အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
JJ
JJ
လွန်ခဲ့သော ၄ နှစ် က · မုံရွာ

အခုရာသီမှာငှက်ပျောစိုက်လို့ရလားခင်ဗျ တစ်ခါမှမစိုက်ဘူးလို့ စပီးစမ်းစိုက်ချင်လို့ပါ မြေကတစ်ဧကလောက်ရှိပါတယ်မုံရွာမြို့ကပါ ကျေးဇူးပြု၍ဖြေပေးပါဗျ

စိုက်ပျိုး ဗဟုသုတ ငှက်ပျော
Post image

ဖြေကြားချက် ၄ ခု

ဦးတင်ထွန်း
ဦးတင်ထွန်း 1,337 လွန်ခဲ့သော ၄ နှစ် က

castor meal ခေါ်ကြက်ဆူနဘတ်သုံးရင်ကောင်းပါတယ် နိုက်တြိုဂျင်ကြွယ်ဝပြီး မြေ​​ ​​အောင်း ပိုးနဲ့မှိုပိုးတွေကိုနှိမ်နင်းနိုင်တဲ့အာနိသင်ပါရှိတဲ့အတွက်ငှက်ပျောပင်စိုက်ခင်းအောင်မြင်ပြီး အကျိုးအမြတ်ရရှိစေနိုင်ပါတယ်

Agriculturalist K.S
Agriculturalist K.S 260,026 လွန်ခဲ့သော ၄ နှစ် က

ငပျောက နိုက်ထရုဂျင်ချို့တည့်တဲ့အပင်ဖြစ်ပြီး အပင်ပတ်လည် ပဲတစ်မျိုးမျိုးစိုက်ပေးပါ။

Agriculturalist K.S
Agriculturalist K.S 260,026 လွန်ခဲ့သော ၄ နှစ် က

မေးတော့ မမေးထားပါဘူး။ ဒါပေမဲ့ တစ်ခါမ မစိုက်ဘူးဘူးဆိုလို့ အကြံပြုချင်ပါတယ်။ ငပျောက ၁တောင်လောက် အနက် စိုက်ရင် ပင်ပွားအထွက်နည်းပါတယ်။ အနက်ကြီးမစိုက်ဘူးဆိုရင် ပင်ပွားအထွက်မြန်ပါတယ်။ မိမိစိုက်မဲ့ အကွာဝေးပေါ်မူတည်ပြီး စိုက်နိုင်ပါတယ်။

Agriculturalist K.S
Agriculturalist K.S 260,026 လွန်ခဲ့သော ၄ နှစ် က

ယခုချိန် စိုက်နိုင်ပါတယ်ခင်ဗျာ။ မတ်လတွင် အများအားဖြင့် စိုက်ပျိုးကြပါတယ်ခင်ဗျာ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။