ဖြေကြားချက် ၂ ခု
ပန်းပျိုးကိုဘယ်မှာဝယ်ရမလဲသိချင်လိုပါ
စိုက်ပျိုးရန်အတွက် မိမိကြိုက်နှစ်သက်ရာ မျိုးများကို မစိုက်ပျိုးခင် မျိုးပျိုးပင်ရောင်းချသူများမှ ကြိုတင်မှာယူ စိုက်ပျိုးကြပါသည်။ ဂန္ဓမာပန်းများကို စိုက်ခင်းများ၊ မှန်လုံအိမ်များ နှင့် အိုးများထဲတွင် စိုက်ပျိုးကြသည်။ မြန်မာနိုင်ငံတွင် စိုက်ခင်းများဖြင့် အများဆုံး စိုက်ပျိုးကြသည်။ မိမိလိုချင်သော ပန်းပွင့်အနေအထားပေါ် မူတည်ပြီး ပင်ကြားအကွာအဝေး ၈ လက်မ မှ ၁၈-၂၄ လက်မ ထား၍ စိုက်ပျိုးကြပါသည်။ မိမိ စိုက်ပျိုးထုတ်လုပ်ရန် ရည်ရွယ်သော ပန်းပွင့်အမျိုးအစား တစ်ပွင့်တည်းကြီး၍ အရည်အသွေး ရှိသောပန်း၊ ပဒေသာ အခိုင်လိုက် အပွင့်များသော ပန်းခိုင်များ စသဖြင့် ရရှိလိုသော ပန်းအနေအထား မူတည်ခြင်းဖြစ်သည်။ စိုက်ပျိုးမည့်မြေနေရာအား ထယ်နှစ်စပ်ထိုး၍ စိုက်ဘောင်များကို ပြင်ဆင်ရပါမည်။ ကောင်းစွာဆွေးမြေ့ သော သဘာဝမြေဆွေးများကို မြေပြင်ချိန်တွင် မိမိမြေ အမျိုးအစားပေါ် မူတည်ပြီး ထည့်ပေးရန် လိုအပ်ပါသည်။ မြေခံအဖြစ် N:P:K ဓာတ်မြေဩဇာတွင် P နှင့် K များသော ဓာတ်မြေဩဇာ ထည့်ပေးရန် လိုအပ်ပါသည်။ ကောင်းစွာဆွေးမြေ့သော နွားချေးဆွေးအား ၂၀-၂၅ tan/ha ( ၈ တန်/ဧက) ထည့်သွင်းပေးရန် လိုအပ်ပါသည်။ တစ်ဧကတွင် ၂၀ ကီလိုဂရမ် (N) (၁၈ ပိဿာ) ယူရီးယားဓါတ်မြေဩဇာ ၊ ၆၄ ကီလို ဂရမ် (P2O5) (၃၈.၄ ပိဿာ)၊ တီစူပါဓါတ်မြေဩဇာ ၊ ၃၂ ကီလိုဂရမ် (K2O)(၁၉.၂ ပိဿာ) ပိုတက်ဓာတ်မြေဩဇာ တို့အား မြေခံအဖြစ်ထည့်သွင်းရန် လိုအပ်ပါသည်။ ဂန္ဓမာပန်းစိုက်ပျိုးနည်းအပြည့်အစုံကိုတော့ အောက်ပါLinkတွင် ဝင်ရောက်လေ့လာနိုင်ပါတယ်။ https://greenwaymyanmar.com/posts/Cultivation-of-Chrysanthemun စိုက်ပျိုးနည်းအခန်းကဏ္ဍတွင်ဝင်ရောက်လေ့လာနိုင်ပါတယ်။ စိုက်ပျိုးနည်းဘေးဘက်က မျှားသုံးချောင်းကိုနှိပ်-ဂန္ဓမာပန်းဆိုတာ ရွေးပြီးအလွယ်တကူဖတ်ရှုနိုင်ပါတယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ