အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
4,843
လွန်ခဲ့သော ၄ နှစ် က · ကဝ

အားဆေးမနက် မှိုဆေးညနေ ပိုးသတ်ဆေးက စုပ်စားပိုးဆိုရင်မနက် လိပ်ပြာဖလံပိုးဆိုရင် ညနေဆိုတာ အမှန်ဘဲလားဗျ နောက်ပြီး...

အားဆေးမနက် မှိုဆေးညနေ ပိုးသတ်ဆေးက စုပ်စားပိုးဆိုရင်မနက် လိပ်ပြာဖလံပိုးဆိုရင် ညနေဆိုတာ အမှန်ဘဲလားဗျ နောက်ပြီး ကျတော်ဖျန်းမှာက လှေးနဲ့ပွင့်ထွေးပိုးတွေပါ အီမာမက်တင် ဘန်ဆိုအိပ်နဲ့ အဘာမက်တင်ဆိုရင် နိုင်လားဗျ ဘယ်အချိန်ဖျန်းရင်ပိုထိရောက်မလဲ ဖြေပေးပါအုံးဗျာ

ပိုးမွှားရောဂါ ပဲတီစိမ်း

ဖြေကြားချက် ၅ ခု

260,000 လွန်ခဲ့သော ၄ နှစ် က
ဤအဖြေဖြင့် ပြေလည်

အားဆေးမနက် မှိုဆေးညနေ ပိုးသတ်ဆေးက စုပ်စားပိုးဆိုရင်မနက် လိပ်ပြာဖလံပိုးဆိုရင် ညနေဆိုတာ အမှန်ပါခင်ဗျာ။ လှေးနဲ့ ပွင့်ထွေးအတွက်ဆို ကြိုက်တဲ့အချိန် ဖြန်းပေးနိုင်ပါတယ်။ ဒါပေမဲ့ညနေပိုင်းဖြန်းပေးတာ ပိုထိရောက်မယ်လို့ ထင်ပါတယ်ခင်ဗျာ။

4,843 လွန်ခဲ့သော ၄ နှစ် က

နောက်ထပ် သိချင်တာလေးတွေရှိပါတယ် ထပ်မေးပါအုံးမယ် သေချာရေရာတဲ့အဖြေတော့ဖြစ်စေချင်ပါတယ်ဗျာ ဘာကြောင့်လဲဆိုတော့ သိချင်တာတွေသိရပြီးရင် ကျတော်တို့က လက်တွေ့အကောင်အထည်ဖော်တာဖြစ်တဲ့အတွက်ကြောင့်မို့ ဆရာတို့ဖြေပေးတဲ့အဖြေက မှားနေခဲ့မယ်ဆိုရင် ကျတော်တို့အတွက်ဆုံးရှုံးမှုတွေဖြစ်လာမှာမို့လို့ပါ ​တကယ်ကျေးဇူးတင်ပါတယ်ဗျာ

4,843 လွန်ခဲ့သော ၄ နှစ် က

ဟုတ်ကဲ့ပါ အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ

10,576 လွန်ခဲ့သော ၄ နှစ် က

အားဆေးမနက်ဆိုတာ အပင်က နေနဲ့အစာချက်တဲ့အလုပ်လုပ်တော့ အစိမ်းရောင်ကလိုဖီးလ်တွေကို ပိုပြီးအထောက်အပံံဖြစ်စေပါတယ်။ အင်အတွက် အလွန်ပဲ အကျိုးဖြစ်စေပါတယ်။ မှိုဆေးညနေဆိုတာ ရောဂါသတ်ဆေးမည်သည် ဘယ်ဆေးမဆို အပင်ကို ထိခိုက်စေပါတယ်၊ ဥပမာဆိုရင် လူတွေနှုံးသလို အပင်ဖြစ်တတ်ပါတယ်။ ညနေဆိုရင် အပင် နားချိန်အများကြီးရပြီး အပင်အတွက်အရမ်းကောင်းပါတယ်။ စုပ်စားပိုးကတော့ အပူချိန်နဲ့အတူ လိင်ရှိရှိမရှိတနာရီ တကောင်ဖွားပါတယ်။ အပူရှိန်ပြင်းလာရင် စုပ်စားပိုးက အချိုရည်အရမ်းထွက်ပါတယ်။ အဲ့အရည်က အရမ်းအပင်ကိုလောင်စေပါတယ်။ အဲလိုမဖြစ်အောင် မနက်ပိုင်ဖျန်းတာပိုအဆင်ပြေပါတယ်။ လိပ်ပြာဖလံအုပ်စုက ညနေနဲ့ညဖက်တွေမှာ ပိုမြူးပါတယ်။ မိတ်လိုက်​ြခ​​​င်း၊ အစာရှာခြင်း၊ ဥ ဥခြင်းတွေ ပိုလုပ်ပါတယ်။ နေခင်းဘက်ဆို များ​ သောအားဖြင့် အနားယူတတ်လို့ ညနေ့ဖက်ဆေးဖျန်းရင် ပိုပြီးထိရောက်စေလို့ပါ။ အပေါ်ကဆရာပြောသလို အီမာမက်တင်နဲ့ အာဘာမက်တင်က ပဋိဇီဝဆေး အုပ်စုအတူတူဖြစ်ပါတယ်။ ရောဖျန်းလို့ရပေ့မယ်။ ရေနဲရေနဲ့ရောသလိုပဲဖစ်မှာပါ။ လှေးနဲ့ ပွင့်ထွေးဆိုရင် ပရုိဖီနိုဖော့စ်နဲ့ သာယာမီသောက်ဆမ် ၊ အီမာမက်တင်နဲ့သာယာမီသောက်ဆမ်၊ ပရုိဖီနိုဖော့နဲ့ဖစ်ပရိုနေး ၊ အာဘာမက်တင်နဲ့ ဖစ်ပရိုနေးအစရှိတာတွေဖျန်းလိုရပါတယ်ခင်ဗျ။ ကျေးဇူးပါ

အတည်ပြုပြီး 93,756 လွန်ခဲ့သော ၄ နှစ် က

လှေးနဲ့ ပွင့်ထွေးအတွက်ဆို အီမာမက်တင်နဲ့ သိုင်ရာမီသောင်ဇင် ကို သုံးစေချင်တယ် အီမာမက်တင်နဲ အဘာမက်တင်သည် ဆေးအုပ်စု တခုတည်းပါ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။