ဖြေကြားချက် ၂ ခု
NPK အကြောင်းသိကောင်းစရာ ====================== အပင်စိုက်ပျိုးမည့်မြေဆီလွှာသည် သဘာဝအားဖြင့်လည်းကောင်း၊ အလွန်အကျွံထွန်ယက်စိုက်ပျိုးခြင်းကြောင့်လည်းကောင်း၊ အခြားသောပတ်ဝန်းကျင်ဆိုင်ရာအကြောင်းအချက်များကြောင့်လည်းကောင်း မြေဆီလွှာအာဟာရဓာတ်ဆုံးရှုံးမှုများ ဖြစ်ပေါ်နိုင်သည်။ ယင်းကဲ့သို့အာဟာရဓာတ်ဆုံးရှုံးမှုများဖြစ်ပေါ်ပါက အပင်များကောင်းမွန်စွာ ရှင်သန်ကြီးထွားရန်အတွက် လိုအပ်သောအာဟာရဓာတ်များကို မြေဆီလွှာအတွင်းသို့ပြန်လည်ထည့်သွင်းပေးခြင်းအား မဖြစ်မနေပြုလုပ်ရပေမည်။ အပင်များအား အကောင်းဆုံးသောရှင်သန်ကြီးထွားမှုကိုရရှိစေရန်အတွက် မရှိမဖြစ်အရေးပါဆုံးဖြစ်သော အာဟာရဓာတ်(၃)မျိုးရှိပါသည်။ ၎င်းတို့မှာ နိုက်ထရိုဂျင်(N)၊ မီးစုန်းဓာတ်/ဖော့စဖရပ်စ်(P)၊ ပိုတက်ဆီယမ်(K) ဓာတ်များဖြစ်ကြပြီး အများလိုအာဟာရဓာတ်များဟုလည်း သိကြသည်။ ယင်းဓာတ်များမရှိပါက အပင်များကြီးထွားသင့်သလောက်မကြီးထွားခြင်း၊ အထွက်နှုန်းလျော့နည်းလာခြင်း၊ အပင်အားနည်း၍ ရောဂါများပိုမို ဖြစ်ပွားလွယ်ခြင်း စသည်တို့ကိုဖြစ်ပေါ်စေလာမည်ဖြစ်သည်။ ယင်းအာဟာရဓာတ်များသည် အပင်ကြီးထွားခြင်း၊ ဖွံ့ဖြိုးခြင်းနှင့် မျိုးပွားခြင်းတို့ကို များစွာအထောက်အကူပြုပေသည်။ NPKကွန်ပေါင်းမြေသြဇာများသည့် သီးနှံစုံအတွက်အသုံးပြုနိုင်သော်လည်း တောင်သူဦးကြီးများအနေဖြင့် မိမိစိုက်ပျိုးမည့်သီးနှံနှင့်သင့်တော်သော NPKကွန်ပေါင်းမြေသြဇာများကို သက်ဆိုင်ရာစိုက်ပျိုးရေးပညာရှင်၏ အကြံပြုချက်နှင့်အညီ စနစ်တကျသုံးစွဲခြင်းဖြင့် သီးနှံများအထွက်တိုးနိုင်ပါကြောင်း တင်ပြလိုက်ရပါသည်။ #NPK #စိုက်ပျိုးသုတ #ဂျေဂျေပန်
Nကတော့နိုက်ထရိုဂျင်ပါ။သူ့ရဲ့Functionကတော့အပင်တွေရဲ့ကြီးထွားမှု့အပိုင်းကိုလုပ်ဆောင်ပါတယ်။Pကတော့ဖော့စဖိတ်ပါ။အပင်တွေရဲ့အပင်တွေရဲ့မျိုးပွားမူ့အပိုင်းတွေဖြစ်တဲ့အပွင့်အသီးအတွက်လိုအပ်ပါတယ်။Kပိုတက်စီယမ်ကတော့သီးနှံတွေရဲ့အရည်အသွေးရောဂါဒဏ်ခံနိုင်မှု့နဲ့အပင်တွေရဲ့လိုအပ်နေတဲ့မြေမှအဒဟာရတွေကိုသီးနှံပင်တွေရဲ့လိုအပ်နေတဲ့အစိတ်အပိုင်းတွေကိုပို့ဆောင်ပေးပါတယ်။ဒါကြောင့်NPKဟာသီးနှံပင်တွေရဲ့ဇီဝကမ္မသက်တမ်းတလျောက်လုံးမှာအရေးပါတဲ့Major elementsတွေပဲဖြစ်ပါတယ်။
ဆက်စပ်မေးခွန်းများ
အပင်၄နှစ်သားမှာ အပင်အကုန်လုံး သေကုန်ပါတယ် ပင်စည်များအတွင်းအညိုကွက်ဖြစ်ပြီး အမြစ်မှာအဖုတွေဖြစ်ပါတယ်
ဖြေကြားချက် 1 ခု
မာလကာကိုင်းခြာက်ပြီးသောတာ ဘာကြောင့်လဲ သိချင်ပါတယ် ခင်ဗျ
ဖြေကြားချက် 1 ခု
မာလာကာပင်ကြီးထွာအောင်ဘယ်လို့လုပ်ရမလဲ
ဖြေကြားချက် 1 ခု
၄နှစ်သားမာလကာမှာဒီလိုဖြစ်ပြီးသေသွားလို့ပါ
ဖြေကြားချက် 0 ခု
အမြင့်ပေ ၄၅၀၀ ကျော်တွင် မာလကာစိုက်ပျိုးဖြစ်ထွန်းနိုင်ပါသလားခင်ဗျာ သင့်တော်သောမျိုးလည်းသိချင်ပါတယ် ပင်ကြားတန်း...
ဖြေကြားချက် 0 ခု