မိုးရာသီစိုက်တဲ့မြေပဲဆိုအပင်တွေသန်ပီးဥနည်းနေတာဘာကြောင့်လည်းကျေးဇူးပြုပြီးရှင်းပြပေးပါ
အပါ်ကဆရာပြောသလို ပုလဲအကျွေးများပြီး အပင်အသန်လွန်နေတာပါ။ ဆိုလိုချင်တာက အရွက်မှာအားကောင်းပြီးဥနည်းနတာပါခင်ဗျာ။ ကယ်ဆီယမ် ဘိုရွန် ကိုဖြန်းနိုင်သလို ပုလဲ+လက်ချား ရွက်ဖျန်းမြေသြဇာလည်း ဖျန်းနိုင်ပါတယ်ခင်ဗျာ။ ကျေးဇူးပါ။
မိုးမြေပဲက ပင်ထောင်ပဲစိုက်တာများတယ်။ ရာသီဥတုအခြေအနေအရ မိုးများတော့ စမ်းကိုင်မှာဆိုးပြီး ပုလဲအကျွေးများပြီး အပင်အထများတယ်။ တကယ်လိုအပ်တဲ့ ကယ်ဆီယမ် ဆာလဖာ အကျွေးနည်းတယ်။ မြေပဲသဘောက ရက်နှစ်ဆယ်ကျော်တာနဲ့ ပေါင်းစုံပန်း ခေါ်တဲ့ ခွေးခြေခုံကနေပွင့်တဲ့ လက်ရင်းပန်းပေါ့ ပွင့်လေ့ရှိတယ်။ တောင်သူသဘာဝအရ အဲ့အချိန်မှ ကြားလိုက်တာများတော့ အပွင့်ကန်းကုန်တာကြောင့်ဖြစ်နိုင်သလို မြေပဲပွင့်တွေဟာ ကယ်ဆီယမ် ဆာလဖာဓာတ်နဲ့တွေ့မှ အောင်မြင်တဲ့ မြေပဲတောင့်များဖြစ်နိုင်သလို မရှိရင် လေသီးဘောက်သီးများနိုင်ပါတယ်။ ပန်းပွင့်တဲ့အချိန်တိုင်း ကြားတိုက်တာရှောင်ပြီး ကျောက်မှုန့်ကျွေးဆေးလိုပါတယ်။ ပြီးတော့ ကယ်ဆီယမ် ဘိုရွန် ကို ဖျနိးစေလိုပါတယ်။ သက်တန်းတိုတဲ့ ပင်ထောင်မျိုးမှာ ရက်၂၀ ၃၀ ကြား ရက်၄၅ ၅၅ ကြား ၆၅ ၇၅ ကြားကျွေးသင့်ပြီး။ ပင်ပြန့်မျိုးကိုတော့ အနည်းငယ်ခြားကျွေးသင်ပါတယ်။ ကျေးဇူးပါ
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
EMအငြင်းနဲ့EM4အရည်က ဘယ်လောက်ကြာကြာအထားခံလည်းဗျ
ဖြေကြားချက် 4 ခု
မြေပဲခင်း ၁လသား ပုလဲ၁၆ဇွန်းနဲ့ လက်ချားလေးဇွန်း ရေ၂၀လီတာပုံနဲ့ဖြန်းရင် မြေပဲခင်းလောင်နိုင်လားဗျ
ဖြေကြားချက် 1 ခု
နွေမြေပဲစိုက်ပျိုးနည်းအပြည့်စုံသိချင်ပါတယ်
ဖြေကြားချက် 1 ခု
မိုးရာသီစိုက်ဖို့အတွက်ပုံတွင်ပါသောမြေပဲမျိုးဆိုအဆင်ပြေမလားဗျာကျေးဇူးပြုပီးဖြေကြားပေးစေလိုပါတယ်
ဖြေကြားချက် 5 ခု
ပဲတောင့်ရှည်ကအမြစ်တွေပုတ်ပြီးသေနေတယ်ဘယ်လိုကာကွယ်ရမလဲကူညီပေးကြပါ
ဖြေကြားချက် 3 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။