ရေတင် ပုလဲကျွေးပြီးပုံမှာပြထားတဲ့အတိုင်းဖြစ်နေပါတယ် ဘာဖြစ်တာလဲဘယ်လိုကုသရမလဲဆရာများခင်ဗျာ
ရေလောင်းပေးပါ
ဒေါင်းနီး ရွက်ခြောက် ပုံစုံမျိုးပါ သက်ဆိုင်ရာ မှိုဆေးလေးဖျန်းပေးပါဗျ
ဆရာသမားကြက်သွန်ကမှာ ဇိတွေကတော့ ဖြူဖွေးပြီးကောင်းမွန်တဲ့အတွက် ဥ သို့မဟုတ် အမြစ်ပိုင်းထိခိုက်မှုမရှိလောက်ပါဘူး။ နောက်ဆုံးအရွက်က မမြင်ရတော့ ထိပ်ကဝါတာတာဖြစ်နေရင် ဒေါင်းနီးရွက်ခြောက်သဘောပါခင်ဗျ။ အောက်လက်ဝါတာက ရာသီဥတုအခြေအနေကြောင့်ဖြစ်လို့ မန်ကိုဇက်လို ဆေးမျိုးနဲ့ပိုးသတ်ဆေးကိုဆေးပူဖြစ်တဲ့ လန်ဒါလို ဆိုက်ပါလိုဟာမျိုးလေးအသုံးပြုပေးပါ။ အပင်က အအေးမိသလိုဖြစ်တာမို့ အပူဆေးလေးသုံးဖို့အကြံပေးတာပါ။ အမြစ်ပိုင်းဆိုရင်နောက်တစ်မျိုးပါခင်ဗျာ
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ကြက်သွန်နီ မှိုရောဂါကျရောက်ရင်ဘာဆေးကာကွယ်သင့်လဲဗျ=? လည်လိမ်ကာကွယ်ဆေး=? ခါးရိဥပုပ်ကာကွယ်ဆေး=?
ဖြေကြားချက် 0 ခု
ကြ က်သွန်နီစိုက်ခင်း တစ်လနဲ့ ခုနစ်ရက်ရှိပြီ ဘာဖြစ်နေတာလည်း ဘာလိုအပ်နေတာလည်းဖြေပေးပါ ခင်ဗျာ
ဖြေကြားချက် 1 ခု
အဝါေဗျောက်တွေနဲ့ အဖျားတွေခြောက်တာ ၂လပြည့်တော့မယ်ဗျ ဘယ်လိုလုပ်ရမလဲလမ်းညွှန်ကြပါအုံး
ဖြေကြားချက် 2 ခု
ဘာဖစ်တာပါလဲခင်ဗျ ဘယ်လို ကာကွယ်ကုသရမလဲ ဘာဆေးဖြန်းသင့်ပါသလဲ
ဖြေကြားချက် 4 ခု
မဂ်လာပါဗျ ကြက်သွန်နီ ၇၅ရက်သားရောက်ပါပီ အပင်က ကြီးမလာပဲ ဥလဲ မဆင်းလို့ပါ အပင်အတွက် ဘာလိုအပ်သလဲ စိုက်ခင်းကို ဘယ်...
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။