အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
642
လွန်ခဲ့သော ၄ နှစ် က · ဆားလင်းကြီး

ခရမ်းပင်အတွက် လိုအပ်သော မြေဩဇာကြွေးနည်းနှင့် ဆေးသုံးစွဲမှုနစည်းစနစ်နှင့် အပင်ပြုစုပြိုးထောင်နည်း အခုလက်ရှိ ပု...

ခရမ်းပင်အတွက် လိုအပ်သော မြေဩဇာကြွေးနည်းနှင့် ဆေးသုံးစွဲမှုနစည်းစနစ်နှင့် အပင်ပြုစုပြိုးထောင်နည်း အခုလက်ရှိ ပုလဲမြေဩဇာ နှင့်အာမိုကို ၁၀စီစီ ချင့်ခွက်နှင့် ပထမ လက်၅လုံးအကွာမှာမြေမြှုပ်ကြွေးထားပါတယ်ဗျ ဟုတ် အခု မြေမမြှုပ်ပဲ ပင်ခြေအနည်းငယ်အကွာမှာပုံပြီး မြေကိုဘောင်ဖုံးပြီး ရေသွင်းနေပါတယ်ဗျ ဟုတ် အဒါ အဆင်ပြေမပြေလဲသိချင်ပါတယ်ဗျ ဟုတ် မြေအနေထားကတော့ ချဥ့္နဲနဲစန်ပါတယ်ဗျ ပြီးတော့ ပဲလွမ်းပဲတောင့်ရှည်တိုင်ထောင်ကိုရော အခုရာသီမှာစိုက်သင့်မစိုက်သင့် သိပါရစေဗျ ဟုတ် လမ်းညွှန်ထားတဲ့နည်းစနစ်တွေလဲ ဖတ်ထားပါတယ်ဗျ ပိုပြီးတော့သေချာချင်လို့ပါဗျ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ကပါဗျ ကျေးဇူးပြုပြီ ဖြေကြားပေးစေချင်ပါဆယ်ဗျ စိတ်ချမ်းသာလို့ ကိုယ် ကျန်းမာကြပါစေ ကျေးဇူးပါဗျ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၉၀ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
တစ်ပင်လုံး
ရာသီဥတု (တစ်ပတ်အတွင်း)
လေတိုက်
အပင်အာဟာရ ခရမ်းသီး
Post image

ဖြေကြားချက် ၄ ခု

642 လွန်ခဲ့သော ၄ နှစ် က

ကျေးဇူးပါဗျ

260,000 လွန်ခဲ့သော ၄ နှစ် က

အပင်ခြေကို မြေဆွပြီး ပြာ၊ နောက်ချေးတို့ ထည့်ပေးပါခင်ဗျာ။ ကြက်ချေးဆို ပိုကောင်းပါတယ်။ အပင်ခြကို ကောက်ရိုး၊ ဝါးရွက်တို့နဲ့ မြေငွေ့ဖုံးပေးပါ။ ပြီးတော့ အသီးစလိုက်တာနဲ့ အပင်ခြေက မကောင်းတဲ့ (ဝါပြီးခြောက်နေတဲ့) အရွက်တွေကို ဖြတ်ပေးပါခင်ဗျာ။ ပဲလွမ်းအား ဇွန် မှအောက်တိုဘာအတွင်း မည်သည့် အချိန်မဆို စိုက်ပျိုးနိုင်သည်။ စိုက်ပျိုးရန် လွယ်ကူသည့် သီးနှံဖြစ်ပြီး အေးမြခြောက်သွေ့သော ရာသီကို ကြိုက်နှစ်သက်သည်။ မိုးလယ်တွင် မြေပဲ၊ နေကြာတို့ဖြင့် သီးညှပ် သို့မဟုတ် သီးထပ်အဖြစ် စိုက်ပျိုးနိုင်ပါသည်။ တိုင်ထောင်ပဲကတော့ ရာသီမ၇ွေးစိုက်နိုင်တဲ့ မျီုးတွေ ပေါ်ထွက်နေပါပြီခင်ဗျာ။ အဆင်ပြေပါစေ။

642 လွန်ခဲ့သော ၄ နှစ် က

ဟုတ်ကဲ့ပါဗျ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးပါဗျ နောက်လည်း မသိတာလေးတွေ မေးပါဦးမယ်ဗျ

အတည်ပြုပြီး 33,915 လွန်ခဲ့သော ၄ နှစ် က

မြေသြဇာ​ကျွေးနည်းစနစ်မှန်ကန်​ကောင်းမွန်ပါတယ်ခင်ဗျ။ ဆားလင်းကြဒေသ၊ရေ​မြေရာသီဥတုအရ၊ဖေ​ဖော်ဝါရီလနောက်ပိုင်း၊အပူချိန်မြင့်လာရင်၊အစိုဓါတ်အဆုတ် မြန်တတ်ပါတယ်ဒါ​ကြောင့်အပင်​ခြေကိုကောက်ရိုး၊ဖုံးတဲ့စနစ် စိုက်သင့်ပါတယ်။ နွေပဲ စိုက်ဖို့အကြံ​ပေးရရင်..တိုင်​ထောင်ပဲဖြစ်​စေ မည်သည့်ပဲမဆို..အ​အေးဓါတ်ကုန်ချိန်(မတ်လ ၂-ဝန်းကျင်​နောက်ပိုင်း)စတင်စိုက်သင့်ပါတယ်။ဒါထက်​စောရင် အပင်ဖြစ်ထွန်းမှုနှေးတတ်ပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။