အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
174
လွန်ခဲ့သော ၄ နှစ် က · သာကေတ

ကျွန်းသစ်ကို အခုမှ စပြီး စိုက်ပျိုးချင်လို့ပါ ခင်ဗျာ , တစ်ပိုင် တစ်နိုင် စိုက်ပျိုးလျှင် သစ်​တောဌာန၏ ခွင့်ပြု​...

ကျွန်းသစ်ကို အခုမှ စပြီး စိုက်ပျိုးချင်လို့ပါ ခင်ဗျာ , တစ်ပိုင် တစ်နိုင် စိုက်ပျိုးလျှင် သစ်​တောဌာန၏ ခွင့်ပြု​သော အ​ထောက်အထား စာရွက်စာတမ်း လိုအပ်ပါသလား ခင်ဗျာ , ၂ ဧက​လောက် စိုက်လျှင်​ရော သစ်​တောဌာနမှ ခွင့်ပြု​သော အ​ထောက်အထား စာရွက်စာတမ်း ဘယ်လို လုပ်ရပါသလဲ ဆရာများ ခင်ဗျ , ကျွန်​တော့်အား ကူညီပြီး ​ဖြေကြား​ပေး​စေချင်ပါတယ် ခင်ဗျာ ...ကျွန်​တော်က ဧရာဝတီတိုင်းဘက်ကပါ ခင်ဗျ ...

စိုက်ပျိုးစီးပွား သစ်မွှေး

ဖြေကြားချက် ၄ ခု

260,000 လွန်ခဲ့သော ၄ နှစ် က
ဤအဖြေဖြင့် ပြေလည်

စာရွက်စာတမ်း လိုအပ်ပါတယ်ခင်ဗျာ။ မိမိခြံဝန်းထဲမာ တစ်ပင်၊ နစ်ပင်စိုက်တာကလွဲလို့ပါ။ အသေးစိတ်ကို အောက်ပါလင့်လေးတွင် ဖတ်ကြည့်လိုက်ပါခင်ဗျာ။ ပုဂ္ဂလိကကျွန်းစိုက်ခင်း တည်ထောင်မည်ဆိုလျှင် အဆင်ပြပါစေ။

116 လွန်ခဲ့သော ၄ နှစ် က

မြေအမျိုးအစားက လယ်မြေ၊ ယာမြေ မဖြစ်ဖို့ လိုပါမည်။ မြေလွတ်မြေရိုင်းလုပ်ပိုင်ခွင့်မြေဖြစ်ပါက ရည်ရွယ်ချက်တွင် သစ်တောသစ်ပင်စိုက်ပျိုးရန် ဖြစ်ရပါမည်။ ဖော်ပြပါအချက်များအတိုင်းဖြစ်ပါက မြို့နယ်သစ်တောဦးစီးဌာနတွင် သစ်တောသစ်ပင် မှတ်ပုံတင်ခွင့် လျောက်ထားပါက လိုအပ်သောအချက်အလက်များ စိစစ်ပြီး မှတ်ပုံဆောင်ရွက်ပေးပါသည်။ ထုတ်ယူအသုံးပြုချိန်တွင် သစ်တောဦးစီးဌာနနှင့် ဆက်သွယ်သတင်းပို့၍ အသုံးပြုနိုင်ပါတယ်

260,000 လွန်ခဲ့သော ၄ နှစ် က

ဟုတ်ကဲ့ မြန့်မာ့ကျွန်းက အခြားနိုင်ငံထွက်ကျွန်းတွေထက် ပိုအရည်သွေးကောင်းလို့ ဈေးကွက်ကို မပူပါနဲ့ ပြီးတော့ နောင်ဖြစ်လာမဲ့ ကျွန်းတစ်တန်ဈေးက ခက်မန်းမရပါဘူးခင်ဗျာ။ ရင်းနီးသင့်တဲ့ စီးပွားရေးလုပ်ငန်းပါခင်ဗျာ။ အဆင်ပြေပါစေ။

174 လွန်ခဲ့သော ၄ နှစ် က

​ကျေးဇူးတင်ပါတယ် ခင်ဗျာ ...လင့်ကို ​​လေ့လာကြည့်ပါ့မယ်ဗျ ...

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။