အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
လွန်ခဲ့သော ၄ နှစ် က · မင်းဘူး

ကောက်ရိုးမှို စိုက်နည်းသိချင်ပါတယ်

စိုက်ပျိုးနည်း မှို (ကောက်ရိုးမှို)

ဖြေကြားချက် ၁ ခု

290 လွန်ခဲ့သော ၄ နှစ် က

ကောက်ရိုးမှို စိုက်ပျိုးထုတ်လုပ်ရာတွင် * မြေဘောင် *ကုန်ကြမ်း *ဂျပ်စက္ကူ စသည်တို့​​​ဖြင့် စုဖွဲ့စိုက်ပျိုးထားသော မှိုပုံ၏ အမြင့်ပမာဏ တထွာ တပေထက်မပိုပါက အနိမ့်ပုံစနစ် ခေါ်ဆိုကြောင်း တနေ့က postလေးမှာ ဖော်ပြပေးပြီးပါဘီ။ ယခုဆက်လက်ပြီး အနိမ့်ပုံစနစ် ဘယ်လိုစိုက်ကြမလည်း ဆိုတာ ဖော်ပြပေးပါ့မယ်။ အနိမ့်ပုံစနစ် စိုက်ပျိုးတော့မယ်ဆိုရင် -ဘောင်ဆိုဒ် ဘယ်လောက်ထားရမလဲ? -ဂျပ်စက္ကူ ပိဿ ဘယ်လောက်ထည့်ရမလဲ? -နွားချေး သို့ ဗေဒါ အစရှိသ​ဖြင့် ကုန်ကြမ်းတွေဘယ်လောက် ထည့်ရမလဲ? -မှိုမျိုးပမာဏ ဘယ်လောက် ထည့်ရမလဲ? -မှိုအထွက် အနိမ့်ဆုံး နဲ့အမြင့်ဆုံး ဘယ်လောက် ရနိုင်သလည်း? ဆိုတဲ့ အချက်အလက်တွေက မစိုက်ပျိုးခင် ကတည်းက သိထားရမှာ ဖြစ်သလို ကနဦး စဥ်းစားရမယ့် အချက်အလက်တွေပါ။ #ဘောင်ဆိုဒ် ဘယ်လောက်ထားရမလဲ? မိမိ မြေနေရာ အကျယ်အဝန်း မိမိစိုက်ပျိုးလိုတဲ့ အရေအတွက် ပေါ်မူတည်၍ နှစ်သက်ရာ ဘောင်ဆိုဒ် ထားလို့ရပါတယ်။ သတိပြုစရာလေးက ဘောင်ဆိုဒ် မှာ ဘောင်တို ဘောင်ရှည် ထားချင်သလိုထား မရပါ။ ပူပြင်းသောရာသီဥတုအခြေအနေဆိုရင် ဘောင်တို ဘောင်ဆွဲ စိုက်ရပါ့မယ်။ အေးမြသောရာသီဥတု အခြေအနေဆို ဘောင်ရှည် ဘောင်ဆွဲ စိုက်ရပါ့မယ်။ မိုးများသောဒေသများ သမသောရာသီဥတု အခြေအနေများ အတွက် ဘောင်မတိုမရှည် သတ်မှတ်ရပါမယ်။ #ဘောင်တိုဆိုတာ အလျား ၆ပေ မှ ၁၀ပေေခွဲ ထိ အကြုံးဝင်ပါတယ်။ ဥပမာ- အနံ၃ပေအလျား၉ပေ အနံ၂ပေခွဲ အလျား ၁၀ ပေခွဲ #ဘောင်ရှည် ဆိုတာ အလျား၁၅ပေ မှ ၃၀ပေ ထိ အကြုံးဝင်ပါတယ်။ ဥပမာ - အနံ ၃ ပေ အလျား ၁၈​ ပေ အနံ၄ ပေခွဲ အလျား၂၂ ပေခွဲ #ဘောင်မတိုမရှည် ဆိုတာ အလျား ၁၁ပေ မှ ၁၅ပေ ထိ အကြုံးဝင်ပါတယ်။ ဥပမာ- အနံ ၄ပေ အလျား ၁၂ပေ မှိုဘောင်၏ အနံကို ၂​ပေ/ ၂ ပေခွဲ/ ၃ ပေ/၄ပေ/၄ ပေခွဲ အစရှိ သဖြင့် မိမိ မြေနေရာ အကျယ်အဝန်း ပေါ်မူတည်၍ မိမိနှစ်သက်ရာ အဆင်ပြေသလို ဘောင်ဆွဲ စိုက်ပျိုးလို့ရပါတယ်။ #ဂျပ်စက္ကူ ဘယ်လောက်ထည့်ရမ လည်း မှိုမျိုးပမာဏဘယ်လောက်ထည့်ရမလည်း ကုန်ကြမ်းပမာဏ ဘယ်လောက်ထည့်ရမလည်း??? ဒါလေးကမခက်ပါ တွက်ချက်ယူရပါတယ်။ တွက်ချက်နည်း ဖော်မြူလာ #ပထမအဆင့် တွက်ချက်ပုံ မိမိစိုက်ပျိုးလိုတဲ့ မှိုစိုက်ဘောင်၏ အလျားနဲ့အနံကိုမြောက်ပြီး၉နဲ့စားပါ။ {လ×န=* ÷9=**} ရရှိလာတဲ့အဖြေဟာ ထည့်သင့်သော တိကျတဲ့ မှိုမျိုးထုပ် ပမာဏ ဖြစ်ပါတယ်။ #ဒုတိယအဆင့် တွက်ချက်ပုံ ပထမအဆင့်ကတွက်ချက်အဖြေရသော ကိန်းဂဏန်းကို ၂နဲ့မြောက်လိုက်ပါ။သို့မဟုတ် ၂ဆ ပြုပါ။ {လ×န=* ÷9=**×2=***} ရရှိလာသော အဖြေဟာ ထည့် သင့်သောတိကျတဲ့ ဂျပ်စက္ကူ ပိဿ နဲ့ ကုန်ကြမ်း ပမာဏ ဖြစ်ပါတယ် ။ ကုန်ကြမ်း ပမာဏ ကို တင်း ဖြင့်သတ်မှတ်ပါတယ်။ ပထမအဆင့်တွက်ချက်မှု့ အဖြေသည် အနိမ့်ဆုံး မှိုထွက်ရှိမယ့် ပမာဏ ဖြစ်သလို ဒုတိအဆင့် တွက်ချက်မှု့ အဖြေသည် မှိုထွက်ရှိမယ့် ပမာဏ ဖြစ်ပါတယ်။ ဥပမာ - အလျား၉ပေ အနံ ၃ပေ မှိုစိုက်ဘောင် စိုက်လိုသည် ဆိုပါစို့ ပထမအဆင့် တွက်ချက်ပုံအရ ( 9 × 3 = 27 ÷ 9 = 3 ) ဒုတိအဆင့် တွက်ချက်ပုံ အရ ( 9 × 3 = 27 ÷9 = 3 × 2 = 6 ) အလျား ၉ ပေ အနံ ၃ ပေ မှိုစိုက်ဘောင် အတွက် - မှိုမျိုး ၃ ထုပ် -ဂျပ်စက္ကူ ၆ ပိဿ -ကုန်ကြမ်း ၆တင်း -ထွက်ရှိမယ့် မှိုပမာဏ ၃ပိဿနဲ့၆ပိဿ ကြား ဖြစ်ပါတယ်။ အနှစ်ချုပ်အားဖြင့် အနိမ့်ပုံစနစ် စိုက်ပျိုးခြင်း ခေါင်းစဥ်အောက်မှာ ယခုဖော်ပြခဲ့သော အချက်အလက်များက မိမိမြေနေရာအကျယ်အဝန်း စိုက်လိုတဲ့အရေအတွက် စတာတွေကို ကိုယ်တိုင် တွက်ချက်နိုင်ပါလိမ့်မယ် ။ အမြဲဖြေပေးနေရသော ဘောင်ဆိုဒ် ဘယ်လောက် ထားရမလည်း? ဂျပ်စက္ကူ က ဘယ်လောက် ထည့်ပေး ရမှာလည်း? နွားချေး ဘယ်နတင်း ထည့် ရမာလည်း? မှို ဘယ်လောက် ထွက်နိုင် သလည်း ဆိုတဲ့ မေးခွန်းများကို စတင်စိုက်ပျိုးချင်သူများလည်း ဗဟုသုတရ အတွေ့အကြုံရင့် စိုက်သူများလည်း အသိပညာတိုး ပြန်လည်မျှဝေလို့ ရအောင် ဖော်ပြပေး လိုက်ရပါတယ်။ စေတနာများစွာဖြင့်

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။