အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
3,756
လွန်ခဲ့သော ၄ နှစ် က · ကျုံပျော်

Orginal Em (OEM) EM 1 ကို ကိုယ်တိုင်ဖောင်စပ်လို့ရနိုင်ပါသလားခင်ဗျာ Page အမျိုးမျိုးမှာ လုပ်နည်းတွေလည်းတွေ့ရပါ...

Orginal Em (OEM) EM 1 ကို ကိုယ်တိုင်ဖောင်စပ်လို့ရနိုင်ပါသလားခင်ဗျာ Page အမျိုးမျိုးမှာ လုပ်နည်းတွေလည်းတွေ့ရပါတယ်။ ဘယ်အရာက တိကြမှန်ကန်နိုင်ပါသလည်းခင်ဗျာ။ လုပ်လို့ရနိုင်မယ်ဆို ပြု့လုပ်နည်းလေးကို အတိအကျသိခြင်ပါတယ်ခင်ဗျာ။ OEM လုပ်လို့မရဘူးဆိုရင်တောင် စိုက်ပျိုးရေးမှာ အသုံးပြု့လို့ရနိုင်မဲ့ EMလုပ်နည်းလေးသိပါရစေ ကျေးဇူးပြု့ပီး ဆရာများဖြေပေးကြပါခင်ဗျာ EMတွေရဲ့ အလုပ်လုပ်ပုံကိုလည်း ရှင်းပြပေးပါခင်ဗျာ။

ဖြေကြားချက် ၂ ခု

အတည်ပြုပြီး 33,915 လွန်ခဲ့သော ၄ နှစ် က

‌ အီးအမ်တွင်ပါဝင်သော အဓိကအကျိုးပြုအနုဇီဝသက်ရှိ (၅)အုပ်စုမှာ ‌ (1)Lactic acid bacteria ‌ လက်တစ်အက်ဆစ်ဘက်တီးရီးယား ‌ (Lactobacillus Spp.) ‌ (2)Phototrophic bacteria ‌ အလင်းမှီအစာချက်ဘက်တီးရီးယား ‌ (Rhodopseudomonas Spp.) ‌ (3)Yeasts ‌ တဆေး ‌ (Saccharomyces Spp.) ‌ ‌ ယခင်က EMတွင် အထက်ပါအုပ်စု (၃)စုကိုအဓိကထားပြုလုပ်ကြသော်လည်း ယခုအခါ- ‌ (4)Antinomycetes အမ်တီနိုမိုင်စီးတီး (5)Fermenting fungi အချဉ်ဖောက်မှို ဆိုသည့် ‌ အကျိုးပြုအနုဇီဝသက်ရှိနှစ်မျိုးကို အဓိကအုပ်စုကြီးထဲတွင် ထည့်သွင်းပြုလုပ်လာကြကြောင်းတွေ့ရပါသည်။ ‌ ၁။လက်တစ်အက်ဆစ်ဘက်တီးရီးယား (LAB) Lactic acid bacteria(Lactobacillus Spp.) ^^^^^^^^^^^^^^^^^^^^^^^^^^^^^^ ဟူသည် အပင်အတွက် အန္တာရာယ်ဖြစ်စေနိုင်သော အနုဇီဝသက်ရှိများ၏ရန်ကို ကာကွယ်နှိမ်နှင်းပေးနိုင်သည့် လက်တစ်အက်ဆစ်ကို ထုတ်လုပ်ပေးနိုင်သည့် အကျိုးပြုအဏုဇီဝသက်ရှိတစ်မျိုးဖြစ်ပါသည်။ထို့အပြင် အော်ဂဲနစ်ပစ္စည်းများကို အချဉ်ဖောက်ခြင်းဖြစ်စဉ်ဖြင့် အချိန်တိုအတွင်း လျှင်မြန်စွာ ဆွေးမြေ့စေနိုင်ပြီး အာဟာရကြွယ်ဝသောအပင်၏အမြစ်မှ တိုက်ရိုက်စုပ်ယူစားသုံးနိုင်သို့ ဟူမစ်အဖြစ်သို့ပြောင်းလဲပေးနိုင်ပါသည်။ လက်တစ်အက်ဆစ်ဘက်တီးရီးယားပြုလုပ်ပုံ ------------------------------------------------ -ပထမဦးစွာ ရိုးရိုးရေ၂၀၀စီစီကို နွေးရုံ အပူပေးပါ။ - ဆန်ကြမ်းအနည်းငယ်ကို ရေနွေးဖြင့် ဆေးကြောပြီး ၁လီတာဘူးထဲထည့်ပါ။(ဆန်၁ဆ ရေ၂ဆ) ဆန်ဆေးရာတွင် သန့်ရှင်းသောလက်ဖြင့်ဆေးကြောဖို့လိုပါသည်။လက်အိပ်အသုံးပြုဖို့အဆင်ပြေပါက သုံးပါ။ - နေရောင်ခြည်တိုက်ရိုက်မရသောနေရာတွင်ထားပါ။ -၅ရက်မှ ၇ရက်ကြာသောအခါ ဘူးထဲတွင် အလွှာ၃လွှာပေါ်လာလိမ့်မည်။ :ပထမအလွှာမှာ မှိုလေးတွေမြင်နေပေလိမ့်မည်။ :ဒုတိယအလွှာမှာ ကျွန်တော်တို့လိုချင်သော လက်တစ်အက်ဆစ်ဘက်တီးရီးယားများစွာ ပါဝင်သည့်အလွှာဖြစ်သည်။ :တတိယအလွှာမှာ အနည်တွေဖြစ်သည်။ -EMပြုလုပ်ရန် လက်တစ်အက်ဆစ်ဘက်တီးရီးယားများပါဝင်သည့် အလယ်လွှာကို ဆေးထိုးအပ်ဖြင့် စုပ်ယူပြီး ပုလင်းအလွတ်ထဲ ထည့်ထားပါ။ဆေးထိုးအပ်မရနိုင်ပါက စကာဖြင့် စစ်ယူနိုင်ပါသည်။ -ရလာသော အချဉ်ဖောက်ထားသည့် ဆန်ဆေးရည်ကို နွားနို့ ၂လီတာဖြင့် ရောပါ။(ရောရမည့်အဆက ဆန်ဆေးအချဉ်ဖောက်ရည်၁ဆ နွားနို့၁၀ဆဖြစ်ပါသည်) -၂လီတာကျော်ကျော်ဝင်ဘူးထဲထည့်ပြီး ဘူးအဖုံးတွင် ခဲတံလုံးပတ်အရွယ်ခန့် အပေါက်ဖောက်ပါ။အဖုံးပိတ်ပြီး အဖုံးတွင် ဘူဖောင်းစွပ်ပေးပါ။ယင်းဘူဘောင်းတွင် ပင်အပ်အရွယ်ခန့် အပေါက်သေးသေးလေးတစ်ပေါက်ဖောက်ပေးထါးပါ။(အချဉ်ဖောက်ဖြစ်စဉ်ဖြစ်သည့်အခါ ဘူးထဲက လေသာ အပြင်ကိုထွက်နိုင်ပြီး အပြင်ကလေ ဘူးထဲမဝင်နိုင်စေရန်) -နေရောင်ခြည်တိုက်ရိုက်မရသော နေရာတွင် ထားပါ။ -၅ရက်မှ ၇ရက်ခန့်ကြာသောအခါ အလွှာနှစ်လွှာကွဲလာပါလိမ့်မည်။ :ပထမအလွှာတွင် ကာဘွန်ဟိုက်ဒရိုတ်တွေပါဝင်တဲ့ မလှိုင်လိုအလွှာဖစ်ပေါ်လာမည်။ :ဒုတိယအလွှာမှာ လက်တစ်အက်ဆစ်ဘက်တီးရီးယားနှင့်အခြားအကျိုးပြုအနုဇီဝများပါဝင်သော အလွှာဖြစ်သည်။ -လက်တစ်အက်ဆစ်ဘက်တီးရီးယားများပါဝင်သော အလွှာကို ဆေးထိုးအပ်ဖြင့် ထုတ်ယူပြီး ဘူးအလွတ်ထဲ စုထားပါ။ဆေးထိုးအပ်မရနိုင်ပါက ဇကာဖြင့် စစ်ယူပါ။ -အေးသောနေရာတွင် သိမ်းထားပါ။ ၂။အလင်းမှီအစာချက်ဘက်တီးရီးယား(Pb) Photosynthetic or Phototrophic Bacteria (Rhodopseudomonas Spp) ------------------------------------------------ ဟူသည် အီးအမ်(EM)ထဲတွင် အရေးပါဆုံးသော စိုက်ပျိုးရေးကဏ္ဍအတွက်သာမက မွေးမြူရေးကဏ္ဍ၊ရေမြေပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍနှင့် အာဟာရပြည့်ဝသော စားသုံးကုန်ထုတ်လုပ်ရေးကဏ္ဍတို့တွင် တွင်ကျယ်စွာအသုံးပြုလျက်ရှိသည့် အကျိုးပြုဘက်တီးရီးယားတစ်မျိုးဖြစ်ပါသည်။ထိုဘက်တီးရီးယားတို့သည် ကမ္ဘဦးအစကတည်းက လူတွေအသက်ရှူရပ်တည်မနေနိုင်သော အောက်စီဂျင်၂၁ရာခိုင်နှုန်းထက်နည်းတဲ့အချိန်ကတည်းကပင် အသက်ရှိလျှက် ရှိနေခဲ့ပြီးဖြစ်ပါသည်။ထိုင်အပြင် သူတို့တွင် အပင်အတွက် အန္တာရာယ်ဖြစ်စေနိုင်သော ဓာတ်ငွေ့ (Gas)များကို ပြိုကွဲစေနိုင်ပြီး အမိုးနီးယားနှင့် ဟိုက်ဒရိုဂျင်ဆာလဖိုက်ကို အမိုင်နိုအဖြစ် ပြောင်းလဲပေးနိုင်ကာ အပင်၊အသီး၊အပွင့်များကို ကြီးထွားဖွံ့ဖြိုး၍ အထွက်နှုန်းတိုးစေပါသည်။ဂျပန်နိုင်ငံတွင် ထိုဘက်တီးရီးယားကို ဇီဝမြေသြဇာအဖြစ် စတင်သုံးစွဲခဲ့ရာ အထွက်နှုန်း ၃၀%တိုးတက်လာကြောင်းတွေ့ရပါသည်။ထိုဘက်တီးရီးယားတို့သည် နေရောင်ခြည်မှ ကာဗွန်ဖြင့် စွမ်းအင်ပြုလုပ်နိုင်ပြီး လေထဲက နိုင်ထရိုဂျင်ဓာတ်ငွေ့ကို ဖမ်းယူကာ အပင်အတွက် ရရှိအောင် ဖန်တီးပေးနိုင်သော ပဲမစ်ဖုတွေထဲမှ ရိုင်ဇိုဘီရမ်ဘက်တီးယားတွေလို အစွမ်းသတ္တိရှိကြပါသည်။ထို့အပြင် အော်ဂဲနစ်ပစ္စည်းများကို ပြိုကွဲပျက်စီးစေနိုင်ပြီး အပင်အတွက် အာဟာဖြစ်စေကာ တိုက်ရိုက်စားသုံးနိုင်သော ဟူမစ်အဖြစ်သို့ ပြောင်းလဲပေးနိုင်ပါသေးသည်။ ပြုလုပ်နည်းလေးစပြောပြပါ့မယ် ခင်ဗျား..... လိုအပ်သော ပစ္စည်းများ ------------------------ ၁။ကြက်ဥတစ်လုံး (အခွံရော အသားပါ) ၂။၁၅၀၀စီစီဆံ့ ရေ ဘူးနှစ်လုံး ၃။အချိုမှုန့် တစ်ဇွန်း (ဟင်းခတ်ဇွန်း) ၄။ငံပြာရည် နှစ်ဇွန်း (ဟင်ခတ်ဇွန်း) ပြုလုပ်ပုံ ----------- -ကြက်ဥတစ်လုံးကို ပုကန်လုံးထဲသို့ အကာရော အနှစ်ရော ဖောက်ထည့်ပါ၊အခွံကိုကား ထောင်းချေပြီး ထည့်ပါ။ -အချို့မှုန့် တစ်ဇွန်းကို အပြည့်ယူ၍ထည့်ပါ။ -ငံပြာရည် နှစ်ဇွန်းကိုလည်း ရောထည့်ပါ။ ထို့နောက် အားလုံးကို သမသွားအောင် နာနာမွှေပေးပါ။ -ထိုအရောအနှာကို ရေဘူးတစ် ဘူးစီတွင် ၃-၄ဇွန်းခန့် ထည့်ပါ။ -ရေကို အပြည့်မထည့်ရပါ၊လေဟာနယ်ထားရပါမည်။ -ထို့နောက် ဘူးဖုံးကို တစ်ရစ် နှစ်ရစ်လောက် ချန်ကာ ပိတ်ပြီး သမသွားအောင် နာနာပြန်လှုပ်ပါ။ -နေရောင်ခြည်ဖြင့် အစာချက်တဲ့ အနုဇီဝပိုးဖြစ်တဲ့ အတွက် နေရောင်ခြည်ကောင်းကောင်းရတဲ့နေရာမှာ နေပူလှန်းပေးပါ။ -တစ်ရက်တစ်ခါ နှစ်ရက်တစ်ခါလောက် လှုပ်ခါပေးပါ။ နေရောင်ခြည်ကောင်းကောင်းမရပါက မအောင်မြင်နိုင်ပါ ။ကျွန်တော်ကတော့ လယ်ကွင်းပြင်မှာ လုပ်တယ်ဗျ။ ပုံမှန်အားဖြင်တော့ ၂၅ရက်လောက်ဆိုရင်တော့ စသုံးလို့ ရပါပြီ။သို့သော် အနီရောင်သို့ မပြောင်းပါက သုံးလို့ မရသေးပါ။ -နေရောင်ခြည်ရသောနေရာတွင် သိမ်းထားခြင်းက ပိုမိုကောင်းမွန်စေပါတယ်။ Fermenting fungiမွေးမြူပုံ ---------------------------- Fermenting fungiကို သီးရွက်စုံချဉ်ဖောက်ရည်မှ မွေးမြူရရှိနိုင်ပါသည်။ထိုသီးရွက်စုံချဉ်ဖောက်ရည်မှ ရရှိသော fermenting fungiများသာမက အခြားအကျိုးပအြဏုဇီဝများ၊အင်ဇိုင်းများနှင့် အာဟာရများမှာ အပင်များအတွက် အလွန်အဖိုးတန်အကျိုးရှိသော အရာများဖြစ်ပေသည်။ လိုအပ်သောပစ္စည်းများ --------------------------- ၁၊ငှက်ပျောသီးမှည့် ၃၀ကျပ်သား ၂၊ရွှေဖရုံသီးမှည့် ၃၀ကျပ်သား ၃၊သဘ်ောသီးမှည့် ၃၀ကျပ်သား ၄၊မုလာဥနီ ၃၀ကျပ်သား ၅၊အာလူး ၃၀ကျပ်သား ၆၊ဘိစပ်ရွက်နှင့်အပွင့်(နေ့မကူးခင်ခူးထားသောဘိစပ်) ၃၀ကျပ်သား ၇၊ကြက်ဥ. ၅ လုံး ၈၊ဖွဲနု ၃၀ကျပ်သား ၉၊တင်လဲရည် ၂ပိဿာ ၁၀၊ ၅ပိဿာဝင် အိုး ၁လုံး ပြုလုပ်ပုံ ---------------- -ငှက်ပျောသီးမှည့်၊ရွှေဖရုံသီးမှည့်၊သဘ်ောသီးမှည့်၊မုလာဥနီ၊အာလူး စသည်တို့ကို စုပြီး အတုံးသေးသေးလေးများရအောင် ဓားဖြင့် လှီးပါ။ဘီးစပ်ရွက်နှင့် အပွင့်များကို ဓားဖြင့် စဉ့်နှီးတုံးပေါ်တွင် စဉ်းပါ။ (စဉ့်ပြီးသားအရာများကို ရေမဆေးပါနှင့်) -ခုတ်စဉ်းပြီးသား အသီး၊အရွက်၊အပွင့်နှင့် ဖွဲနုတို့ကို ၅ပိဿာဝင် စဉ့်အိုးထဲ ထည့်ပါ။ -ကြက်ဥကို အကာရော အနှစ်ပါထည့်ပါ။အခွံလည်း ချေပြီး ထည့်ပါ။ - -စဉ့်အိုးထဲသို့တင်လဲရည်၂ပိဿာထည့်၍သမအောင်မွှေပါ။ -စဉ့်လေဟာနယ် အနည်းဆုံး၂၅ရာခိုင်နှုန်းလောက်ချန်ပေးပါ -အမယ်အားလုံး တင်လဲရည်ထဲတွင်မြုပ်နေရပါမည်။မမြုပ်သေးပါက ရေလေးနည်းနည်း ကူထည့်ပေးနိုင်ပါတယ်။ -ပလပ်စတစ်အကြည်ဖြင့် အပြင်မှ လေနှင့် ပိုးမွှားများ မဝင်နိုင်အောင်ဖုံးထားပေးပါ။ -စဉ့်အိုးကို နေရောင်ခြည်တိုက်ရိုက်မရသော နေရာတွင်ထား၍ ၄ရက်တစ်ခါလောက်မွှေပေးပါ။ -၂၅ရက်လောက်ထားပြီးရင် Fermenting fungiနှင့် အခြားအကျိုးပြုအဏုဇီဝများ၊အင်ဇိုင်းများ၊အာဟာရများပါဝင်သော သီးရွက်စုံအချဉ်ဖောက်ရည်ကိုရပါပြီ။ -၄င်းကို စကာ သို့မဟုတ် ပိတ်စပါးဖြင့် စစ်ယူ၍ ဘူးအလွတ် တစ်လုံးထဲ ထည့်ကာ အေး၍ခြောက်သွေ့သော နေရာတွင် သိမ်းထားပါ။ -ကျန်အဖတ်များကို မြေဆွေးပုံလုပ်ရာတွင် ပြန်လည်အသုံးပြုနိုင်ပါတယ် ခင်ဗျား Anitinomycetes၊trichodermaနှင့် အခြားအကျိုးပြုအဏုဇီဝများ မွေးမြူပုံ ------------------------------------------------ ခြသိုက်ထဲမှာ ခြချေး(fungus comb)ထဲတွင် အမ်တီနိုမိုင်စီးတီး၊ထရိုင်ကိုဓားမား၊ပရိုတိုဇိုဝါ၊မိုင်စီလီယမ် စသည့်အကျိုးပြုအဏုဇီဝများအပြင် အခြာအကျိုးပြုအဏုဇီဝပေါင်းများစွာနှင့် ကြွယ်ဝနေသော နေရာတစ်နေရာပင်ဖြစ်ပါသည်။ဒါကြောင့် အချို့နိုင်ငံများတွင် အီးအမ်မရနိုင်ပါက ခြချေးမှ ဇီဝဖျော်ရည်ပြုလုပ်ကာ အသုံးပြုလာကြကြောင်းတွေ့ရပါသည်။ ခြချေးမှ ဇီဝဖျော်ရည်ပြုလုပ်ပုံ ----------------------------------------- လိုအပ်သောပစ္စည်းများ ------------------------ -ခြချေး ၁ပိဿာ -ထမင်း၇၀ကျပ်သား -ဖွဲနု ၃၀ကျပ်သား -တင်လဲရည် ၃၀ကျပ်သား -ဇကာပိတ်စ ၁ပိုင်း -ကြိုး ၁ ချောင်း ပြုလုပ်ပုံ ------------------- - ခြချေး၊ထမင်း၊ဖွဲနု၊တင်လဲရည်တို့ကို သမအောင်နယ်ပါ။ -ဇကာပိတ်စပါးထဲထည့်ကာ ထုပ်ပြီး ကြိုးနဲ့စည်းရပါ။ -ထိုခြချေးထုပ်ကို အီးအမ်ဖျော်တဲ့အခါ ထည့်ပါမယ်။ အီးအမ်(EM)ဖျော်စပ်ပုံ ------------------------ ၁၊LAB. ၁လီတာ ၂၊PB. ၁လီတာ ၃၊Yeast တဆေး ၂ဇွန်း(ဟင်းခတ်ဇွန်း) ၄၊သီးရွက်စုံချဉ်ဖောက်ရည် ၁လီတာ ၅၊ခြချေးအဏုဇီဝထုပ် ၁ထုပ် ၆၊တင်လဲရည် ၄လီတာ ၇၊ရေ ၂၀လီတာ ၈၊လီတာ၅၀ဆန့် ပုံး၁ လုံး ပြုလုပ်ပုံ ------------------ -LAB၊PB၊တဆေး၊သီးရွက်စုံချဉ်ဖောက်ရည်၊တင်လဲရည်တို့ကို လီတာ၅၀ဆန့် ပုံးထဲထည့်ပါ။ -ရေ၂၀လီတာကို ထပ်ဖြည့်ထည့်ပါ။ -သမသွားအောင် သစ်သားယောက်မ တစ်ချောင်းဖြင့် မွှေပေးပါ -ခြချေးအဏုဇီဝထုပ်ကို ကြိုးဖြင့် ချည်ပြီး ထိုပုံးထဲသို့ နှစ်ချထားပါ။ -ထို့နောက် ပုံးကို အဖုံးအလုံပိတ်ပါ၊အဖုံးတွင် အထဲက လေသာ အပြင်ကိုထွက်နိုင်ပြီး အပြင်ကလေ အထဲသို့ အဝင်နိုင်ရန် တစ်ဖက်ပိတ် ဘားတစ်ခုကို စီစဉ်ပေးပါက ပိုမိုသင်တော်စေပါသည်။ -ထိုပုံးကို ၇-၁၀ရက်အကြားထားပါ။ -ပုံးထဲက ခြချေးအဏုဇီဝထုပ်ကို ဆွဲထုတ်ပြီး ၄င်းကို မြေဆွေးပုံပြုလုပ်ရာတွင် ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ -pH ၃.၅-၄အကြားရှိပြီဆိုရင် ကျွန်တော်တို့လိုချင်တဲ့ အီးအမ်အပြင်း (EM )အဆင့်ကိုရပါပြီ အသုံးပြုနိုင်သည့် အီးအမ်(EM)ဖျော်စပ်ပုံ ၁၊အီးအမ်အပြင်း ၁ဆ ၂၊တင်လဲရည် ၄ဆ ၃၊ရေ ၉၅ဆ သို့မဟုတ် ၁၊အီးအမ်အပြင်း ၁-၅ဆ ၂၊တင်လဲရည် ၁-၅ဆ ၃၊ရေ ၉၀ဆ -အားလုံးကို သမအောင် မွှေပါ -လေလုံပုံးတစ်ပုံးထဲ ထည့်ပါ -၃ရက်ပြည့်တဲ့အခါ အသုံးပြုလို့ရပါပြီ -၄င်းအီအမ်ဖျော်ရည်ကို ၇-၁၀ရက်အတွင်း ကုန်အောင်အသုံးပြုခြင်းသည် အကောင်းဆုံးပါ။ Credit Shwe Noe Khant

260,000 လွန်ခဲ့သော ၄ နှစ် က

ကိုယ်တိုင်ဖော်စပ်လို့ရနိုင်ပါတယ်ခင်ဗျာ။ ပြုလုပ်နည်းက အများကြီးပါခင်ဗျာ။ အချို့က အချိုသစ်သီး ၃ မျိုးကို ဖွဲနု၊ ကြက်ဥ စသည်တို့နဲ့ အချင်ဖောက်ကြတယ်။ အချို့က အုန်းစိမ်း ပဲငန်ပြာရည်၊ ဒိန်ချင်တို့နဲ့ အချင်ဖောက်ကြတယ်။ စသည်ဖြင့်အမျိုးမျိုးရိပါတယ်။ EM ဖြစ်တာ အတူတူပါပဲခင်ဗျာ။ ဒါပေမဲ့ အာနိသင်ကွာခြားမူ ရိပါတယ်ခင်ဗျာ။ အကျိုးကျေးဇူးများ မျိုးစေ့ကောင်းပြီး၊ အပင်ပေါက်နှုန်းကြီးထွားစေခြင်း၊ ပန်းပွင့်စောစေခြင်း၊ သီးနှံရင့်မှည့်မှု စောစေခြင်း။ - မြေဆီလွှာရှိ အကျိုးမပြုသည့် အဏုဇီဝများ မပေါက်ပွားအောင် ထိန်းချုပ်ပေးခြင်း။ - မြေဆီလွှာရှိ အကျိုးပြုသည့် အဏုဇီဝများ သီးနှံပင်မှ စုပ်ယူနိုင်ခြင်း။ - မြေအတွင်းရှိ အပင်အာဟာရဓာတ်များကို သီနှံပင်မှ စုပ်ယူနိုင်ခြင်း။ - အပင်၏ ခုခံအားကောင်းစေပြီး ရောဂါပိုးရောက်ခြင်းမှ ကာကွယ်ပေးခြင်း။ - မြေဆီလွှာကို ပြန်လည်ကောင်းမွန်စေပြီး၊ မြေဆီလွှာပြုပြင်ပေးခြင်း၊ ဇီဝအားကောင်းလာစေခြင်း။ - ကောက်ရိုးမြေဆွေးနည်းစနစ်မှာ အိုင်အီးအမ် အသုံးပြုခြင်းဖြင့် ဓာတုဓာတ် လျှော့ချပေးခြင်း။ - ကျန်းမာရေးအတွက် ဘေးကင်းလုံခြုံခြင်း။ - သဘာဝပတ်ဝန်းကျင် သန့်ရှင်းရေးမြှင့်တင်ပေးခြင်း၊ - အပုပ်အနံ့ဆိုးများ ကင်းပျောက်စေခြင်း။ - ရိတ်သိမ်းလွန် ထွက်ကုန်သီးနှံများ တာရှည်ခံခြင်း။ အီးအမ် အသုံးပြုပုံ - ကောက်ရိုးမြေဆွး ပြုလုပ်ရာတွင် အိုင်အီးအမ်က အညစ်အကြေးများကို ပုပ်သိုးလွယ်စေသောကြောင့် ၅ လမှ ၈ လထိ စောင့်နေစရာမလိုပဲ ၃ လ မှ ၄ လ အတွင်းသာ ကြာပါသည်။ - အိုင်အီးအမ် ၃ လီတာနှင့် ရေ ၉ လီတာရှိရုံဖြင့် အလွှာ ၆ လွှာရှိသည့် ကောက်ရိုးမြေဆွေးတစ်ခု ပြုလုပ်နိုင်ပါသည်။ - တီကျစ်စာမြေဆွေး လုပ်ဆောင်ရာတွင် အိုင်အီးအမ်ကို အသုံးပြုပါက ၄ လ၊ ၅ လထိ စောင့်နေစရာမလိုဘဲ သုံးလခွဲခန့်သာ ကြာပါသည်။ တီကျစ်စာလုပ်နေစဉ်အတွင်း အိုင်အီးအမ်ကို တီကျစ်စာကန်ထဲသို့ ရောထည့်ပြီး အသုံးပြုနိုင်ပါသည်။ - ရေရောပြီးသော အီးအမ် လီတာ ၆၀ (အီးအမ် ၁ ဆ + ရေအဆ ၃၀၀ ) ကို စပါးစိုက်မည့်လယ်ကွင်းကို ဖျန်းပေးခြင်းအားဖြင့် အပင်များကြီးထွားဖွံ့ဖြိုးစေသည်။ စပါးစိုက်ပျိုးရန်အတွက် အသုံးပြုမည့်လယ်ကွင်းတွင် လယ်ယာပြင်ဆင်မှု ပြုလုပ်နေစဉ် မြေတစ်ဧကလျှင် လီတာ ၂၀ လောင်းပေးရမည်။ စိုက်ပြီး (၂) ပတ်ကြာပြီနောက် မြေတစ်ဧကလျှင် လီတာ ၂၀ ထပ်လောင်းပေးပါ။ စပါးစိုက်ပြီး (၆) ပတ်အကြာမှာ နောက်တစ်ဧကလျှင် လီတာ ၂၀ လောင်းပေးပါ။ အစက်ချစနစ်ဖြင့်လည်း ပက်ဖျန်းနိုင်ပါသည်။ - အသီးအရွက်များအတွက် (အီအမ် ၁ ဆ + ရေ အဆ ၅၀၀) ရောပေးရပါမည်။ - မျိုးစေ့များကို ၂၄ နာရီအတွင်း ရေရောပြီးသား အီးအမ် (အီးအမ် ၁ ဆ + ရေအဆ ၁၀၀) ထဲတွင် စိမ်ခြင်းအားဖြင့် မျိုးစေ့များ သန်မာစေပြီး အပင်ပေါက်နှုန်းကြီးထွားစေသည်။ - မြေယာပြင်ဆင်မှုမပြုလုပ်ခင်မှာ မြေယာမျာကို ပက်ဖျန်းပေးခြင်းအားဖြင့် မလိုအပ်သည့် ပေါင်းပင်၊ မြက်ပင်များကို ထိန်းချုပ်ပေးနိုင်သည်။ အီးအမ်ဖျန်းပြီးနောက် နှစ်ပတ်သုံးပတ်ကြာလျှင် မြက်ပင်များ ပေါက်ပွားခြင်းမရှိတော့ပါ။ ထို့နောက် လယ်များ စတင်ထွန်ယက်နိုင်ပါပြီ။ - ဓာတုဓာတ်မပါဘဲ ပိုးကောင်များကို တွန်းလှန်ပေးခြင်း။ တိရိစ္ဆာန်မှထွက်လာသည့် ယင်ကောင်များ၊ ရွပိုးများနှင့် အခြားသော ဒုက္ခပေးနိုင်သည့်ပိုးမွှားများ လျှော့ချပေးခြင်း၊ ပိုးမွှားကပ်ခြင်းမှ ကာကွယ်ပေးခြင်း၊ စိုစွတ်သော စွန့်ပစ်ပစ္စည်းများကို ဖျန်းခြင်းဖြင့်လည်း အနံ့ဆိုးမျာကို ဖယ်ရှားပေးသည်။ အဆင်ပြေပါစေ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။