ဖြေကြားချက် ၄ ခု
မြန်မာနိုင်ငံမှာ ရွေးကြီးနံ့သာနီ ကို ပျိုးပင်လေးတွေနဲ့ စိုက်ကြတယ်။ ၀၉.၆၇၇၆၈၅၀၇၀ မှာ ဖုန်း ဆက်ပြီး မေးမြန်းစုံစမ်းလို့ရပါတယ်။သူက ရွေးကြီးနံ့သာနီပင်တွေ စိုက်ပျိုးထားသူပါ။ ပျိုးပင်တွေလည်း မှာလို့ရပါတယ်
ဒီမှာတွေ့တာက အပင်ကအသီးတောင်သီးနေပြီတဲ့ အစေ့ကပျိုးလို့ရလားသိချင်ပါတယ်
နံ့သာနီပင် လူပြောများနေပြီဖြစ်တဲ့ နံ့သာနီပင် အကြောင်း ကိုပိုပြီးပြည့်စုံအောင် တင်ပေးလိုက်တယ်၊ ကျနော်လည်း Taxonomist သာဖြစ်တာ နံ့သာနီပင်အစစ်ကိုမမြင်ဖူးပါဘူး၊ တလောက မိတ်ဆွေ ဆရာတဦးဆီမှာ နံ့သာနီအပင်ပေါက်ရှိတယ် သတင်းကြားလို့ သွားကြည့်မိတယ် အပင်ပေါက်လေးမှာ အရွက်ထွက်ပုံ တရွက်ထဲပါ ဒါနဲ့ သံသယရှိရှိနဲ့ ပြန်ခဲ့ရတယ် ၊ အစစ်လားအတုလား မပြောရဲဘူး၊ အခုတော့ အရွက်လေးတွေစုံပြီ ဆရာ လာကြည့်ပါဦးဆိုတော့ ရွက်မွှာလေး ၃ရွက်ထွက်နေတာမြင်ရတော့ အရမ်း၀မ်းသာမ်ိတယ် နံ့သာနီပင်အစစ်လေးကိုမြင်ရလို့ပေါ့၊ နံ့သာနီပင်ကို Sandalwood tree ခေါ်သလို ပဲမျိုးရင်း Fabaceae ထဲမှာပါပါတယ် ၊ ပိတောက်နဲ့ genus တူပါတယ်၊ ပိတောက်က သိပ္ပံ အမည်က Pteridocarpus macrocarpus ဖြစ်တယ်။ သူ့မှာ ရွက်မွှာ ၇ ရွက်လောက်ပါတယ်။ တကယ့် နံ့သာနီ ပင်အစစ်က တော့ သိပ္ပံ အမည် Pteridocarpus santalatus ဖြစ်ပြီး သစ်သားအတွင်းသားက အနီရောင်ပါ ထူးခြားတာက ပ်ိတောက်နဲ့မတူ ရွက်မွှာ ၃ ရွက်ဘဲပါတယ်၊ ကျန်တာအားလုံး အတူတူပဲခင်ဗျ၊ ပန်းပွင့်တာ နဲ့ အသီးသီးတာ တပုံစံထဲပါဘဲ၊ နံ့သာနီကို အဓိက စိုက်တာက အန္ဒိယမှာပါ၊ အခြား ဒေသဆီကို မျိုးမပြန့်ဖို့လည်း တင်းကြပ်စွာ ဥပဒေနဲ့တားမြစ်တာမို့. အပင်ကို မြင်ရဖို့ခက်လှပါတယ်၊ တလောက သတင်းတခုမှာ နိုင်ငံပိုင် နံ့သာနီသစ်တောကို ခိုးခုတ်တဲ့ သစ်ခုတ်သူ လူ ၂၀လောက်လို ပစ်ခတ်နှိမ်နှင်းလိုက်တဲ့သတင်း ဟာ ဒီအပင်ပေါ်မှာ ထားတဲ့ အစုိးရ သဘောထားကိုထင်ဟတ်စေပါတယ်၊ India မှာ နံ့သာနီနဲ့လုပ်ထားတဲ့ လူ့အသုံးအဆောင်တွေကလည်းစျေးကြီးလှတယ် အိန္ဒိယမှာ နံ့သာနီ စိတ်ပုတီးတကုံးဟာ ကျပ် ၄သောင်း အထက်မှာဘဲရှိပါတယ် ယပ်တောင်တခုဟာ ၅သောင်းနီးပါးရှိနေတာပါ။ ရနံ့ကလည်း အမြဲမွှေးနေတာပါ။ မြန်မာပြည်အလယ်ပိုင်းနဲ့ တောင်ပေါ်ဒေသ အချို့မှာ စိုက်နေတဲ့ နံ့သာနီကတော့ "ရွေးကြီးပင်များ"သာဖြစ်ပါတယ်၊ ဒါဆို ရွေးကြီးက တန်ဖိုးမရှိတော့ပြီလားလို့မေးစရာဖြစ်လာတယ်၊ ရွေးကြီးကလည်း တန်ဖိုးရှိပါတယ် သူ့ကို အချို့စာအုပ်များမှာ နံ့သာနီလိုဘဲခေါ်တာပါ၊ သူရဲ့အသားကလည်း အနီရောင်ပါဘဲ၊ သစ်ကျွမ်းကျင်သူများသာ ရွေးကြီး နံ့သာနီ ခွဲခြားနိုင်တာပါ၊ ဒါပေမဲ့ ရနံ့ကတော့ တကယ့် နံ့သာနီကိုမမီပါဘူး၊ နယ်စပ်စျေးကွက်မှာတောင် နံ့သာနီ ဆိုပြီးရွေးကြီးသားကိုရောပြီးရောင်းကြပါတယ်၊ ရွေးကြီးပင်က ယခင်က ကုက္ကိုပင် မျိုးရင်းထဲထဲထားပြီး အခုမှ Fabaceae ထဲထည့်ထားတာပါ ပန်ပွင့်ပွင့်ပုံကလည်း ရှားပင်ပွင့်သလိုပါ ၊ အသီးသီးစဉ်ကတော့ ပုံမှာအတိုင်း အသီးတောင့်အရှည်ဖြစ်ပြီး အက်ကွဲရာမှာ အနီရောင် ရွေးစေ့များထုတ်ပေးပါတယ်၊ ရွေးကြီးပင်ရဲ့ပုံကို တင်ထားပေးပါတယ်၊ နံ့သာနီပင်ပွင့်နေတဲ့ပုံကို Fame ကထုတ်တဲ့စာအုပ်ကယူပါတယ်၊ နံ့သာနီပင်ကတော့ ပိတောက်သီးလို တစေ့သာပါပြီး ခတ်ပြားပြားအတောင်ပါပါတယ်၊
ဆက်စပ်မေးခွန်းများ
ရော်ဘာစိုက်ခင်းထဲမှာ သီးညှပ်အဖြစ်ဘာတွေစိုက်လို့ရနိုင်လဲခင်ဗျာ
ဖြေကြားချက် 3 ခု
ဒီမြေဆွေးမျိုးရနိုင်မလားဗျ
ဖြေကြားချက် 2 ခု
ကျွန်းပင်စိုက်ရင် စိုက်တဲ့သူက တရားဝင်ရောင်းစားခွင့်ရှိလားဗျ
ဖြေကြားချက် 1 ခု
EM Bokashiကိုရော်ဘာရွက်ခြောက်နှင့်ပြုလုပ်လိုရပါသလား EM Bokashiပြုလုပ်နည်းဝေမျှပေးကြပါအုံးမိတ်ဆွေတို့
ဖြေကြားချက် 5 ခု
အပင်တွေအတွက်ရေလောင်းလို့အကောင်းဆုံးအချိန်လေးပြောပြကြပါအကိုတို့
ဖြေကြားချက် 1 ခု