင်္ဂလာပါ အကို အကိုဖြစ်တဲ့ ပြသနာက စုပ်စားပိုး ကြောင့်ဖြစ်တဲ့ ဗိုင်းရပ်ရောဂါပါ အကို့အပင်ပုံကြည့်ရတာ အရွက်တွေ ဆိုးဆိုးဝါးဝါး ကော့နေတာဖြစ်တဲ့ အတွက် ဖြုတ်စိမ်း တွေ ဆိုးဆိုးဝါးဝါး ကျနေလို့ပါ ဒီအချိန်က ယင်ဖြူကတော့ ပါးသွားတော့ ဖြုတ်စိမ်းအဓိက များမယ် ထင်ပါတယ် ဒီပြသနာ မတတ်အောင် အောက်ပါအချက်လေးတွေကို အဓိကထားလိုက်နာပါ ၁. အပင်ငယ်စဉ်ကတည်းက စုပ်စားပိုးအထူးသတိပြုပါ ၂.နိုက်ထရိုဂျင် လျှော့ ၍ ပိုတတ်တိုးကျွေးပါ ၃.ဗိုင်းရပ်ရောဒဏ်ခံနိုင်ရည်ရှိသော မျိုးကောင်းမျိုးသန့်များကိုရွှေးချယ်အသုံးပြုပါ ၄.မှန်ကန်သော ပင်ကြားတန်းကြား နှင့် လေဝင်လေထွက်သတိပြုပါ ၅.ရွက်ဖြန်းအားဆေးများ အလွန်အကျွံ အသုံးမပြုပါနှင့် ၆.သဘာဝမြေသြဇာများများ အသုံးပြုပါ ၇.ပေါင်းမြတ် ကင်းစင်ပါစေ ကျေးဇူးပါပဲ အကို

580 လွန်ခဲ့သော ၈ နှစ် က

မျိုးစေ့နဲ့လဲဆိုင်ပါတယ်မျိုးသန့်ကိုဝယ်စိုက်ပါ

464 လွန်ခဲ့သော ၈ နှစ် က

ကျေးဇူးပါဆရာ

44,928 လွန်ခဲ့သော ၈ နှစ် က

နိုက်ထရိုဂျင်။ဖေါ့စဖိတ်ရယ်ပိုတတ်စီယမ်ပါတဲ့ကွန်ပေါင်းလိုမြေသြဇာမျိုးပါ။ဥပမာ၁၅း၁၅း၁၅မျိုးပါအစ်ကို

44,928 လွန်ခဲ့သော ၈ နှစ် က

ပင်လုံးပြန့်ပိုးသတ်ဆေးဖျန်းပေးပါ။မြေဆွပြီးNPKပါတဲ့မြေသြဇာထည့်ပေးပါ။ဖြစ်နိုင်လျင်ဆာလဖာ၈၀ကိုဆေးဖျန်းပုံးတပုံးလျင်၅၀ဂရမ်ထည့်ဖြန်းပေးပါ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။