ဂေါ်ဖီထုပ်စိုက်ပျိုးနည်းလေး အသေးစိတ်သိချင်ပါတယ် မြေကိုထွန်ယက်တာကအစနည်းပညာလေးအကြံပြုပြောကြားပေးပါအုံးဗျာ....
- မြေသြဇာ ကျွေးထား/မထား
- မကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- မရှိ
ဂေါ်ဖီထုပ် စိုက်ပျိုးနည်း ၁။ ရာသီဥတု လိုအပ်ချက်များ အေး၍ စိုစွတ်နေသော ရာသီဥတုသည် အခြေခံကျသော ရာသီဥတု ဖြစ်သည်။ ထို့ထက် ပိုမိုခြောက်သွေ့သော ရာသီဥတုတွင် သင်းသောအနံ့ မရရှိသော ဂေါ်ဖီကိုသာ ထုတ်လုပ်နိုင်သည်။ ဆယ့်ရှစ်ဒီဂရီမှ နှစ်ဆယ်ဒီဂရီ တွင် အကောင်းဆုံး ဖြစ်ထွန်းပြီး ဆီးနှင်းဒဏ်ကို အတော်အသင့်ခံနိုင်၍ ရေခဲမှတ် အနုတ်သုံး အပူချိန်အထိ ကောင်းစွာ ရှင်သန်နိုင်သည်။ မိုးရေချိန် လက်မ အသင့်အတင့်သာ လိုအပ်ပြီး တစ်နှစ်စီ မိုးရေချိန် သုံးရာ မီလီမီတာ မှ လေးရာ မီလီမီတာ လိုအပ်သည်။ ရာသီဥတု အအေးပိုင်းတွင် စိုက်ပျိုးပါက ပျိုးသက် ၄ ပတ် မှ ၅ ပတ် ထိ ထားကြပြီး အပူပိုင်းဒေသနှင့် နွေသမပိုင်းတွင်မူ ၃ ပတ်မှ ၄ ပတ် အတွင်း ထားကြသည်။ ၂။ မြေဆီလွှာ လိုအပ်ချက်များ ဂေါ်ဖီထုပ်သည်မြေအမျိုးအစားများစွာတွင် စိုက်ပျိုးဖြစ်ထွန်းနိုင်သည်။ မြေဆီလွှာ ရေသွင်းရေထုတ် ကောင်းစွာ ဖြစ်နိုင်သော သဘာဝမြေဆွေး ဓာတ်များ ကြွယ်ဝစွာ ပါဝင်နေသည့် နုန်းမြေပေါ်တွင် ကောင်းစွာ ဖြစ်ထွန်းနိုင် သည်။ မြေချဉ်ငန်ဓာတ် အက်ဆစ်ဆန်ခြင်းကို နှစ်သက်မှု့မရှိချေ။ မြေချဉ်ငန်ဓာတ် ၅.၅နှင့် ၆.၅ တွင်းသာ ရှိသောမြေသည် လွန်စွာ သင့်တင့်လျောက်ပတ်သော မြေချဉ်ငန်ဓာတ် ဖြစ်သည်။ စီးပွားဖြစ် စိုက်ပျိုးမည် ဆိုပါက မြေချဉ်ငန်ဓာတ် စစ်ဆေးခြင်းများကို ပြုလုပ်သင့်သည်။ မြေချဉ်ငန်ဓာတ် ၄.၅ နှင့်အောက်သည် စိုက်ပျိုး ရန် မသင့်တော်ပါ။ မြေချဉ်ငန်ဓာတ် ၆.၅ နှင့်အထက် ရှိသောမြေသည် အရွက်နားများကိုအနက်ရောင်ဖြစ်လာစေပြီး အပင်ငယ် များကို သေစေသည်။ ဂေါ်ဖီထုပ်ကို အစေ့ချ၍လည်း စိုက်ပျိုးကြသည်။ ၃။ မြေယာ ပြုပြင်ခြင်းနှင့် မျိုးစေ့ ကုန်ကျမှု စိုက်ပျိုးမြေတွင် အပေါ်ယံမြေလွှာကို လှန်၍ ထယ်ထိုးနည်းဖြင့် အနက် ၂၀ မှ ၂၅ စင်တီမီတာ တွင်သာ ထယ်ပါးပါးထိုးရန် လိုအပ်သည်။ ထိုကြောင့် ထယ်ကြောင်းကို နှစ်ကြိမ်သုံးကြိမ်သာ မွှေပေးခြင်းက မြေကို မွစေသည်။ တုံးညှိခြင်းကို လည်းပြုလုပ်ခြင်းက ပိုမိုအဆင်ပြေသည်။ မြေကို ပိုညီစေသည်။ ပျိုးပင်ကို အစေ့ချ၍ လည်းကောင်း အပင်ပျိုး၍လည်းကောင်း စိုက်ပျိုးကြသည်။ ပျိုးခင်းထဲတွင် ပျိုးပြီးနောက်မှ အပင်ကိုရွေ့၍ စိုက်ပျိုးကြသည်။ အစောပိုင်း တစ်သီးအတွက် သြဂုတ်-စက်တင်ဘာလတွင် စတင်ပျိုးသင့်ပြီး နောက်ကျသော ဆောင်းတစ်သီး အတွက် စက်တင်ဘာလ - အောက်တိုဘာလတွင် စတင်ပျိုးသင့်သည်။ ပျိုးပင်များပျိုးခြင်းနှင့် ပျိုးပင်များပြုစု ပျိုးထောင်ခြင်းတို့ကို ဖန်လုံအိမ်တွင် စိုက်ပျိုးခြင်းက ပိုမိုအဆင်ပြေသည်။ ငါးပတ်မှ ခြောက်ပတ်ထိ ပျိုးသက်ရသော အပင်များကို ရွှေပြောင်းစိုက်ပျိုး နိုင်သည်။ အစောပိုင်းတသီးအတွက် ပင်ကြားတန်းကြား ၄၅×၄၅ စင်တီမီတာ (ပင်ကြားတန်းကြား ၁ ပေခွဲ) ဆောင်းတစ်သီးအတွက် ၆၀×၄၅ စင်တီမီတာ( ပင်ကြားတန်းကြား ၂ ပေ x ၁ ပေခွဲ) စိုက်ပျိုးနိုင်သည်။ ၄။ မြေဆီသြဇာ ဖော့စဖရပ်၊ နိုက်ထရိုဂျင်နှင့် ပိုတက်စီယမ် အများအပြားကျွေးရသော ဖြည့်စွက်အစားအစာ အလွန်ကျွေးရသော ဟင်းသီးဟင်းရွက် ဖြစ်သည်။ နိုက်ထရိုဂျင်သည် တစ်ဧက အတွက် ပိဿာ ၄၀-၆၀ထိ သုံးနိုင်ရန်လိုအပ်သည်။ ၎င်းပိဿာ ၄၀-၆၀တွင် ၅၀-၆၀ ရာခိုင်းနုန်းကို မြေပြင်ချိန်တွင် မြေခံအနေဖြင့် အသုံးပြုပေးရန်လိုအပ်သည်။ ပထမဆုံးအကြိမ် အသုံးပြုခြင်းတွင် ပိုတက်စီယမ် နှင့် ဖော့စဖရပ် တို့ကို အတူတကွ သုံးစွဲပေးရမည်။ ကျန်ရှိသော ပမာဏတို့ကို အပင်ရွှေ့ပြီး တစ်ပတ်မှ နှစ်ပတ်အကြာတွင် လည်းကောင်း၊ နောက်ပိုင်းတွင် တစ်လ တစ်ခါ မြေသြဇာ တစ်ပင်ချင်းစီတွင် ထည့်သွင်းနိုင်သည်။ ခြံထဲတွင် ပျိုးပင်ကိုရွှေ့စိုက်ပြီး သည်နှင့် ရေသွင်းပေး ရမည်။ စိုက်ပျိုးမြေထဲတွင် ရေအစိုဓာတ်ရှိနေခြင်းသည် အရည်အသွေးကိုကောင်းစေပြီး အထွက်နှုန်းကို ကောင်းမွန်စေ သည်။ ရေသွင်းရေထုတ် တစ်ကြိမ်နှင့် တစ်ကြိမ် ကွာဟမှု့သည် မြေအမျိုးအစား၊ မြေကြီး၏ရေထိန်း နိုင်စွမ်း၊ အပင် သက်တမ်းနှင့် ရာသီဥတု ပေါ်တွင်မူတည်၍ ကွဲပြားနိုင်သည်။ ခြောက်သွေ့သော ရာသီဥတုတွင် ရေသွင်းရေထုတ် အကြိမ်ရေ ပိုများသင့်သည်။ သို့ရာတွင် မိုးရာသီတွင်မူ တစ်ပတ်တစ်ကြိမ် ရေသွင်းရေထုတ် ပြုလုပ်သင့်သည်။ ရေအရင်းအမြစ် အခက်အခဲရှိသောဒေသများတွင် အစက်ချစနစ်ကို အသုံးပြုနိုင်သည်။ ပေါင်းပင်ကို နှိမ်နင်းရာတွင် ပေါင်းသတ်ဆေးကို အသုံးပြုနိုင်သလို လက်ပေါင်းလိုက်ခြင်း စက်ပေါင်းလိုက်ခြင်း အသုံးချနိုင်သည်။ အပင်များ တစ်လခွဲထိ ကြီးထွားလာသည့် တိုင်အောင် စက်ပေါင်းလိုက်ခြင်း ကို ပြုလုပ်ခြင်းသည် သင့်တင့်လျောက်ပတ်သော နည်းဖြစ်သည်။ ပျိုးပင်ရွှေ့ပြီး နှစ်ပတ်မှ သုံးပတ်တွင် ပထမဆုံး ပေါင်းပင်နှိမ်နင်းခြင်းကို ပြုလုပ်ရမည်။ ဂေါ်ဖီတွင် ပျ၊ ထွာကောင်၊ နီမတုတ်ခေါ် အပင်တွင်းရှိ အရည်များ စုပ်စားတတ်သော သန်ကောင်ကဲ့သို့ အပ်ချည်မျှင်သဏ္ဍာန် ကပ်ပါးကောင်များ၊ သီးလုံးဖောက်ပိုး၊ ကျော၌ လိမ္မော်ကွက်များရှိသော ပိုးကောင်များ သည် ဂေါ်ဖီတွင် အဓိကတွေ့ရသော ပိုးများဖြစ်သည်။ သီးလှည့်စနစ်ကို ကျင့်သုံးသင့်သည်။ ခံနိုင်ရည်ရှိသော မျိုးကိုလည်း ရွေးချယ်စိုက်ပျိုးသင့်သည်။ အခြား မှတ်ပုံတင်၍ ခွင့်ပြုချက်ပေးထားသော ဓာတုဗေဒ ဆေးများကိုလည်း သုံးနိုင်သည်။ ဂေါ်ဖီထုပ်သည် ၎င်းဖျက်ပိုးများကို အလွန်တရာ ဆွဲဆောင်နိုင်သော အပင်ဖြစ်သည့်အေလျာက် ဓာတုဗေဒ ဆေးဖြစ်သော ပါမီသရင်ကို အခြား တမာဆီကဲ့သို့သော ဆေးများကိုလည်း အတူတကွ အသုံးပြုခြင်းက ပိုမိုထိရောက်သော နည်းလမ်းဖြစ်သည်။ အဓိကရောဂါများသည် ပင်ပုတ်ရောဂါနှင့် မှိုရောဂါဖြစ်သည်။ ရိတ်သိမ်းပြီးချိန်တွင် ၎င်းရောဂါသည် အပြင် အရွက်များကို အမဲကွက်များ ဖြစ်ပေါ်စေပြီးနောက်ပိုင်းတွင် အတွင်းပိုင်းထိ ကူးစက်ပျက်စီးစေသောရောဂါ ဖြစ်သည်။ ၅။ ရိတ်သိမ်းခြင်း ဈေးကွက်ဝယ်လိုအားနှင့် ဂေါ်ဖီထုပ်၏ မာကျောမှု့ကိုကြည့်၍ ရိတ်သိမ်းနိုင်သည်။ ဂေါ်ဖီထုပ် ၏ ထိပ်များတင်းလာပါက ရိတ်သိမ်းရန် အသင့်တော်ဆုံးဖြစ်သည်။ ဂေါ်ဖီထုပ် ထိပ်များလျော့လျဲပြီး သေးငယ်ခြင်းထက် ဂေါ်ဖီထုပ် ထိပ်များတင်းတင်းရင်းရင်းရှိခြင်းက ဈေးကွက်တွင်ပိုမို ရောင်းပန်းလှစေသည်။ မျိုးကောင်းရွေးချယ်စိုက်ပျိုးခြင်း၊ စိုက်နည်းစနစ်များနှင့်အညီ စိုက်ပျိုးနိုင်ခြင်းပေါ်တွင်သာ မူတည်သည်။ စပ်မျိုးဂေါ်ဖီထုပ်များသည် တန်ငါးဆယ်ထိထွက်နိုင်သော မျိုးများရှိသည်။ အစောပိုင်းတစ်သီးသည် ဆယ့်နှစ် မှ ဆယ့်ငါးတန်ထိ ထွက်နိုင်ပြီး ဆောင်းတစ်သီးသည် နှစ်ဆယ် မှ နှစ်ဆယ့်ငါးတန် ရှိထွက်ရှိနိုင်သည်။ ရွှေရည်လင်း
ဆက်စပ်မေးခွန်းများ
တစေးကိုမလွယ်ကစုံနည်းနဲလုပ်ရင်ဘယ်လောက်ကြာကြာထားလိုရမလဲ့
ဖြေကြားချက် 2 ခု
ဂေါ်ဖီထုပ် ယခုအချိန် ပျိုးစိုက်လို့ ရလားဗျ။
ဖြေကြားချက် 1 ခု
ဂေါ်ဖီထုပ် ခေါ် အထုပ်ပင်
ဖြေကြားချက် 4 ခု
ရာသီလိုက်စိုက်ပျိိုးသင့်တဲ့ သီးနှံလေးတွေ ပြောပေးကြပါလား။အိမ်နောက်ဖေးမြေကွက်လပ်မှာ စိုက်ချင်လို့ပါ။
ဖြေကြားချက် 2 ခု
ကော်ဖီထုတ်အထုတ်မထုတ်ဘဲအမြစ်၌ဥကျသကဲ့သို့ဖြစနေပါသည်အဲဒါဘာဖြစလဲ ရောဂါကြောင့်လားမျိုးကပါလာတာလားဘာဖြစ်သည်ကိုသိခြင်...
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။