မြေဆွေးပုံထဲ EM. နဲ့ရောထည့်ရန်ငါးအမိုင်နိုလုပ်ပါသည်။
သဘာဝရွက်ဖျန်းအားဆေးများအနက် သဘောအကျဆုံးမှာ ငါးအမိုင်နိုအက်ဆစ်ဖြစ်သည်။ တောင်သူများထံ နည်းပညာပေးရန်ရောက်ရှိတိုင်း ငါးအမိုင်နိုအက်ဆစ်ရွက်ဖျန်းအားဆေး (Fish Amino Acid, FAA) ၏ အကျိုးရှိပုံများအား ပြန်ကြားရသလို၊ VFRDC တွင် ဆောင်ရွက်ခဲ့သည် သုတေသနများနှင့် မိမိကြီးကြပ်ခဲ့သည် မဟာသိပ္ပံနှင့် Post Doc ကျောင်းသားများ၏ သုတေသနရလဒ်များအရ FAA ၏ အပင်ဖွံ့ဖြိုးမှုအပေါ် အကျိုးသက်ရောက်မှုများစွာရှိကြောင်း တွေ့ရှိရပါသည်။ အော်ဂဲနစ်သမားများ တွင်ကျယ်စွာအသုံးပြုနေကြသည့် ရွက်ဖျန်းအားဆေးတစ်ခုလည်းဖြစ်သည်။ သတ္တဝါများကဲ့သို့ အပင်များသည်လည်း အမိုင်နိုအက်ဆစ်ကိုလိုအပ်သည်။ ပရိုတင်းများတည်ဆောက်ရန် အခြေခံဖြစ်သော်လည်း၊ အပင်များ၏ အမိုင်နိုအက်ဆစ်ထုတ်လုပ်မှုသည် နည်းပါးလေ့ရှိပြီး၊ အလုံအလောက်မရရှိလျှင် အပင်ကြီးထွားမှု၊ ပန်းပွင့်မှုနှင့် အထွက်နှုန်းကို ထိခိုက်နိုင်သည်။ ဥပမာ အမိုင်နိုအက်ဆစ်နှင့် ဆက်စပ်နေသည့် indole နှင့် pyrrol compounds များအား အပင်များ၏လိုအပ်ချက်မှာ အနည်းငယ်သာဖြစ်သော်လည်း လုံးဝမရရှိလျှင် သီးနှံဖွံ့ဖြိုးမှုနှင့် အထွက်နှုန်းကျဆင်းတတ်၏။ အပင်များအတွက်အဓိကလိုအပ်သည့် နိုက်ထရိုဂျင်ကဲ့သို့ အာဟာရများသာမက၊ ဖော့စဖရက်နှင့် ပိုတက်စီယမ်များ၊ ကြီးထွားမှုလှုံ့ဆော်သည့်ဓာတ်များပါ ငါးအမိုင်နိုအက်ဆစ်တွင်ပါဝင်သည်။ FAA ပြုလုပ်သည့်ငါးအမျိုးအစားအလိုက်အာဟာရဓာတ်များပါဝင်မှုကွာခြားနိုင်သော်လည်း protein, vitamins, amino acids, docosahexaenoic acid (DHA) နှင့် eicosapentaenoic acid (EPA) ကဲ့သို့သော essential fatty acids များ ပါဝင်လေ့ရှိသည်။ အမိုင်နိုအက်ဆစ်များသည် phytohormone များနှင့် အပင်ကြီးထွားစေသည့်ပစ္စည်းများ၏ ရှေ့ပြေးများဖြစ်သည်။ ဥပမာဆိုရလျှင် Tryptophan သည် Auxin ဖြစ်ပေါ်ရန် ရှေ့ပြေးဖြစ်သကဲ့သို့ Methionine သည် ethylene ၏ ရှေ့ပြေးဖြစ်သည်။ ထို့ပြင် အပင်များအား အမိုင်နိုအက်ဆစ်များပက်ဖျန်းပေးခြင်းဖြင့် auxins,gibberellins နှင့် cytokinins များ၊ အပင်ကြီးထွားလာချိန်တွင် ABA နှင့် ethylene ကဲ့သို့သော ဟော်မုန်းနှင့် PGRs များကို တိုးလာစေသည်။ FAA အား အရွက်မျက်နှာပြင်မှ စုပ်ယူနိုင်သဖြင့် ရွက်ဖျန်းအားဆေးအဖြစ်လည်းကောင်း၊ မြေဆီသြဇာတိုးတတ်စေ၍ အဏုဇီဝများပွားများလာစေရန်အတွက် မြေဆီလွှာအတွင်း ထည့်သွင်းပေးခြင်းဖြင့်လည်းကောင်း အသုံးပြုကြပါသည်။ FAA ပြုလုပ်နည်း ---------------------------------- ၁။ ယေဘူယျအားဖြင့် ငါးနှင့် တင်လဲရည်/ထန်းလျက်/သကြား/သကြားညို ဆတူထည့်လေ့ရှိသည်။ ၂။ ငါးအကောင်ကြီးပါက ခုတ်ထစ်ပါ၊ ငါးသေးငါးနုတ်များ၊ ငါးခေါင်း/အူ/ကလီစာများကိုပါ အသုံးပြုနိုင်သည်။ ၃။ မြေအိုး၊ ကော်ပုံး သို့မဟုတ် ထည့်စရာတစ်ခုခုအတွင်းသို့ ငါးနှင့် ထန်းလျက်/သကြားများကို တစ်ထပ်စီထည့်ပါ။ ၄။ အပေါ်ဆုံးအထပ်သည် ထန်းလျက်/သကြားဖြစ်နေပါစေ။ ၅။ တင်လဲရည်/ထန်းလျက်အရည်အသုံးပြုမည်ဆိုပါက သမအောင်ရောမွှေပေးပါ။ ၆။ အကျိုးပြု EM သို့မဟုတ် ကိုယ်တိုင်ပြုလုပ်သည့် ဒေသခံ IMO ကို ထည့်သွင်းပေးခြင်းဖြင့် ငါးများပြိုကွဲမှုကို မြန်ဆန်စေမည်။ (ပျစ်နေလျှင် ရေကျက်အေးထပ်ထည့်ပေးပါ) ၇။ သတိပြုရမည့်အချက်မှာ အဆိုပါထည့်သွင်းပစ္စည်းများကို အိုး/ခွက်၏ ၃ ပုံ ၂ ပုံခန့်အထိသာ ထည့်၍ ၁/၃ ပုံကို အလွတ်ချန်ပေးခြင်းဖြင့် ဓာတ်ပြုခြင်းကိုမထိခိုက်စေဘဲ၊ လျှံကျခြင်းမှ ကာကွယ်နိုင်သည်။ ၈။ အဖုံးသေချာဖုံး၍ အေးမြပြီးခြောက်သွေ့ပြီး၊ ပုရွက်ဆိတ်မလာနိုင်သောနေရာ၌ ထားရှိပါ။ ၉။ ရက်အနည်းငယ်အတွင်း တင်လဲရည်/ထန်းလျက်/သကြားနှင့် ငါးတို့အကြား (ပျစ်ရာမှကျဲရာသို့ စီးဆင်းခြင်းဖြစ်စဉ်ကြောင့်) ငါးများအရည်အပျော်လာမည်။ အနံ့ဆိုးပျောက်၍ ချိုအီသည့်အနံ့တစ်ခုထွက်လာမည်။ ၁၀။ ငါးအမျိုးအစားနှင့် အသုံးပြုသည့်အစိတ်အပိုင်းအလိုက် (၄၅) ရက်မှ (၉၀)ရက်အတွင်း FAA ကိုရရှိမည်။ ပုပ်နံ့မရှိ၊ စေးကပ်၍ အရောင်ရင့်မှသာ ကောင်းမွန်သည် FAA ဖြစ်သည်။ ၁၁။ အပင်အရွယ်ကိုလိုက်၍ ရေနှင့် ၁း၁၀၀၀ မှစ၍ အချိုးအစားအမျိုးမျိုးပြောင်းလဲသုံးနိုင်သည်။
ဇွဲထွဋ်ခေါင် Facebook acc. ပြပေးပါ
EMလုပ်နည်းလေပြောပြပါဆရာရယ်
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ဘာအားဆေးသုံးသင့်ပါလဲပဲတတ်နှေးနေလို့ပါ
ဖြေကြားချက် 3 ခု
ပဲတီစိမ်းအပင်မထလို့ပါ ဘာဆေးကျွေးရမလဲရှင့်
ဖြေကြားချက် 2 ခု
ဆရာတိုဗျကျွန်တော်ပဲခင်ကစမ်းစွဲသလိုဖြစ်နေပြီပဲပင်လေတွေကမထပဲထိုင်နေတယ်ဆရာတိုရေလမ်ညွန်ပြပါအုန်ဘယ်လိုလုပ်ရမလည်
ဖြေကြားချက် 1 ခု
ငါးအမိုင်နိုလုပ်ကြည့်ပါတယ် တင်လဲဆိုတာမသိလို့ ခင်တဲ့အကိုတယောက်ကိုမေးကြည့်တာဘီအီးအရက်လို့ပြောပါတယ် ဂျင်းထည့်ခံ...
ဖြေကြားချက် 8 ခု
ဘာဖြစ်တာလဲအပင်ဝါလာလို့ဘာဆေးဖြန်ရမလဲ
ဖြေကြားချက် 4 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။