အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
464
လွန်ခဲ့သော ၄ နှစ် က · ကလော

ပိန်းပန်း ကို စီးပွားဖြစ်စိုက်ဖို့အတွက် ပြင်ဆင်ရမယ့်အချက်တွေနဲ့ 60'x80' မြေကွက်လွတ် အတွက် ခန့်မှန်းခြေအချက်အ...

ပိန်းပန်း ကို စီးပွားဖြစ်စိုက်ဖို့အတွက် ပြင်ဆင်ရမယ့်အချက်တွေနဲ့ 60'x80' မြေကွက်လွတ် အတွက် ခန့်မှန်းခြေအချက်အလက်များသိချင်ပါတယ်ဗျ။ စိုက်ပျိုးရရှိသော ပိန်းပန်းများကို ရောင်းချခြင်းအထိ သိရှိနားလည်လိုပါသဖြင့် လက်ရှိစီးပွားဖြစ်လုပ်ကိုင်လျက်ရှိသော မောင်နှမများနှင့် ပညာရှင်များမှ အကြံပေးကြဖို့တောင်းဆိုချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။

စိုက်ပျိုးစီးပွား ပိန်းပန်း
9

ဖြေကြားချက် ၉ ခု

260,000 လွန်ခဲ့သော ၄ နှစ် က

သဘာဝအားဆေးတွေနဲ့ စိုက်ပျိုးနည်း ဖြစ်ပါတယ်ခင်ဗျာ။ အော်ဂဲနစ် မစိုက်ချင်ဘူးဆိုရင် ဗိုက်တာမင်B1 နဲ့ ဘာ့ပလပ်၂ပြားကို ရေ ၁ဂါလံ၌ ရောပြီး ဖျန်းပေးနိုင်ပါတယ်ခင်ဗျာ။

464 လွန်ခဲ့သော ၄ နှစ် က

ကျေးဇူးပါဗျာ။ အရမ်းအထောက်အကူဖြစ်ပါတယ်။

260,000 လွန်ခဲ့သော ၄ နှစ် က
260,000 လွန်ခဲ့သော ၄ နှစ် က

ကြက်ဥဂျူလင်စီပြုလုပ်နည်း သဘာဝအားဆေးတစ်မျိုးဖြစ်တဲ့ ကြက်ဥဂျူလင်စီကို ပါဝင်ပစ္စည်းသုံးမျိုးထဲနဲ့ပြုလုပ်ကြပါမယ်။ - ကြက်ဥ - စိမ်းစားငပိ - ဟင်းချိုမှုန့် ကြက်ဥတစ်လုံးကို ပန်းကန်လုံးတစ်လုံးထဲ ဖောက်ထည့်ပြီးအခွံပါချေထည့်ပါ။ စိမ်းစားငပိ ဟင်းစားဇွန်း (၁) ဇွန်း၊ ဟင်းချိုမှုန့် (၁) ဇွန်းထည့်၍ နှံ့အောင်မွှေပါ။ မွှေပြီးသားများကို ရေ (၁) လီတာဗူးတစ်ဗူးမှာ တစ်ဇွန်းထည့်ပြီး ရေထည့်ပါ။ ကြက်ဥတစ်လုံးနှုန်းထားဆိုရင် ရေဗူး (၇) ဗူးလောက်ရတယ်လို့ သိရပါတယ်။ ရေအပြည့်ရောရမှာပါနော်။ နောက် နေပူထဲမှာထားပြီး နေ့စဉ် ဆေးဗူးကိုလှုပ်ပေးပါ။ နေရောင်ခြည်ရရှိမှုပေါ်မူတည်ပြီး ရက် (၃၀-၄၀) လောက်နေရင် အနီရောင်သို့ပြောင်းလဲပြီး ဆေးရည်အဖြစ်ပြောင်းလဲပြီး သုံးစွဲနိုင်ပါပြီ။ အနီရောင်ရှိတဲ့အဏုဇီဝအားဆေးဖြစ်တဲ့ ကြက်ဥဂျူလင်စီကိုဆိုရင် အပင်ကြီးထွားချိန်နဲ့ အသီးတင်ချိန်တွေမှာလည်းသုံးနိုင်ပါတယ်။ ကြက်ဥမှာ ကယ်လစီယမ်ဓာတ်ပါဝင်တဲ့အတွက် ပိုးမွှားရောဂါဖြစ်ပွားမှုကိုလည်း ကာကွယ်ထိန်းချုပ်နိုင်ပါတယ်။ မြေကြီးကိုဆိုရင် ဆေးဖြန်းပုံး လီတာ၂၀ ကို ၂၀၀ စီစီ ထည့်ပါ။ အပင်အသီးအပွင့်တွက်ဆိုရင် ၂၀ လီတာကို ၂၀ စီစီထည့်ပါ။ မြေသြဇာပြုလုပ်တဲ့နေရာမှာလည်း ကြက်ဥဂျူလင်စီကိုထည့်သွင်းအသုံးပြုကြပါတယ်။

260,000 လွန်ခဲ့သော ၄ နှစ် က

သဘာဝအားဆေးပါခင်ဗျာ။ ငါးအမိုင်နိုကတော့ ဆိုင်၌အလွယ်ဝယ်နိုင်ပါတယ်။ ကြက်ဥဟော်မုန်း၊ ကြက်ဥဂျူလင်စီကတော့ လုပ်ရောင်းသူနည်းပါတယ်။ မိမိဘာသာလုပ်နိုင်ပါတယ်ခင်ဗျာ။

464 လွန်ခဲ့သော ၄ နှစ် က

အဲ့ဒါတွေက ဆိုင်မှာဝယ်ရတာလား။ ကိုယ်တိုင်လုပ်ရတာလားခင်ဗျ။

260,000 လွန်ခဲ့သော ၄ နှစ် က

ကြက်ဥဟော်မုန်းက အပွင့်ကိုအားပေးတယ်၊ ကြီးစေတယ်။ ကြက်ဥဂျူလင်စီက အရောင်ကိုတောက်ပစေတယ်၊ ငါးအမိုင်နိုက ရွက်စားပိုးတော်တော်များများကို ကာကွယ်ပေးတယ်၊ သားတက်များစေတယ် အရွက်အားကောင်းပါတယ်ခင်ဗျာ။

464 လွန်ခဲ့သော ၄ နှစ် က

ကျေးဇူးပါခင်ဗျ။ ပြောပြထားတဲ့ဖြန်းရမယ့်ဆေးတွေကိုသိပ်နားမလည်လို့ နည်းနည်း‌ထပ်ရှင်း‌ပြပေးပါအုံးခင်ဗျ။

260,000 လွန်ခဲ့သော ၄ နှစ် က

စီပွားဖြစ်စိုက်လိုတယ်ဆိုရင်တော့ ဘောင်နဲ့စိုက်စေလိုပါတယ်ခင်ဗျာ။ ၃ပေ အကျယ်၊ အလျား ၃၀ပေခန့် ဘောင်လုပ်ပြီး တြိဂံပုံစံ ၂တန်းစိုက်ပါ။ ၁.၅ပေ (သို့)၂ပေ ခန့်ခြားစိုက်ပါ။ တစ်ဘောင်နဲ့တစ်ဘောင် လူသွားလမ်း ၁.၅ပေခန့်ခြားပါ။ ၽြြေပြင်ချိန် 60'x80' မြေကွက်လွတ် အတွက် နွားချေး တင်း၅၉ခန့် ထည့်ပါ။ ၃-၇ရက်တစ်ခါ ကြက်ဥဟော်မုန်း၊ ကြက်ဥဂျူလင်စီ ငါးအမိုင်နိုဖြန်းပါ။60'x80' မြေကွက်လွတ် အတွက် ဘောင် ၄၀ခန့်ရပါမည်။ ၁ဘောင်ကိုအပင်၁.၅ပေခြားရင် အပင်၄၀၊ ၂ပေခြားရင် အပင် ၃၀ခန့်ရပါမည်ခင်ဗျာ။

You

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။