ဖြေကြားချက် ၂ ခု
ဆိတ်မများသားပေါက်ပြီး ပုံမှန်အားဖြင့် ၁၄ ရက်ကနေ ၂၁ ရက်အတွင်း မြိုင်ပေါ်ပါတယ်။ ရာသီဥတု၊ အစားအသောက်၊ ဆိတ်သိုးပေါ်မူတည်ပြီး တစ်လလောက်နေပြီးမှလည်း ပေါ်တတ်ပါတယ်။ ဆိတ်မများ မွေးပြီး ရက်သတ္တပတ် (၂) ပတ်ထိ သားအိမ်အတွင်းမှ ကြွင်းကျန်သွေးများ ဆင်းလေ့ရှိပါတယ်။ သာမန်အားဖြင့် ပထမဆုံးပေါ်တဲ့မြိုင်ကာလမှာ သားမတင်သင့်ပါဘူး။ ဆိတ်သားပေါက်များရှိတဲ့အတွက် ဆိတ်မ ဇီးတက်ပြီးနောက် ၂ လဝန်းကျင်လောက်သာ နို့ထွက်တော့မှာပါ။ ဇီးတက်ပြီးနောက် ၂ လနောက်ပိုင်းမှာ နို့မချတော့ဘဲ နို့နည်းလာပါတယ်။ ဇီးကို အလျင်စလို ပြင်ဆင်မူမရှိဘဲတင်လိုက်ရင် ဆိတ်ပေါက်လေးတွေမှာ ပြသာနာဖြစ်လာပြီး ဆုံးရှုံးမူတွေ ကြုံရတတ်ပါတယ်။ ဆိတ်ပေါက်လေးများကို တစ်လသားအရွယ်ကတည်းက နို့ဗူးတိုက်ခြင်းနဲ့ အစာအလေ့အကျင့် လုပ်ပေးလို့ရပါတယ်။ အစာအလေ့အကျင့်လုပ်ပေးထားတဲ့ ဆိတ်ပေါက်လေးတွေဟာ ၂ လသားလောက်မှာ အစာစကောက်တတ်နေပါပြီ။ အစာကောက်တတ်လာတဲ့ ဆိတ်ပေါက်လေးများအတွက် မိခင်ဆိတ်မရဲ့နို့ မလိုအပ်တော့ပါဘူး။ ဆိတ်သားလေး အသက် (၈) ပတ်ပြည့်တဲ့အထိ နို့တိုက်ပေးဖို့ လိုအပ်ပါတယ်။ ဆိတ်မရဲ့ တစ်နှစ်တာမှာ နှစ်သားနဲ့တစ်ဗိုက်ရဖို့အတွက် လိုအပ်ချက်၊ လုပ်ဆောင်ချက်တွေ အများကြီးရှိပါတယ်။ အလွယ်နည်းနဲ့ စားကျက်မှာလွှတ်ကျောင်းပြီး နှစ်သားနဲ့တစ်ဗိုက်ရနိုင်ပေမယ့် ဆိတ်သားပေါက်များကိုတော့ ဆုံရှုံးမှုကြုံရလာနိုင်ပါတယ်။
ဆက်စပ်မေးခွန်းများ
နွားမမွေးဘက်ပေးချင်လို့ မွေးချင်တဲ့သူများရှိလားခဗျ. နေပြည်တော် တပ်ကုန်း အနီးတဝိုက်
ဖြေကြားချက် 2 ခု
နွားမပေါက်ပြီး(2.3)လကြာသားမတောင်းရင်သားတောင်းဆေးထိုးလို့ရလားရရင်ဘယ်နှစ်ရက်ကြာတောင်းလည်း
ဖြေကြားချက် 1 ခု
၂.၃လကြာလို့သားမတောင်းသေးရင်သားတောင်းဆေးထိုးလို့ရလား
ဖြေကြားချက် 2 ခု
ဝက်မျိုးပွားတာသိလိုပါတယ်
ဖြေကြားချက် 2 ခု
ဇီးတင်ထားတဲ့ဝက်ကိုဆန်ကွဲနဲ့ကန်စွန်းရွက်ရောကျိုထားတဲ့အစာကျွေးလို့ရလား
ဖြေကြားချက် 2 ခု