ဖြေကြားချက် ၄ ခု
တစ်နိုင်တစ်ပိုင် မိမိခြံက ပန်းပင်အတွက်ဖြစ်စေ၊ အိမ်စား အသီးပင်တွက်ဖြစ်စေ မြေဆွေးပုံ သေးသေးလေးပဲ လုပ်ချင်တာဆိုရင်တော့ သစ်ရွက်ခြောက်တွေနဲ့အတူ မိမိပတ်ဝန်းကျင်က သဘာဝပစ္စည်းတွေ၊ အိမ်က စွန့်ပစ်ပစ္စည်းတွေ အချိုးမရိ ထည့်နိုင်ပါတယ်ခင်ဗျာ။ ဥပမာ လက်ဖက်ရည်ဆိုင်နဲ့ နီးရင် ကျဖက်၊ ကြံရည်ဆိုင်နဲ့နီးရင် ကြိပ်ဖက်၊ ကော်ပြန့်ကျော်ဆိုင်နဲ့နီးရင် ငပျောခွံ၊ အုန်းသီးနဲ့လုပ်တဲ့မုန့်ဆိုင်ဆိုရင် ခြစ်ဖက် စသည်ဖြင့် ရင်းနီးရာ တောင်းနိုင်ပါတယ်ခင်ဗျာ။ မိမိအိမ်ထွက် အသီးအရွက်အပိုင်းစတွေ၊ ငါးခေါင်း၊ ကြေးခွံ၊ ကြက်ဥခွံ စသည်ဖြင့်အကုန်ထခည့်နိုင်ပါတယ်ခင်ဗျာ။ ဒါဆို NPKအချိုးအတိအကျ မသိပေမဲ့ ပိုပြီး အာနိသင်ကောင်းတဲ့ မြေဆွေးပုံကိုရမာပါခင်ဗျာ။ အဆင်ပြေပါစေ။
သစ်ရွက်ခြောက်တွေနဲ့ မြေဆွေးပြုလုပ်ရာတွင် သူ့ချည်းသက်သက် တိရိစ္ဆာန်ချေးတွေ မပါပဲ အလွယ်ကူဆုံးလုပ်ချင်တယ်ဆိုရင်တော့ သစ်ရွက်ခြောက်တွေကို အရိပ်ရတဲ့တစ်နေရာ၌ ပုံပါ။ တိရိစ္ဆာန်ချေးထည့်နိုင်ရင်ပိုကောင်းပါတယ်ခင်ဗျာ။ ငါးအမိုင်နို (သို့) EM ဖြန်းပါ။ မလွယ်ရင်မဖြန်းလို့ ရပါတယ်ခင်ဗျာ။ မြေဆွေးပုံကို အလင်းမဖောက်နိုင်အောင်တစ်ခုခုနဲ့ အုပ်ထားပါ။ အပေါ်ကနေ သစ်တုံး ဝါး စသော အလေးတစ်ခုခု အုပ်ထားပါ။ နေ့စဥ်နေ့တိုင်း မိမိအိမ်ထွက် ဆန်ဆေးရည်နဲ့ ထမင်းရည် ဖြန်းပါ။ မိမိက တစ်နိုင်တစ်ပိုင်မဟုတ်ပဲ အကြီးအကျယ်လုပ်ချင်တာဆို စပုံထဲက ဖွဲနုထည့်ပေးပါခင်ဗျာ။ တိရိစ္ဆာန်စွန့်ပစ်ပစ္စည်းနဲ့ ငါးအမိုင်နို (သို့) EM ဖြန်းပေးရင် ၁လအတွင်းကောင်းစွာဆွေးမြေ့ပြီး ရိုးရိုးဆိုရင် ၁လခွဲကနေ ၂လအတွင်းကောင်းစွာဆွေးမြေ့မာပါခင်ဗျာ။ အဆင်ပြေပါစေ။
ကောက်ရိုး(သို့) ဗေဒါအခြေခံမြေဆွေးပုံခြင်း လင့်လေးထဲဝင်က႒ြည့်လိုက်ပါခင်ဗျာ။ ကောက်ရိုး၊ ဗေဒါအစား သစ်ရွက်ခြောက်ကို သုံးနိုင်ပါတယ်ခင်ဗျာ။
ဆက်စပ်မေးခွန်းများ
သဘာဝမြေသြဇာရည်မှာသုံးရတဲ့ နွားချေးက အခြောက်ကို သုံးရတာလား သိချင်ပါတယ်
ဖြေကြားချက် 3 ခု
ဗူးနှင့်ဖရုံ ဘာစိုက်ရမလဲဆရာ
ဖြေကြားချက် 2 ခု
ကျေးဇူးပြုပီးဖြေပေးကြပါဦးဆရာသမား အခုမှစစိုက်ဖူးတာမို့လို့ပါ ကျနော်ဘူး ပင်တေက အပင်လည်းသိပ်မတက်ဘူး အရွက်တေကလည်း...
ဖြေကြားချက် 3 ခု
စိုက်ပျိုးရေးအတွက် ဆင်ချေး အသုံးဝင်ပုံကိုပြောပြပါလားဗျ
ဖြေကြားချက် 6 ခု
ဟင်းသီးဟင်းရွက်ပင်တေ. အသီးဝင်ခါနီးရင် ထုံးပက် ပြာအုံ လို့ပြောကြတယ် ပြာနဲ့ထုံး ဘယ်အချိုးလောက် စပ်ပြီး တစ်ပင်ကို...
ဖြေကြားချက် 1 ခု